သင်၏ မေးခွန်းသည် မေးလေ့ရှိသော မေးခွန်းများစာရင်းတွင် ပါဝင်ပြီး ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ မေးလေ့ရှိသော မေးခွန်းများကို အပိုင်းများစွာ ခွဲခြမ်းထားပြီး သုံးစွဲသူများနှင့် မိတ်ဖက်များအတွက် လှုပ်ရှားမှုများရှုထောင့် ပေါင်းစုံအတွက် ပါဝင်ပါသည်။ ဒီနေရာမှာ သုံးစွဲသူ Cabinet, ဝင်ရောက်ခြင်း အချက်အလက်ကို ပြန်လည် ရယူခြင်း၊ အတည်ပြုခြင်း၊ ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်း၊ ဘောနပ်စ်များနှင့် ပြိုင်ပွဲများ၊ ဆက်စပ်မှု အစီအစဉ်များနှင့် ၎င်းတို့အတွက် စာရင်းသွင်းဝင်ရောက်ခြင်း အပြင် အခြားအဓိက နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်ပါသည်။
သင်၏ Client Profile ကိုဖန်တီးရန် ကျေးဇူးပြု၍ ဤနေရာကိုနှိပ်ပါ ကွက်လပ်အားလုံးကိုဖြည့်ပါ၊ ပေါ်လာသည့်အကြံပြုချက်များကိုဂရုပြုပါ။ သင့်အီးမေးလ်လိပ်စာကို ထည့်သွင်းပြီး အကောင့်ဝင်ရန်စာမျက်နှာ တွင် သင့် Client Profile သို့ လော့ဂ်အင်ဝင်ရန်အတွက် အသုံးပြုမည့် စကားဝှက်ကို သတ်မှတ်ပါ။ ထို့နောက် သင်ထည့်သွင်းထားသော အီးမေးလ်လိပ်စာသို့ ပေးပို့ထားသည့် အတည်ပြုကုဒ်ကို ရိုက်ထည့်ပါ။
LiteFinance ၏ ပေါ်လစီအရ သုံးစွဲသူတစ်ဦးလျင် ပရိုဖိုင်းတစ်ခုသာ ပြုလုပ်ခွင့်ရှိပါသည်။ သို့သော် သုံးစွဲသူတစ်ဦးလျင် ၎င်း၏ ပုဂ္ဂိုလ်ရေးပရိုဖိုင်းအောက်တွင် ကုန်သွယ်သူအကောင့် ၁၀ ကောင့်အထိ ပြုလုပ်ခွင့်ရှိပါသည်။ သုံးစွဲသူ၏ ပရိုဖိုင်းအောက်တွင် တစ်ပြိုင်နက်တည်း ထားရှိနိုင်သော ကုန်သွယ်သူအကောင့် အရေအတွက်မြှင့်တင်ရန် သုံးစွဲသူအထွေထွေ မေးမြန်းချက်ဌာနတွင် တောင်းဆိုနိုင်ပါသည်။
မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုသည့်စာရွက်စာတမ်းများတွင် တရားဝင်အစိုးရအေဂျင်စီမှထုတ်ပေးမည်ဖြစ်ပြီး သုံးစွဲသူ၏ဓာတ်ပုံပါရှိသည်။ ၎င်းသည် ပြည်တွင်း သို့မဟုတ် နိုင်ငံတကာပတ်စပို့ သို့မဟုတ် ယာဉ်မောင်းလိုင်စင်၏ ပထမစာမျက်နှာ ဖြစ်နိုင်သည်။ စာရွက်စာတမ်းသည် လျှောက်လွှာတင်သည့်နေ့မှ အနည်းဆုံး ၆ လအထိ သက်တမ်းရှိရမည်။ စာရွက်စာတမ်းတစ်ခုစီသည် တရားဝင်ရက်စွဲများကို သတ်မှတ်ပေးရမည်။
သင့်နေထိုင်ရာလိပ်စာကို အတည်ပြုသည့်စာရွက်စာတမ်းသည် နေထိုင်ရာလိပ်စာကိုဖော်ပြသော သင့်ပတ်စ်ပို့စာမျက်နှာဖြစ်နိုင်သည် (အထောက်အထားကိုအတည်ပြုရန် သင့်ပတ်စပို့၏ပထမစာမျက်နှာကိုအသုံးပြုပါက၊ စာမျက်နှာနှစ်ခုစလုံးတွင် အမှတ်စဉ်နံပါတ်ပါရှိရမည်)။ အမည်အပြည့်အစုံနှင့် လိပ်စာအမှန်ပါရှိသော အသုံးစရိတ်ဘေလ်ရှင်းတမ်းဖြင့် နေထိုင်သည့်လိပ်စာကို အတည်ပြုနိုင်သည်။ ၎င်းသည် သုံးလထက် ပိုမကြာရပါ။ လိပ်စာအထောက်အထားအဖြစ်၊ ကုမ္ပဏီသည် နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့အစည်းများထံမှ ဘေလ်များ၊ ကျမ်းကျိန်လွှာများ သို့မဟုတ် ဘဏ်ရှင်းတမ်းများကို လက်ခံသည် (မိုဘိုင်းလ်ဖုန်းဘေလ်များကို လက်မခံပါ)။
၎င်းတို့သည် jpg ၊ pdf သို့မဟုတ် png အဖြစ် တင်သွင်းထားသော မူရင်းဓာတ်ပုံများဖြစ်သင့်ပြီး ကြည့်ရလွယ်ကူစေရပါမည်။ အများဆုံးဖိုင်အရွယ်အစားမှာ 15 MB ဖြစ်သည်။
1. သင်၏ Client Profile တွင် သင့်ဖုန်းနံပါတ်ကို မှန်ကန်စွာ ထည့်သွင်းထားကြောင်း သေချာပါစေ။ မဟုတ်ပါက နံပါတ်အမှန်ကို ရိုက်ထည့်ပါ။
၂။ သင်၏ ကိုယ်ပိုင်ပရိုဖိုင်တွင် ဖုန်းနံပါတ်အား အတည်ပြုပြီးကြောင်း သေချာပါစေ။ အတည်မပြုရသေးပါက အတည်ပြုပါ။
၃။ ပြဿနာတစုံတရာ ရှိနေပါက၊ သင်၏ဖုန်းအား Restart ပြုလုပ်ပါ။
၄။ အကယ်၍ ပြဿနာရှိနေဆဲ ဖြစ်ပါက၊ သင်၏ တယ်လီဖုန်းလိုင်း ဝန်ဆောင်သူမှ အလိုအလျောက်ကုဒ်များအား ခွင့်မပြုခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါက ကျွနိုပ်တို့၏ အကူအညီအဖွဲ့သို့ Live Chatမှတဆင့် ဆက်သွယ်ပါ။ သင်၏ ဖုန်းနံပါတ်သို့ ကုဒ်ပါဝင်သော စာတိုအား လူကိုယ်တိုင် ပေးပို့ပေးပါမည်။
၅။ နောင်တွင် ကျွန်ုပ်တို့ ကုမ္ပဏီ၏ အလိုအလျောက်ပေးပို့သော စာတိုများကို လက်ခံနိုင်ရန်၊ သင်၏ တယ်လီဖုန်းအော်ပရေတာသို့ ဆက်သွယ်၍ အလိုအလျောက် ကုဒ်ပေးပို့မှုများအတွက် ခွင့်ပြုချက်တောင်းခံသင့်ပါသည်။
သတိပြုရန်။ ။သုံးစွဲသူများသို့ ပေးပို့သော sms အားလုံးမှာ အခမဲ့ဖြစ်သည်။
ပထမဦးစွာ ပင်မအကောင့် အဖြစ် သင်သတ်မှတ်ထားသော ကုန်သွယ်မှုအကောင့်ကို ငွေဖြည့်သွင်းရန် လိုအပ်ပါသည်။ Copy trading အတွက်အနည်းဆုံး ပမာဏကို သင်ရွေးချယ်ထားသော ကုန်သည်မှ သတ်မှတ်လေ့ရှိပြီး အနည်းဆုံး အပ်ငွေ $50 သည် မလုံလောက်နိုင်ကြောင်း သတိပြုပါ။
"Copy" သို့သွားပြီး စစ်ထုတ်နိုင်သည့် အချက်အလက်များကို အသုံးပြု၍ သင့်လိုအပ်ချက်များနှင့် ကိုက်ညီသော ကုန်သည်အုပ်စုကို သတ်မှတ်ပါ။ ၎င်းတို့၏ ကုန်သွယ်မှုဗျူဟာ၊ ဆုံးရှုံးနိုင်ချေများ၊ အတွေ့အကြုံနှင့် ကူးယူသူ အရေအတွက်တို့ကို အခြေခံ၍ သင်သည် ဤဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချရန် လိုအပ်သောကြောင့် တခြားသူများမှအကြံပြုပေးနိုင်မည်မဟုတ်ပေ။ ကုန်သည်များဆိုင်ရာ အချက်အလက်အားလုံးကို ပွင့်လင်းမြင်သာသော စောင့်ကြည့်ရေးဇယားအဖြစ် ပြသထားသည်။ ဆုံးဖြတ်ချက်မချမီ၊ သင်သည် ကုန်သည်ထံ စာပေးပို့နိုင်သည်။ ကုန်သည်တစ်ဦးကိုရွေးချယ်ပြီး ပြင်ဆင်ချက်များ ပြုလုပ်ရန် ၎င်းတို့၏အမည်ကိုနှိပ်ပါ။ ဤနေရာတွင် သင်သည် ကူးယူရန် အသုံးပြုမည့် ပမာဏကို သတ်မှတ်နိုင်သည်၊ ကူးယူသည့်အမျိုးအစားကို ရွေးချယ်ကာ အချိန်ကန့်သတ်ချက်များကို သတ်မှတ်နိုင်သည်။ ပြင်ဆင်မှုများနှင့်ပတ်သက်၍ Social Trading/Copy-trading ပလပ်ဖောင်းပေါ်တွင် ၎င်းတို့နှင့်ပတ်သက်သည့် ဆက်စပ်အမေးအဖြေများကို ဖတ်ရှုနိုင်သည်။
သင်၏ပြင်ဆင်ချက်ဆက်တင်များကို သိမ်းဆည်းပြီးသည်နှင့် "Copy" ကိုနှိပ်ပါ။ သင်ကူးယူထားသောကုန်သည်ကို စာမျက်နှာ၏အောက်ခြေရှိ Portfolio ကဏ္ဍတွင် ပြသမည်ဖြစ်သည်။ သင်သည်ကုန်သည်များစွာကိုတစ်ပြိုင်နက်ကူးယူနိုင်သည်။ သင်သည် တူညီသောကုန်သည်ကို အကြိမ်များစွာ တစ်ပြိုင်နက် ကူးယူ၍မရသော်လည်း ဤကုန်သည်အတွက် သင်၏ ကူးယူမှုပမာဏကို တိုးမြှင့်နိုင်သည်။ ကူးယူခြင်းလုပ်ငန်းစဉ်တစ်ခုစီအတွက် အသုံးပြုရမည့် ပမာဏကို ကိုယ်တိုင် သတ်မှတ်ထားပါသည်။
သုံးစွဲသူပရိုဖိုင်းသို့ ဝင်ရောက်ရန် စကားဝှက်ကို ပြောင်းလဲလိုပါက သုံးစွဲသူပရိုဖိုင်းစာရင်းတင်သွင်းဝင်ရောက်ခြင်း စာမျက်နှာ (Forgot password?) တွင်တည်ရှိသော စကားဝှက်ပြောင်းလဲခြင်းကို အသုံးပြုပါ။ သုံးစွဲသူအထွေထွေဝန်ဆောင်မှုဌာနကိုလည်း သင်၏ စကားဝှက်ပြောင်းလဲရန် တောင်းဆိုနိုင်ပါသည်။ မန်နေဂျာက သင်၏ မှတ်ပုံတင်အချက်အလက်များကို တောင်းခံပါလိမ့်မည်။ အက္ခရာများ၊ နံပါတ်များနှင့် အထူးအက္ခရာများပါဝင်သည့် ရှုပ်ထွေးသော စကားဝှက်ကိုထားရှိရန် အကြံပြုအပ်ပါသည်။ သင်၏ စကားဝှက်ကို လုံခြုံစွာ လျှို့ဝှက်ထားပါမည်။
ကုန်သွယ်ရေးအကောင့်တစ်ခုတွင် 3 လ ကြာမြင့်သည်အထိ ကုန်သွယ်မှု ဖွင့်ခြင်းမရှိပါက ထိုအကောင့်အား dormant (လှုပ်ရှားမှုမရှိသော အကောင့်) အဖြစ် သတ်မှတ်ပါမည်။ ကုမ္ပဏီ သည် ပြက္ခဒိန်ရက် 30 ပြည့်မြောက်တိုင်းတွင် လှုပ်ရှားမှုမရှိသောအကောင့်ထိန်းသိမ်းခ အဖြစ် အမေရိကန်ဒေါ်လာ 10 (သို့မဟုတ် အခြားငွေကြေးစနစ်တခု၏ ထိုတန်ဖိုးနှင့် ညီမျှသော ပမာဏ) ကို ကောက်ခံပါသည်။
အကောင့်လက်ကျန်ငွေ သုညသို့ ရောက်ရှိပြီးနောက် အကောင့်ကို ပြက္ခဒိန်ရက် 40 ရက်အတွင်း ပြန်လည်သိမ်းဆည်းသွားပါမည်။
ထိန်းသိမ်းလိုက်သောအကောင့်အား ပြန်လည်ရယူလိုပါက သက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့ ထံ ဆက်သွယ်ပါ။
ဖော်ပြပါအခြေအနေမှရှောင်ရှားရန် သင့်ပရိုဖိုင်ရှိ မည်သည့်ကုန်သွယ်ရေးအကောင့်ကိုမဆို ပုံမှန်အသုံးပြုပေးပါ။ ကုန်သွယ်ရေးတာမင်နယ်မှတစ်ဆင့် ကုန်သွယ်မှု အကောင့်တစ်ခုသို့ ချိတ်ဆက်ခြင်း သို့မဟုတ် pending orders ထားရှိခြင်းများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သတိပြုပေးပါ။ သင်၏ ပရိုဖိုင်ရှိ ကုန်သွယ်ရေးအကောင့်တိုင်းအား အသက်ဝင်နေစေရန် အရောင်းအ၀ယ်များ ပြုလုပ်ခြင်း သို့မဟုတ် လက်ကျန်ငွေလွှဲပြောင်းမှုများလုပ်ဆောင်ခြင်းဖြင့် အသုံးပြုနိုင်ပါသည်။
သင်၏ သုံးစွဲသူပရိုဖိုင်တွင် အပိုဆောင်း လုံခြုံရေးနည်းလမ်းများအား အသုံးချနိုင် ပါသည်။ ထိုသို့ဆောင်ရွက်ရန် သုံးစွဲသူပရိုဖိုင်သို့ ဝင်ရောက်ပါ။ "လုံခြုံရေး" ကိုသွား၍ မိမိအဆင်ပြေမှုအရှိဆုံး နည်းလမ်းအား ရွေးချယ်ပါ။ သင့်အနေနှင့် Google ဖြင့်စစ်ဆေးခြင်း၊ SMSဖြင့် စစ်ဆေးခြင်း၊ အီးမေးလ်ဖြင့်စစ်ဆေးခြင်း နည်းလမ်းများအား တပြိုင်တည်းသော်လည်းကောင်း တကြိမ်တွင် တခုစီသော်လည်းကောင်း အသုံးချရန် အတည်ပြုနိုင်သည်။
SMS သို့မဟုတ် အီးမေးလ်ဖြင့်စစ်ဆေးခြင်းများကို ရွေးချယ်ထားပါက၊ သင်၏ သုံးစွဲသူပရိုဖိုင်သို့ ဝင်ရောက်သည့် အကြိမ်တိုင်းတွင် SMS/အီးမေးလ်သို့ တခါသုံးကုဒ်ကို အလိုအလျောက်ပေးပို့မည် ဖြစ်သည်။ သင်၏ ဖုန်း သို့မဟုတ် အီးမေးလ်ကို အသုံးမပြုပဲ သင်၏အကောင့်သို့ မည်သူတဦးတယောက်မှ ဝင်ရောက် နိုင်မည်မဟုတ်ပါ။
Google ဖြင့်စစ်ဆေးခြင်းကို အသုံးပြုရန် Google Play Store သို့မဟုတ် App Store တခုမှတဆင့် Google Authenticator Application အား သင်၏စက်သို့ ဒေါင်းလုဒ်ဒ်ပြုလုပ် ထည့်သွင်းထားရပါမည်။ ဤလုံခြုံရေးနည်းလမ်းကို အသုံးပြုပါက သင့်အကောင့်သို့ ဝင်ရောက်သည့်အကြိမ်တိုင်းတွင် Appမှ ထုတ်ပေးသော တခါသုံးကုဒ်အား ထည့်သွင်းရပါမည်။
မှတ်သားရမည့်အချက်မှာ တခါတရံတွင် Google Authenticator မှ ထုတ်လုပ်သော တခါသုံးကုဒ်အား အသုံးပြု၍မရခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ App၏ ကွဲပြားမှုအချက်များကြောင့် ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် App settingသို့ သွားပါ။ "Time cotrection for codes"ကိုနှိပ်ပါ။ ပြီးလျှင် "sync now"ကိုနှိပ်ပါ။
သတိပြုရန်! အကယ်၍ Google Authenticator ထည့်သွင်းထားသော ဖုန်း သို့မဟုတ် ကွန်ပျူတာအား အသုံးမပြုနိုင်သော အခြေအနေတွင် လူကြီးမင်း၏ သုံးစွဲသူပရိုဖိုင်သို့ ဝင်ရောက်၍ မရနိုင်ပါ။ ထိုအခြေအနေမျိုး ကြုံတွေ့ရပါက ကျွန်ုပ်တို့၏ အကူအညီအဖွဲ့ထံသို့ အဆင်ပြေရာနည်းလမ်းဖြင့် ဆက်သွယ်ပါ။
သုံးစွဲသူ ပရိုဖိုင်း တွင်ဖော်ပြထားသည့် အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်များကို အသုံးပြုပြီး သင်၏ ကုန်သွယ်မှုအကောင့်ကို ငွေဖြည့်သွင်းနိုင်ပါသည်။
သင်၏ ဘဏ်ကဒ်ဖြင့် အကောင့်အတွင်းသို့ ငွေဖြည့်သွင်းရန် ကြားခံငွေပေးချမှုစနစ်များကို အသုံးပြုနိုင်ပါသည်။ ထို့အပြင် ဘဏ်ငွေလွှဲစနစ်ဖြင့် သင်၏အကောင့်အတွင်းသို့ ငွေဖြည့်သွင်းနိုင်ပါသည်။ အထက်ပါ ငွေဖြည့်သွင်းခြင်း စနစ်များကို ရွေးချယ်ရန် သုံးစွဲသူပရိုဖိုင်းအတွင်းရှိ "ဘဏ္ဍာရေး" ခလုတ်ကိုနှိပ် ပြီး "ဘဏ်ကဒ်" ကိုနှိပ်ပါ။
ကုန်သွယ်မှုအကောင့်မှ ငွေသွင်းငွေထုတ်ခြင်းနှင့် စပ်လျဉ်းပြီး ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို မှတ်သားထားစေလိုပါသည်။ အဆိုပါ စည်းမျည်းစည်းကမ်းများသည် ၎င်းလုပ်ငန်းစဉ် များတွင် ပါဝင်ပတ်သက်နေသည့် စွန့်စားမှုများကို လျော့ချပေးခြင်းဖြင့် ရန်ပုံငွေများလုံခြုံစေရန် သီးသန့်ရည်ရွယ်ထားပါသည်။ ငွေထုတ်ယူရာတွင်လည်း ငွေဖြည့်သွင်းခဲ့ရာတွင် အသုံးပြုခဲ့သည့် ပိုက်ဆံအိတ်နှင့် ငွေကြေးစနစ်တို့ဖြင့်သာ ဆောင်ရွက်နိုင်ပါသည်။ ဆိုလိုရင်းမှာ သင်က သင်၏ အကောင့်ကို Skrill ဖြင့် ငွေဖြည့်သွင်းခဲ့သော် တူညီသော Skrill ပိုက်ဆံအိတ်ကို အသုံးပြုကာ ငွေထုတ်ယူနိုင်ပါသည်။ မတူညီသော ငွေပေးချေမှုစနစ်ကို အသုံးပြုလိုပါက ပိုက်ဆံအိတ်အသစ်ဖြင့် ငွေသွင်းခြင်း ပြုလုပ်ပြီးမှသာ အဆိုပါ ပိုက်ဆံအိတ်နှစ်မျိုးစလုံးနှင့် အချိုးကျငွေထုတ်ယူနိုင်ပါသည်။ ယင်းစည်းမျဉ်းစည်းကမ်းကို AML ပေါ်လစီ တွင် ဖော်ပြထားပါသည်။ ၁ ဒေါ်လာထက်နည်းသော ငွေသွင်းငွေထုတ်များကို ကျွန်ုပ်တို့ အော်ပရေတာမှ လက်ခံသွားမည်မဟုတ်ပါ။
ဘဏ္ဍာရေးဌာနသည် တနင်္ဂနွေ 22:00 မှ သောကြာနေ့ 22:00 အထိ 24/5 အလုပ်လုပ်သည်။
ကုန်သွယ်မှု ဆာဗာချိန်၊ အပိုဒ် 4.16 ကို ကြည့်ပါ။
Client Profile အတွင်းမှဆောင်ရွက်ပါက၊ ငွေသွင်းမှုများကို အလိုအလျောက် လုပ်ဆောင်ပါမည်။ ကျွန်ုပ်တို့၏ ငွေပေးချေမှုစနစ်သို့ တိုက်ရိုက်ငွေသွင်းခြင်းမှာ အလိုအလျောက်မဟုတ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ယင်းသို့ သွင်းပြီးနောက်၊ သင်သည် LiteFinance ၏ သက်ဆိုင်ရာဘဏ္ဍာရေးဌာနကို ဆက်သွယ်ပြီး ငွေသွင်းမှုပြုလုပ်ထားသည့်အကြောင်း အကြောင်းကြားရမည်။
ကျွန်ုပ်တို့၏ သက်ဆိုင်ရာမန်နေဂျာများနှင့် LIVE CHAT မှတဆင့် သို့မဟုတ် သို့ အီးမေးလ်ဖြင့် ဆက်သွယ်နိုင်ပါသည်။ တောင်းဆိုချက်တွင် အောက်ပါတို့ ပါဝင်ရမည်-
- ငွေလွှဲသည့်ရက်စွဲနှင့် ခန့်မှန်းခြေအချိန်၊
- ငွေပမာဏအတိအကျ၊
- သင်၏ငွေလွှဲမှုလုပ်ငန်းစဉ်နံပတ်
- သင်ငွေလွှဲထားသော ငွေလွှဲလက်ခံစနစ်၏ လုပ်ငန်းစဉ်နံပတ်
- ငွေလွှဲပေးထားရမည့် ကုန်သွယ်မှုအကောင့်နံပါတ်
Wallet-to-wallet \လွှဲပြောင်းမှုများသည် အလိုအလျောက်မဟုတ်ကြောင်းနှင့် လုပ်ဆောင်ရန် အချိန်ပိုလိုအပ်ကြောင်း သတိပြုပါ။ နှောင့်နှေးမှုများကို ရှောင်ရှားရန် ကျေးဇူးပြု၍ သင့်အကောင့်များကို Client Profile မှတစ်ဆင့် ငွေဖြည့်ပါ။
ပျောက်ဆုံးနေသော ငွေလွှဲခြင်းကို ရှာဖွေရန် ဘဏ္ဍာရေးဌာနကိုဆက်သွယ်ပါ။ အောက်ပါ အချက်အလက်များကို ပေးအပ်ပါ။
- ကုန်သွယ်မှုအကောင့်၏ နံပါတ်;
- ငွေလွှဲရာတွင် အသုံးပြုခဲ့သည့် ငွေပေးချေမှုစနစ်၏ နံပါတ်သို့မဟုတ် ID;
- လွှဲပြောင်းခဲ့သည့်ငွေပမာဏ;
- အချိန်ဇုန်နှင့်တကွ နေ့စွဲနှင့်အချိန် အတိအကျ;
- ငွေအဝေင်အထွက်နံပါတ်(ရှိခဲ့ပါက).
ငွေထုတ်ယူမှု ပယ်ချခံရသည့် အကြောင်းအရင်း အမျိုးမျိုးရှိပါသည်-
- ငွေကြေးခဝါချခြင်း စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ကျူးလွန်မှု;
- ငွေဖြည့်စဉ်ကမတူညီသော ငွေပေးချေမှုစနစ်နှင့် မတူညီသော ငွေပေးချေမှုစနစ်ဖြင့် ငွေထုတ်ယူရန် တင်သွင်းမှု;
ငွေဖြည့်စဉ်ကမတူညီသော ပိုက်ဆံအိတ်နှင့် မတူညီသော ပိုက်ဆံအိတ်ဖြင့် ငွေထုတ်ယူရန် တင်သွင်းမှု;
- အခြားအကြောင်းပြချက်။ အကြော်ငးပြချက်ကို သိရှိရန် အဆင်ပြေသောနည်းလမ်းဖြင့်ဘဏ္ဍာရေးဌာန ကို ဆက်သွယ်နိုင်ပါသည်။
အကယ်၍ သင်နေထိုင်ရာနိုင်ငံရှိငွေကြေးဖြင့် ဒေသခံကိုယ်စားလှယ်မှတဆင့် အကောင့်သို့ ငွေဖြည့်သွင်းပါက လက်ရှိငွေလဲနှုန်းများနှင့် ကော်မရှင် နှုန်းထားများအား သုံးစွဲသူပရိုဖိုင်ရှိ "ဘဏ္ဍာရေး/ပြည်တွင်းငွေသွင်းခြင်း" အောက်တွင် ကြည့်ရှုနိုင်ပါသည်။ သင်ဖြည့်သွင်းမည့် ပြည်တွင်းငွေကြေးပမာဏကို "ငွေပေးချေမှုပမာဏ" အကွက်တွင် ရိုက်ထည့်ပါ။ သင်၏အကောင့်တွင် ထည့်သွင်းပေးမည့် ငွေပမာဏအား အောက်တွင်တွေ့ရပါမည်။
အကယ်၍ အပ်ငွေ၏ ငွေကြေးယူနစ်နှင့် သင်လွှဲပြောင်းသည့် ငွေကြေးယူနစ် မတူညီပါက ငွေအလွှဲအပြောင်းလုပ်ငန်းစဥ်တွင် သင်အသုံးပြုသောဘဏ်မှ သတ်မှတ်သော ငွေလဲနှုန်း သက်ရောက်ပါမည်။ ပြည်တွင်းငွေတန်ဖိုးကိုအခြေခံ၍ တွက်ချက်ထားသော သင့်အကောင့်သို့ ထည့်သွင်းမည့် ငွေပမာဏအား တွေ့မြင်နိုင်ပါသည်။
သင်၏အကောင့်သို့ ငွေ ဖြည့်သွင်းပြီးသည်နှင့် တပြိုင်နက် ငွေပေးချေမှုစနစ်မှ ကောက်ခံသော ကော်မရှင်များအား၊ ကုမ္ပဏီမှ သင့်အကောင့်သို့ ပြန်အမ်းငွေအဖြစ် အလိုအလျောက် ထည့်သွင်းပေးပါမည်။
Transaction hash သည် ငွေပေးငွေယူတစ်ခုအား ဆောင်ရွက်ကြောင်းနှင့် blockchain သို့ထည့်သွင်းထားကြောင်း သက်သေပြသည့် သီးခြားသတ်မှတ်မှုတစ်ခုဖြစ်သည်။ LiteFinance ၏ဘဏ္ဍာရေးဌာနသည် ရံဖန်ရံခါတွင် သင့်အား ငွေကြေးကိစ္စဆောင်ရွက်ရန်အတွက် ခရစ်ပတိုငွေကြေးဖြင့် ငွေပေးချေပြီးနောက် hash တစ်ခုပေးပို့ရန် တောင်းဆိုနိုင်သည်။
"Block explorers" ဟုခေါ်သော ဝက်ဘ်ဆိုက်များသည် transaction hash ကိုရှာဖွေပြီး blockchain ledger ကိုကြည့်ရှုခွင့်ပြုသည်။ မှန်ကန်သော block explorer ကို အသုံးပြုရန် လိုအပ်ခြင်း သို့မဟုတ် သင်၏ transaction hash ကို ရှာမတွေ့ခြင်း သို့မဟုတ် အချက်အလက် မှားယွင်းနေမည်ကို သတိပြုပါ။
သင်၏ transaction ID ကို ရှာဖွေရန် အောက်ပါ ညွှန်ကြားချက်များကို လိုက်နာပါ။
1. သင်၏ blockchain အတွက် block observer ကို ရွေးပါ-
BTC: https://www.blockchain.com/
LTC: https://live.blockcypher.com/
BCH: https://bch.btc.com/
XRP: https://xrpscan.com/
2. ဆိုက်ပေါ်တွင် သင်၏ wallet number ကို ထည့်ပါ။
3. ငွေပေးချေမှုစာရင်းတွင် သင့်ငွေပေးချေမှုကို ရှာဖွေပြီး အသေးစိတ်အချက်အလက်ဖော်ပြရာနေရာသို့ သွားပါ။ "hash" ကန့်သတ်ချက်၏ ဖော်ပြပါအကြောင်းအရာများကို ကူးယူပြီး ၎င်းတို့ကို LiteFinance ရှိ ဝန်ဆောင်မှုဌာနသို့ ပေးပို့ပါ။
အကူအညီပေးရေးဌာနသည် တနင်္လာနေ့ 00:00 မှ သောကြာနေ့ 23:59 အထိ 24/5 အလုပ်လုပ်ပါသည်။
ဘဏ္ဍာရေးဌာနသည် တနင်္ဂနွေ 22:00 မှ သောကြာနေ့ 22:00 အထိ 24/5 အလုပ်လုပ်သည်။
ကုန်သွယ်မှုဌာနသည် တနင်္လာနေ့ 00:00 မှ သောကြာနေ့ 23:59 အထိ 24/5 အလုပ်လုပ်ပါသည်။
ကုန်သွယ်မှု ဆာဗာချိန်၊ အပိုဒ် 4.16 ကို ကြည့်ပါ။
Forex ကုန်သွယ်ရေးပစ္စည်းများ၏ နှုန်းထားဖော်ပြခြင်းကို နှုန်းထားသတ်မှတ်ခြင်း စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ပါသည်။ အတိအကျဆိုရသော် တနင်္လာနေ့ 00:05:01 (သုညနာရီ၊ ငါးမိနစ်၊ တစက္ကန့်) တာမီနယ်လ်အချိန် - စာပိုဒ် 4.16 တွင်ကြည့်ပါ) မှစ၍ သောကြာနေ့ 23:59:59 (နှစ်ဆယ့်သုံးနာရီ၊ ငါးဆယ့်ကိုးမိနစ်၊ ငါးဆယ့်ကိုးစက္ကန့်) အထိ ဖြစ်ပါသည်။ အလုပ်မလုပ်သော အချိန်များမှာ စနေနေ့ 00:00:00 (သုညနာရီ၊ သုညမိနစ်၊ သုညစက္ကန့်) မှစ၍ တနင်္လာနေ့ 00:05:00 (သုညနာရီ၊ ငါးမိနစ်၊ သုညစက္ကန့်)အထိ ဖြစ်ပါသည်။
ကုန်စည်များ၊ ရှယ်ယာများနှင့် စတော့ index များအား ကုန်သွယ်ရေးဆက်ရှင်အချိန်ပိုင်းများအတွင်း နှုန်းထားဖော်ပြပါသည်။ ကုန်သွယ်ရေးအချိန်ပိုင်းများ၏ အချိန်စာရင်းသည် ကုန်သွယ်မှုပြုလုပ်သော စတော့အိတ်ချိန်းအပေါ်တွင် မူတည်ပါသည်။ ပိုမို၍ အသေးစိတ် သိရှိလိုပါက LiteFinance ထံတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ ထို့အတူ Client Profile ၏ "Trading" ခေါင်းစဉ်အောက်တွင် မည်သည့် ကုန်သွယ်ရေးပစ္စည်းကိုမဆို ရွေးချယ်၍၊ ၎င်းကုန်သွယ်ပစ္စည်း၏ နေ့စဉ် နှုန်းထားအချိန်စာရင်းကို ကြည့်ရှုနိုင်ပါသည်။ ဥပမာအားဖြင့် - ရေနံကုန်သွယ်ရေးအချိန်ပိုင်း၏ဇယားအား ဤနေရာe တွင် ကြည့်ရှုနိုင်ပါသည်။
LiteFinance မှ ပေးအပ်သည့် ဘောနပ်စ်များနှင့် ပရိုမိုးရှင်းနှင့်ပတ်သက်သော အချက်အလက်များကို https://www.litefinance.org/my/promo/bonuses/တွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။
LiteFinance မှကျင်းပသည့်ပြိုင်ပွဲများ၏ အချေက်အလက်များအားလုံးမှာ https://www.litefinance.org/my/contests/ တွင်ရှိပါသည်။
LiteFinance Global LLC ရင်းနှီးမြှုပ်နှံမှုလီမိတက်သည် CLASSIC နှင့် ECN ကုန်သွယ်မှု အကောင့်အမျိုးအစားများကို ပေးစွမ်းပါသည်။ ၎င်းအကောက် နှစ်မျိုးစလုံးသည် စျေးကွက်၏ လုပ်ဆောင်ချက်အပေါ်တွင် မူတည်ပါသည်။
အကောင့်အမျိုးအစားများအတွက် အသေးစိတ်အချက်အလက်များ ကိုကြည့်ရှုပါ။
ဒီမိုအကောင့်သည် Forex ဈေးကွက်အား သုံးစွဲသူများနှင့် ရင်းနှီးသွားစေရန် အထူးသင့်လျော်ပါသည်။ အဆိုပါ အကောင့်အမျိုးအစားတွင် ငွေပေးသွင်းရန် မလိုအပ်သော်လည်း ကုန်သွယ်မှုလုပ်ငန်းများမှ ရရှိလာသည့် အမြတ်ငွေများကိုလည်း ထုတ်ယူခွင့်မရှိပါ။ ဒီမိုအကောင့်များတွင်ရှိသော အလုပ်အခြေအနေများသည် လိုက်ဖ်အကောင့်များရှိ အလုပ်အခြေအနေများနှင့်ဆင်တူပါသည် - ငွေအဝင်အထွက်လုပ်ငန်းစဉ်၊ ကိုးကားချက်များ တောင်းခံမှု၊ positionများဖွင့်လှစ်ရာတွင်လိုအပ်သည့် အချက်အလက်များ အားလုံးတူညီပါသည်။
ဒီမိုကုန်သွယ်မှု mode ကိုဖွင့်ထားကြောင်း သေချာစေရန် သုံးစွဲသူပရိုဖိုင်း၏ အပေါ်ဆုံးလိုင်းမှ သင်၏ အမည်ကို နှိပ်လိုက်ပါ။ ထို့နောက် "Metatrader" ကဏ္ဍသို့ ဝင်ရောက်ပြီး "အကောင့်ဖွင့်ရန်" ကိုနှိပ်ကာ ကျလာသည့် ဇယားများမှ အကောင့်၏ သတ်မှတ်ချက်များကိုရွေးချယ်ပါ။
ကျေးဇူးပြု၍ မည်သည့် ဒီမိုအကောင့်အမျိုးအစားမဆိုသည် 45 ရက်သာ အလုပ်လုပ်သည်ကို သတိပြုပါ။ ကုန်သွယ်ရေးပလက်ဖောင်းကို အသုံးပြု၍ သင်၏ ဒီမိုအကောင့်သို့ ဝင်ရောက်သည့် အကြိမ်တိုင်းတွင် counter(ရေတွက်မှု)အား အသစ်ပြင်ဆင်မှတ်သားပါသည်။ သင်၏ဒီမိုအကောင့်အား Client Profile အတွင်းရှိ ဝက်ဘ်တာမီနယ်မှတဆင့် ဝင်ရောက်သောအခါ counter(ရေတွက်မှုစနစ်) အသစ်ပြင်ဆင်မည် မဟုတ်ပါ။ ဒီမိုအကောင့်တွင်းရှိ လက်ကျန်ငွေနှင့် ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများသည်လည်း အကောင့်သက်တမ်းကို မတိုးချဲ့နိုင်ပါ။
သုံးစွဲသူပရိုဖိုင်း(LiteFinance ကုမ္ပဏီတွင် ဖွင့်လှစ်ထားသော သင်၏ ပုဂ္ဂိုလ်ရေးရာ အကောင့်)မှတစ်ဆင့် ဒီမိုအကောင့်ဖွင့်လှစ်ထားပါက အလိုအလျောက်စကားဝှက်ပြောင်းလဲခြင်းကို ရွေးချယ်နိုင်ပါသည်။ ကုန်သွယ်သူ၏ စကားဝှက်ကို ပြောင်းလဲရန်အတွက် သုံးစွဲသူပရိုဖိုင်း၏ "Metatrader"ကဏ္ဍတွင်ရှိသည့် သက်ဆိုင်ရာအကောင့်၏ "စကားဝှက်"ကော်လံတွင် "ပြုပြင်ရန်" ကိုနှိပ်ပါ။ ၎င်းကိုပြုလုပ်ရန် လက်ရှိ ကုန်သွယ်သူ၏ စကားဝှက်ကို သိရှိရန်မလိုအပ်ပါ။
ထို့အပြင် အကောင့်ဖွင့်လှစ်နေစဉ် အကောင့်ဝင်ရောက်ရန် အမည်နှင့် စကားဝှက်ကို သုံးစွဲသူ၏ အီးမေးလ်လိပ်စာသို့ ပေးပို့ပေးပါမည်။
ကုန်သွယ်ရေးတာမင်နယ်မှ တိုက်ရိုက် ဒီမိုအကောင့်ဖွင့်ထားပြီး စာရင်းတင်သွင်းစဉ်အချက်အလက်များပါရှိသည့် အီးမေးလ်ကို ဖျက်သိမ်းခဲ့ပါက သင့်အနေဖြင့် ဒီမိုအကောင့် အသစ်ဖွင့်လှစ်ရန် လိုအပ်ပါလိမ့်မည်။ သုံးစွဲသူပရိုဖိုင်းမှတစ်ဆင့် ဖွင့်လှစ်ထားခြင်းမဟုတ်သည့် ဒီမိုအကောင့်များ၏ စကားဝှက်များကို ပြန်လည်ရယူခြင်း သို့မဟုတ် ပြောင်းလဲခြင်းမပြုလုပ်နိုင်ပါ။
သုံးစွဲသူပရိုဖိုင်းအတွင်းတွင် ဖွင့်လှစ်ထားသည့် ဒီမိုအကောင့်ကို ချိန်ညှိရန်အတွက် ထပ်ဆုံးလိုင်းပေါ်ရှိ သင်၏အမည်ကိုနှိပ်ပြီး ဒီမိုကုန်သွယ်ရေး mode ကိုဖွင့်ထားကြောင်း စစ်ဆေးနိုင်ပါသည်။ ထို့နောက် After that go to the section "ကုန်သွယ်မှု"ကဏ္ဍသို့သွားရောက်ပြီး စာမျက်နှာ၏အောက်ဘက် ညာဘက်ထောင့်ရှိ "ငွေပေးသွင်းရန်"ကိုနှိပ်ပြီး ငွေပေးသွင်းလိုသည့် ပမာဏကိုထည့်သွင်းကာ "ငွေပေးသွင်းရန်" ကိုနှိပ်ပါ။
အစ္စလာမ်မစ်အကောင့်ဆိုသည်မှာ နောက်တစ်နေ့အတွက် ပွင့်နေသော နေရာများကို ဆက်လက်ယူဆောင်သွားရာတွင် အခကြေးငွေကောက်ခံခြင်းမရှိသည့် အကောင့်ဖြစ်ပါသည်။ အဆိုပါ အကောင့်အမျိုးအစားမှာ ဘာသာရေး ယုံကြည်ချက်များအရ အတိုးပါဝင်သည့် ငွေကြေးလုပ်ငန်း လုပ်ဆောင်ချက်များတွင် ပါဝင်ခွင့်မရှိသည့် သုံးစွဲသူများအတွက် ရည်ရွယ်ထားပါသည်။ အဆိုပါအကောင့်အမျိုးအစား၏ နောက်ထပ် သိသာထင်ရှားသည့် အမည်မှာ "swap-free အကော်င့" ဖြစ်ပါသည်။
ဟုတ်ကဲ့။ ကျွန်ုတို့ ကုမ္ပဏီတွင် ထိုဝန်ဆောင်မှု ရရှိနိုင်ပါသည်။ အစ္စလာမ်မစ် အကောင့်ကိုဖွင့်ရန် စာမျက်နှာထိပ်ဆုံးရှိ သင်၏အမည်ကို နှိပ်ပါ။ "ကျွန်ု၏ပရိုဖိုင်" နှင့် "အတည်ပြုခြင်း" ကိုရွေးပါ။ "အစ္စလာမ်မစ်အကောင့်လျှောက်ထားခြင်း" ကိုရှာပါ။ "ဖြည့်မည်" ခလုပ်ကိုနှိပ်ပါ။ အစ္စလာမ်မစ်အကောင့်ဝန်ဆောင်မှု ပြဌာန်းချက်များ၊ သတ်မှတ်ချက်များကို ဖတ်၍ သဘောတူညီကြောင်း အမှန်ခြစ်ပြီး၊ "တင်သွင်းမည်" ခလုပ်ကိုနှိပ်ပါ။
သင်၏လျှောက်လွှာတင်သွင်းခြင်းကြောင့် သင်၏အကောင့်ကို အစ္စလာမ်အကောင့်အမျိုးအစားသို့ ပြောင်းလဲပေးမည်ဟု အာမခံထားချက်မရှိပါ။ ကုမ္ပဏီအနေဖြင့် ပေးအပ်လျက်ရှိသည့် ဝန်ဆောင်မှုကို စိတ်ကြိုက် ပြောင်းလဲပိုင်ခွင့် ရှိပါသည်။
အကြွေး leverage ဆိုသည်မှာ ငွေသွင်းခြင်းနှင့် ချေးထားသော ရန်ပုံငွေတို့၏ အချိုးဖြစ်သည် - ၁း၁၀၀၊ ၁း၂၀၀၊ ၁း၅၀၀၊ ၁း၁၀၀၀ ။ အကြွေး leverage တွင် အော်ဒါတစ်ခုဖွင့်ရန် လိုအပ်သည့် ပမာဏထက် အဆ၁၀၀ နည်းပါးသော ပမာဏကိုသာ သင်၏အကောင့်အတွင်းတွင် ထားရှိရန် လိုအပ်ပါသည်။
အကောင့်အမျိုးအစားပေါ် မူတည်ပြီး အောက်ပါ leverage အရွယ်အစားများကို LiteFinance ၏သုံးစွဲသူများမှ ရရှိနိုင်ပါသည်။
CLASSIC အကောင့်များအတွက် 1:1 မှ 1:1000အထိ
ECN အကောင့်များအတွက် 1:1 မှ 1:1000အထိ
သင်၏ ကုန်သွယ်မှုအကောင့်ကို ဖွင့်နေစဉ် leverage အရွယ်အစားကို ရွေးချယ်နိုင်ပါသည်။ ထို့နောက် "Metatrader"ကဏ္ဍကို ရွေးချယ်ခြင်းအားဖြင့် သင်၏ သုံးစွဲသူ ပရိုဖိုင်းမှတစ်ဆင့် ပြောင်းလဲနိုင်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်အတွက် ပွင့်နေသော အော်ဒါများနှင့် လုပ်ဆောင်ဆဲအော်ဒါများကို ပိတ်ရန်မလိုအပ်ပါ။
သင်၏ ကွန်ပျူတာပေါ်တွင် Start –> Run ကိုနှိပ်ပါ။ ထို့နောက် ‘mstsc’ ဟုရိုက်သွင်းကာ OK ကိုနှိပ်ပါ (သို့မဟုတ် Start ခလုတ်ကိုနှိပ်ပြီး "All programs" "Accessories" နှင့် "Connect to remote desktop"ကိုနှိပ်ပါ။)။ ထို့နောက် သင်၏ VPSတောင်းဆိုလွှာကို အတည်ပြု ပေးထားသည့် အီးမေးလ်မှ လက်ခံရရှိထားသည့် ဆာဗာ၏ IP ကို ရိုက်သွင်းကာ "Connect"ဟူသော ခလုတ်ကို နှိပ်ပါ။ ပေါ်ထွက်လာသည့် ပုံစံတွင် အီးမေးလ်တွင် ဖော်ပြထားသော ဝင်ရောက်ရန်အမည်နှင့် စကားဝှက်ကို ရိုက်သွင်းပါ။
သင်၏ကွန်ပြူတာပေါ်သို့ ပုံနှိပ်စက်၊ ဒေတာသိမ်းဆည်း drives များ၊ USB ကိရိယာများနှင့် ကလစ်ဘုတ် အစရှိသည့် ကိရိယာများကို ချိတ်ဆက်အသုံးပြုနိုင်ပါသည် (တစ်နည်းအားဖြင့် PC ပေါ်တွင် ချိတ်ဆက်ပြီး ကိရိယာများကို ဆက်လက်အသုံးပြုနိုင်ပါသည်)။ Remote Desktop Connection ကိုဖွင့်ပါ။ Options ကိုနှိပ်ပါ။ ထို့နောက် Local Resources ကိုနှိပ်ပါ။ Local devices and resources အဖွဲ့တွင် သင်ချိတ်ဆက်အသုံးပြုလိုသော ကိရိယာသို့မဟုတ် အရင်းအမြစ်ကို ရွေးချယ်ပါ။ ထပ်ဆောင်းကိရိယာများကို ကြည့်ရှုရန် သို့မဟုတ် Plug and Play ကိရိယာများနှင့် ချိတ်ဆက်ရန် သို့မဟုတ် သင်နောက်မှ ဆက်လက် ချိတ်ဆက်မည့် drives နှင့် ကိရိယာများအတွက် Click More ကိုနှိပ်ပါ။ သင် ချိတ်ဆက်လိုသော ကိရိယာတစ်ခုချင်းစီ၏ဘေးတွင် အလံတပ်ပေးပါ။
သင်၏ ကွန်ပျူတာပေါ်တွင် Start –> Run ကိုနှိပ်ပါ။ ထို့နောက် ‘mstsc’ ဟုရိုက်သွင်းကာ OK ကိုနှိပ်ပါ (သို့မဟုတ် Start ခလုတ်ကိုနှိပ်ပြီး "All programs" "Accessories" နှင့် "Connect to remote desktop"ကိုနှိပ်ပါ။)။ ထို့နောက် "Options" ကိုနှိပ်ပြီး "Display" tab သို့သွားပါ။ "Display configuration" ဆက်တင်များတွင် "Remote Desktop Connection" ၏ဖော်ပြချက်ကို "Small to Large" သို့ slider ကို ပြောင်းရွှေ့ခြင်းဖြင့် ပြောင်းလဲနိုင်ပါသည်။ "Slider" အား large သို့ ကူးပြောင်းခြင်းဖြင့် ဖော်ပြချက်များသည် "Full Screen"သို့ အလိုအလျောက် ကူးပြောင်းပြီး ဖြစ်ပါလိမ့်မည်။
LiteFinance သည် ပညာသင်ကြားရေး ကုမ္ပဏီမဟုတ်သော်လည်း စာပေများကို ရှာဖွေရန် နည်းလမ်း ၄ မျိုး အား အကြံပြုနိုင်ပါသည်။
1) အထူးစာအုပ်ဆိုင်များ
2) အင်တာနက်ပေါ်တွင် စာပေများ အခမဲ့ ရယူနိုင်ပါသည် - မည်သည့် ရှာဖွေမှုအင်ဂျင်ကို အသုံးပြုကာ မတူညီသော စာရေးဆရာများမှ ရေးသားထားသည့် စာအုပ်အမြောက်အများကို ရှာဖွေနိုင်ပါသည်။
3) Forex ဈေးကွက်အတွက် အထူးဖိုရိမ်များလည်းရှိပါသည်။ ၎င်းတို့က သင့်အတွက် စိတ်ဝင်စားဖွယ်ကောင်းပြီး အသုံးဝင်မည့် အချက်အလက်များကို ပေးစွမ်းနိုင်ပါသည်။
4) ကျွန်တော်တို့၏ ဝက်ဆိုဒ် - ကနဦးလေ့လာသူမျအားအတွက် အချက်အလက်များကို https://www.litefinance.org/my/blog/for-beginners/ မှာ ရှာဖွေနိုင်ပါသည်။
LiteFinance စတော့အညွှန်းများ သို့မဟုတ် LFX ငွေကြေးအညွှန်းများသည် major ငွေကြေးများ၏ basket တစ်ခုပေါ်တွင် သီးခြားငွေကြေးတစ်ခု၏ သြဇာလွှမ်းမိုးမှုကို ညွှန်ပြရန်အတွက် LiteFinance မှ ကျွမ်းကျင်သူများက တီထွင်ထားသော ခွဲခြမ်းစိတ်ဖြာသည့်ကိရိယာများဖြစ်သည်။
ဥပမာအားဖြင့် USDLFX အညွှန်းကိန်းအား တွက်ချက်သော ဖော်မြူလာသည် U.S ဒေါ်လာမှ အဓိကငွေကြေးများအုပ်စု-ယူရို(EUR)၊ အင်္ဂလန်ပေါင်(GBP)၊ ကနေးဒီးယန်းဒေါ်လာ(CAD)၊ သြစတေးလျဒေါ်လာ(AUD)၊ ဆွစ်ဇလန်ဖန့်(CHF) နှင့် ဂျပန်ယန်း(JPY)တို့၏ အချိုးကိုပြသည်။
အခြားအညွှန်းကိန်းများအား အထက်ဖော်ပြပါ ဖော်မြူလာ၏ အကူအညီဖြင့် တွက်ချက်သည်။
EURLFX = USDLFX*EURUSD - ယူရိုအညွှန်းကိန်း
GBPLFX = USDLFX*GBPUSD - အင်္ဂလန်ပေါင်အညွှန်းကိန်း
AUDLFX = USDLFX*AUDUSD – သြစတေးလျဒေါ်လာအညွှန်းကိန်း
NZDLFX = USDLFX*NZDUSD – နယူးဇီလန်ဒေါ်လာအညွှန်းကိန်း
CADLFX = USDLFX/USDCAD – ကနေးဒီးယန်းဒေါ်လာအညွှန်းကိန်း
CHFLFX = USDLFX/USDCHF – ဆွစ်ဇလန်ဖရန့်အညွှန်းကိန်း
LFXJPY = USDJPY/USDLFX – ဂျပန်ယန်းအညွှန်းကိန်း
ဤ အမျိုးအစားများအား ကုန်သွယ်၍ မရနိုင်ပါ။ LiteFinance၏ ငွေကြေးအညွှန်းကိန်းသည် စျေးကွက်အား ပိုမိုပြည့်စုံနက်နဲစွာ ခွဲခြမ်းစိတ်ဖြာနိုင်၍ စျေးကွက်ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် မသေချာမှုများလျှော့ချနိုင်သော အခွင့်အရေးကို ပေးစွမ်းပါသည်။ ဤအညွှန်းကိန်းများသည် ဘဏ္ဍာရေးနှင့် စီးပွားရေးသတင်းများ နှင့် အဓိကငွေကြေးများအပေါ် ထိုသတင်းတို့၏ အကျိုးသက်ရောက်မှုများအား အတော်ပင်တိကျစွာ တိုင်းတာပေးပါသည်။
VIX သည် Chicago Board Options Exchange Volatility Index (CBOE) အတွက် ticker သင်္ကေတဖြစ်သည်။ ဤသည်မှာ S&P500 အညွှန်းတွင် ရွေးချယ်စရာများအပေါ် အခြေခံ၍ စတော့စျေးကွက်၏မတည်ငြိမ်မှု မျှော်လင့်ချက်များ၏ရေပန်းစားသော အညွှန်းတစ်ခုဖြစ်သည်။ VIX ကိုအချိန်နှင့်တပြေးညီ CBOE လဲလှယ်မှုမှတွက်ချက်ပြီး ပံ့ပိုးပေးပါသည်။ ၎င်းကိုတစ်ခါတစ်ရံတွင် "fear index" (သို့မဟုတ်) "fear gauge" အဖြစ်ရည်ညွှန်းသည်။
LiteFinance သည် VIX Volatility Index ကိုးကားချက်များကို ခွဲခြမ်းစိတ်ဖြာမှု ကိရိယာတစ်ခုအဖြစ် ပံ့ပိုးပေးသည် - ၎င်းသည်ကုန်သွယ်မှုအတွက် မရရှိနိုင်ပါ။
တာမင်နယ်ချိတ်ဆက်မှုအတွက် သင့်လျော်သော ဒေတာစင်တာတစ်ခု၏ IP လိပ်စာကို ရယူရန်၊ ကျေးဇူးပြု၍ တိုက်ရိုက်ဆက်သွယ်ခြင်း သို့ ဆက်သွယ်ပြီး အကောင့်အမည်အပြည့်အစုံနှင့် သင်ချိတ်ဆက်ရန် ကြိုးစားနေသည့် နိုင်ငံကို ပေးပါ။ ဥပမာ၊ အကောင့် MT4-R-12345၊ ဘရာဇီး။
ဒီမိုအကောင့်နှင့် အကောင့်စစ် နှစ်မျိုးစလုံးတွင် ကုန်သွယ်ခြင်းအတွက် အောက်ပါပလက်ဖောင်းများကို ပံ့ပိုးပေးထားပါသည်။ MetaTrader4 (MT4)၊ MetaTrader5 (MT5)၊ cTrader နှင့် Client Profile တွင် တည်ရှိသော ဝက်ဘ်တာမီနယ်တို့တွင် MT အကောင့်အမျိုးအစားများဖြင့် အလုပ်လုပ်နိုင်ရန် ခွင့်ပြုပေးပါသည်။
Besides a basic terminal for a Windows-based ကွန်ပြူတာအတွက် အခြေခံတာမင်နယ်အပြင် ကျွန်ုပ်တို့သည် Android, iPhones နှင့် iPads တို့အတွက် တာမင်နယ်များကိုလည်း ပေးစွမ်းပါသည်။ သင့်အနေဖြင့် တာမင်နယ်၏ မည်သည့်ဗားရှင်းကိုမဆို ဒေါင်းလုပ်လုပ်နိုင်ပါသည်။ LiteFinance ၏ သုံးစွဲသူပရိုဖိုင်းပေါ်တွင် ဝက်ဘ်တာမင်နယ် ရှိပြီး ကွန်ပြူတာနှင့် မိုဘိုင်းဖုန်းနှစ်မျိုးစလုံးဖြင့် ဖွင့်ကြည့်နိုင်ပါသည်။
F1 – တာမင်နယ် အသုံးပြုလမ်းညွှန်ကို ဖွင့်ရန်
F9 – ကုန်သွယ်မှုအော်ဒါအသစ်တစ်ခုဖွင့်ရန်
Ctrl + T – Metatrader ဝင်းဒိုးအတွင်း တာမင်နယ် ဝင်းဒိုးကို ဖွင့်ရန် နှင့် ပိတ်ရန်
Ctrl + O – တာမင်နယ်အတွင်းသို့ ဝင်ရောက်ရန် ဝင်ရောက်ခွင့်အချက်အလက်များ ထည့်သွင်းခြင်း နှင့် ပရိုဂရမ်၏ အခြားသော ရွေးချယ်မှုများကို သတ်မှတ်နိုင်သည့် ဝင်းဒိုး ၏ တာမင်နယ် ဆက်တင် ဖွင့်ရန်
Ctrl + N – လမ်းညွှန်ဝင်းဒိုးကိုဖွင့်ရန်
Ctrl + Y – ဇယားပေါ်တွင် ကာလအပိုင်းအခြားလိုင်းများကို ပြသရန်
Ctrl + L – ဇယားများပေါ်တွင် ကုန်သွယ်မှု ပမာဏများကို ပြသရန်
တာမင်နယ်အတွင်းတွင် အသုံးပြုသူ လမ်းညွှန်ကို ရှာဖွေနိုင်ပါသည်။ တာမင်နယ်ဖွင့်သည်နှင့်တစ်ပြိုင်နက် ကြည့်ရှုနိုင်ရန် F1 ကိုနှိပ်ပါ။ ဖန်တီးသူဖိုရိုသည် https://www.mql5.com/တွင်တည်ရှိပါသည်။
positionဖွင့်ခြင်း ပိတ်ခြင်း အတွက် တောင်းခံရာတွင် သင်မြင်တွေ့နိုင်သည့် ရောင်းဈေးနှင့် ဝယ်ဈေးတို့ဖြစ်ပါသည်။ Bid နှင့် Ask ဈေးနှုန်း၏ ကွာဟချက်ကို spread ဟုခေါ်သည်။ တာမင်နယ်ရှိ ဇယားများအားလုံးသည် Bid ဈေးနှုန်းကို ဖော်ပြသည်။ Ask ဈေးနှုန်းကို ဖော်ပြရန် လုပ်ဆောင်ချက်ကို ထားရှိနိုင်ပါသည်။ ၎င်းကိုလုပ်ဆောင်ရန် ဇယား window ပေါ်တွင် F8 ကိုနှိပ် "General" tab ပေါ်တွင် "Show Ask Line"ကို အမှန်ခြစ်ခြစ်ရန်လိုအပ်သည်။ "Buy" အော်ဒါများသည် "Ask" ဈေးနှုန်း များအောက်တွင် ဖွင့်လှစ်ပြီး "Bid"ဈေးနှုန်းအောက်တွင် ပိတ်သည်။ "Sell" အော်ဒါများကို "Bid" ဈေးနှုန်းအောက်တွင် ဖွင့်လှစ်ပြီး "Ask" ဈေးနှုန်းအောက်တွင် ပိတ်ပါသည်။
ဈေးနှုန်းက အမြတ်အစွန်းမရရှိနိုင်သည့် ဘက်ခြမ်းသို့ရောက်ရှိသည့်အခါတွင် Stop Loss ကို ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အသုံးပြုပါသည်။ အဆိုပါ အဆင့်သို ဈေးနှုန်းကျ့ရောက်ခဲ့သော်positionသည် အလိုအလျောက် ပိတ်သွားပါလိမ့်မည်။ ထိုကဲ့သို့ အော်ဒါများသည် ပွင့်နေသော နေရာများနှင့် စောင့်ဆိုင်းနေသော အော်ဒါများနှင့် အမြဲ ချိတ်ဆက်မှုရှိပါသည်။ ယင်း အော်ဒါကိုက်ညီမှုရှိရန် Bid ဈေးနှုန်းနှင့် ရေရှည်positionများကို တာမင်နယ် စစ်ဆေးခြင်းများပြုလုပ်ပါသည် (အော်ဒါကိုလက်ရှိ Bid ဈေးနှုန်းအောက်တွင် အမြဲထားရှိပါသည်)။ Take Profit အော်ဒါသည် ဈေးနှုန်းက သတ်မှတ်ထားသော အဆင့်သို့ရောက်ရှိခဲ့သော် အမြတ်အစွန်း ရရှိစေရန် ရည်ရွယ်ပါသည်။ positionကို ပိတ်ခြင်းအားဖြင့် အော်ဒါကို ဆောင်ရွက်နိုင်ပါသည်။ ၎င်းသည် ပွင့်နေသော နေရာများနှင့် စောင့်ဆိုင်းနေသော အော်ဒါများနှင့် အမြဲ ချိတ်ဆက်မှုရှိပါသည်။ အော်ဒါကို ဈေးကွက်နှင့် အတူတကွ သို့မဟုတ် စောင့်ဆိုင်းနေသော အော်ဒါအဖြစ် တင်သွင်းနိုင်ပါသည်။ အော်ဒါကိုက်ညီမှုရှိစေရန် တာမင်နယ်သည် Bid ဈေးနှုန်းဖြင့် ရေရှည်positionများကို စစ်ဆေးပါသည်။(အော်ဒါကိုလက်ရှိ Ask ဈေးနှုန်းအောက်တွင် အမြဲထားရှိပါသည်)။ ဥပမာအားဖြင့် ဆိုရသော် - ကျွန်ုပ်တို့ ရေရှည်position (Buy Order) ကိုဖွင့်လှစ်လိုက်သည့်အခါတွင် Ask ဈေးနှုန်းဖြင့် ဖွင့်လှစ်ပြီး Bid ဈေးနှုန်းဖြင့် ပိတ်ပါသည်။ ယင်းဖြစ်ရပ်များတွင် S/L အော်ဒါကို Bid ဈေးနှုန်းအောက်တွင် ထားရှိနိုင်ပြီး T/P ကို Ask ဈေးနှုန်းအထက်တွင် ထားရှိနိုင်ပါသည်။ ကျွန်ုပ်တို့ ရေတိုposition (Sell Order) ကိုဖွင့်လှစ်လိုက်သည့်အခါတွင် Bid ဈေးနှုန်းဖြင့် ဖွင့်လှစ်ပြီး Ask ဈေးနှုန်းဖြင့် ပိတ်ပါသည်။ ယင်းဖြစ်ရပ်များတွင် S/L အော်ဒါကို Ask ဈေးနှုန်းအထက်တွင် ထားရှိနိုင်ပြီး T/P ကို Bid ဈေးနှုန်းအောက်တွင် ထားရှိနိုင်ပါသည်။ ဥပမာအားဖြင့် EUR/USD အတွက် ၁.၀ lot ကို ဝယ်လိုသည်ဆိုပါစို့။ အော်ဒါအသစ် မှာယူရာတွင် Bid/Ask ကိုးကားချက်ကို တွေ့ရှိရသည်။ ကျွန်ုပ်တို့က သက်ဆိုင်ရာ ငွေကြေးအစုံနှင့် နေရာအရေအတွက်ကို ရွေးချယ်ပါကာ (လိုအပ်ပါက)S/L နှင့်T/P ကိုသတ်မှတ်ပြီး Buy ကိုနှိပ်လိုက်ပါသည်။ Ask ဈေးနှုန်း 1.2453 နှင့် ဝယ်ယူချိန်တွင် Bid ဈေးနှုန်းမှာ 1.2450 (spread မှာ 3 pipsဖြစ်သည်)ဖြစ်နေသည်။ S/L ကို 1.2450 အောက်တွင် ထားရှိနိုင်သည်။ 1.2400 တွင် ထားရှိသည် ဆိုပါစို့။ ဆိုလိုသည်မှာ Bid က1.2400 ရောက်ရှိသည်နှင့် တစ်ပြိုင်နက် positionသည် 53 pips အရှုံးဖြင့် အလိုအလျောက် ပိတ်သွားပါလိမ့်မည်။ T/P ကို 1.2453 အထက်တွင် ထားရှိနိုင်ပါသည်။ 1.2500 တွင်ထားရှိခဲ့သော် Bid က 1.2500 သို့ရောက်ရှိသည်နှင့် တစ်ပြိုင်နက် 47 pips အမြတ်ဖြင့် positionကို အလိုအလျောက်ပိတ်သွားပါလိမ့်မည်။
Sell position များနှင့် စပ်လျဉ်းသော ကနဦးစတင်လေ့လာသူများမှ မေးလေ့ရှိသော မေးခွန်းဖြစ်ပါသည်။ ယင်းကဲ့သို့ဖြစ်ပေါ်ရခြင်းမှာ ကုန်သွယ်သူများသည် spread ကို ထည့်သွင်းစဉ်းစားခြင်း မပြုသောကြောင့် ဖြစ်သည်။ Bid ဈေးနှုန်းတွင် Sell အော်ဒါဖွင့်လှစ်ချိန်တွင် ဇယားတွင် ၎င်းဈေးနှုန်းကို ဖော်ပြပါသည်။ သို့သော် အော်ဒါသည် spread ၏ အရွယ်အစားအရ Bid ဈေးနှုန်းထက်မြင့်မားသော Ask ဈေးနှုန်းတွင် ပိတ်ပါသည်။ Ask ဈေးနှုန်းကို ဖော်ပြရန် F8 ကို ဇယား window ပေါ်တွင်နှိပ်ကာ "General" tab တွင် "Show Ask line"ကို အမှန်ခြစ်ခြစ်ပါ။
၎င်းတို့သည် အော်ဒါတွင် ဖော်ပြသတ်မှတ်ထားသည့် ကိုးကားချက်က ဈေးနှုန်းသို့ ရောက်ရှိသည့်အခါတွင် စတင်လုပ်ဆောင်မည့် အော်ဒါများဖြစ်သည်။ ဈေးကွက်အတွင်းရောင်းဝယ်မှုက အော်ဒါတွင် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း သို့မဟုတ် ဈေးနှုန်းပိုမြင့်သည့်အခါတိုင်းတွင် အော်ဒါကန့်သတ်မှု (အဝယ်ကန့်သတ်မှု/အရောင်းကန့်သတ်မှု)တို့ကို လုပ်ဆောင်သည်။ ရပ်ဆိုင်းသည့်အော်ဒါများ (အဝယ်ရပ်တန့်/အရောင်းရပ်တန့်)တို့သည် ဈေကွက်အတွင်းရောင်းဝယ်မှုက အော်ဒါတွင်သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း သို့မဟုတ် ပိုမိုလျော့နည်းသည့် ဈေးနှုန်း ရောက်ရှိမှသာ လုပ်ဆောင်သည်။ အဝယ်ရပ်တန့်ခြင်းသည် ပေါက်ဈေးအထက်တွင်ထားရှိပြီး အရောင်းရပ်တန့်ခြင်းသည် ပေါက်ဈေး အောက်တွင် ထားရှိပါသည်။
ငွကြေးအမျိုးအစားအားလုံးအတွက် အော်ဒါတွင် ဖော်ပြထားသည့် ဈေးနှုန်းသည် လက်ရှိ ပေါက်ဈေးနှုန်းနှင့် ကွာခြားမှုရှိနိုင်သည်။ position၏ ဦးတည်ရာအပေါ် မူတည်ကာ အနည်းဆုံး ၎င်းအစုံ၏ spread အရွယ်အစားဖြင့် "Bid" သို့မဟုတ် "Ask" ကိုလုပ်ဆောင်ပါ။ စောင့်ဆိုင်းနေသော အော်ဒါ S/L သို့မဟုတ် T/P ကို "ကုန်သွယ်ပစ္စည်းများမှာ"Stop&Limit" ကော်လံတွင် ဖော်ပြထားသော လက်ရှိ ပေါက်ဈေးနှုန်းနှင့် နီးကပ်စွာ ထားမရပါ။
"ပမာဏ" ဆိုသည်မှာ "lots" ဖြင့် တိုင်းတာသည့် အော်ဒါပမာဏ ဖြစ်ပါသည်။ ကုန်သွယ်မှု ပစ္စည်းတစ်ခုခြင်းစီအတွက် lot ၏ အရွယ်အစားကို"ကုန်သွယ်မှု ပစ္စည်းများ"တွင် ဖော်ပြထားပါသည်။ ဈေးကွက်အတွင်း ဝင်ရောက်စဉ် အသုံးပြုနိုင်သော ပမာဏကို "ကုန်သွယ်သူ၏ ဂဏန်းတွက်စက်"၏ အကူအညီဖြင့် တွက်ချက်နိုင်ပါသည်။
"အော်ဒါအသစ်" ခလုတ်ကို အသုံးမပြုနိုင်ပါက ရင်းနှီးမြှုပ်နှံသူ စကားဝှက်ကို အသုံးပြုထားသောကြောင့် ဖြစ်သည်။ ကုန်သွယ်မှုအကောင့်တွင် ကုန်သွယ်ရန် ကုန်သွယ်သူ၏ စကားဝှက်ကိုအသုံးပြုပါ။ ကုန်သွယ်သူ စကားဝှက်ဖြင့် ကုန်သွယ်မှုအကောင့်အတွင်းသို့ ဝင်ရောက်ပါက သင့်အနေဖြင့် စီမံခန့်ခွဲနိုင်ပါသည်။ ကုန်သွယ်သူ စကားဝှက်ကိုအသုံးပြုခြင်းဖြင့် positions ကို ဖွင့်ခြင်း၊ ပိတ်ခြင်း၊ ပြင်ဆင်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူ စကားဝှက်သည် အကောင့်အား ဆန်းစစ်ရန် အသုံးပြုရပါသည်။ သို့ဖြစ်ရာ ကုန်သွယ်မှုအကောင့်အတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်သော်လည်း positions ကို ဖွင့်ခြင်း၊ ပိတ်ခြင်း၊ ပြင်ဆင်ခြင်း တို့ကို မပြုလုပ်နိုင်ပါ။
ဤပြဿနာသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်-
1) သင်သည် မှားယွင်းသော အကောင့်ဝင်ရောက်သည့်အချက်အလက်ကို အသုံးပြုထားသည်။ အကောင့်ဝင်ရန်မှာ သင့်အကောင့်အမည်၏ နံပါတ်များကိုသာ အသုံးပြုပါ။ ဥပမာအားဖြင့်၊ သင့်အကောင့်နံပါတ်သည် MT4-R-12345 ဖြစ်လျှင် ဝင်ရောက်ရန် 12345 ကို အသုံးပြုပါ။
2) သင်သည် မှားယွင်းသော စကားဝှက်ကို အသုံးပြုထားသည်။ ကျေးဇူးပြု၍ မှန်ကန်သော စကားဝှက် ထည့်ထားကြောင်း သေချာပါစေ။ သင့်ကုန်သွယ်မှုအကောင့်၏စကားဝှက်ကို မေ့သွားပါက သို့မဟုတ် ပျောက်ဆုံးသွားပါက၊ Client Profile တွင် ၎င်းကို ပြန်လည်သတ်မှတ်နိုင်ပါသည်။ အပိုဒ် 1.19 မှ အကြံပြုချက်ကို အသုံးပြုပါ။
3) သင့်အကောင့်သည် အသုံးမပြုသည့်အကောင့်အဖြစ်သတ်မှတ်ခံရခြင်း နှင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်နိုင်သည်။ အပိုဒ် 1.23 ကို ကြည့်ပါ။
အကြောင်းအရင်းများမှာ အောက်ပါအတိုင်းဖြစ်နိုင်ပါသည်။
- ကုန်သွယ်မှုအကောင့်ကို ဆက်သွယ်ရန် မှားယွင်းသော ဆာဗာကို အသုံးပြုနေပါသည်။ သင်၏ ကုန်သွယ်မှုအကောင့်ကို ဆာဗာအမည်အစား IP လိပ်စာဖြင့် ဆက်သွယ်ကြည့်ပါ။ တာမင်နယ်ချိတ်ဆက်မှုအတွက် သင့်လျော်သော ဒေတာစင်တာတစ်ခု၏ IP လိပ်စာကို ရယူရန်၊ ကျေးဇူးပြု၍ တိုက်ရိုက်ဆက်သွယ်ခြင်း သို့ ဆက်သွယ်ပြီး အကောင့်အမည်အပြည့်အစုံနှင့် သင်ချိတ်ဆက်ရန် ကြိုးစားနေသည့် နိုင်ငံကို ပေးပါ။ ဥပမာ၊ အကောင့် MT4-R-12345၊ ဘရာဇီး။
- အင်တာနက်ကွန်နက်ရှင်မရှိခြင်း
- သင်သည် အင်တာနက်ကို proxy ဆာဗာမှ တစ်ဆင့် ဝင်ရောက်နေခြင်း ဖြစ်နိုင်ပါသည်။ သင်သည် ကုမ္ပဏီတစ်ခု၏ ကွန်ယက်ကိုအသုံးပြုနေပါကလည်း ဖြစ်နိုင်ပါသည်။ သင်၏ system administrator မှ proxy လိပ်စာနှင့် အင်တာနက်ကို ချိတ်ဆက်ရန် အသုံးပြုသည့် port ကိုစစ်ဆေးရန် လိုအပ်ပါသည်။ ထို့နောက် အင်တာနက်ကို ချိတ်ဆက်ပြီး အောက်ပါ အချက်အလက်များကို တာမင်နက် ဆက်တင်များတွင် ဖြည့်စွက်ပါ( "ကိရိယာများ" / "ရွေးချယ်စရာများ" / "ဆာဗာ" / "proxy ဆာဗာ ဖွင့်ထားသည်"ကိုစစ်ဆေးပါ / "proxy" ခလုတ်ကို နှိပ်ပါ / လိပ်စာနေရာတွင် proxy ဆာဗာ၏ port၊ login နှင့် စကားဝှက်တို့ကို ရိုက်ထည့်ပါ။);
- firewall ပရိုဂရမ် (anti-virus ဆော့ဝဲများ) သည် ကုန်သွယ်မှု တာမင်နယ်ကို ဘလော့လုပ်ထားပါသည်။ ဝင်းဒိုး၏ firewall သည်လည်း firewall ပရိုဂရမ် တစ်ခုဖြစ်ပါသည်။ ထိုနေရာတွင် "MetaTrader" ကိုထည့်သွင်းကာ ခွင့်ပြုထားသော ပရိုဂရမ်များ၏ စာရင်းကို ဖြည့်သွင်းရန် လိုအပ်ပါသည်။
သတိ! အောက်ပါလုပ်ရပ်များကို ဆောင်ရွက်နိုင်ရန် သင်၏ ကွန်ပြူတာအား ပြန်လည်စတင်ရန်လိုအပ်ပြီး administrator အဖြစ်ဝင်ရောက်ရပါမည်။ command prompt တွင် commandများကို ရေးသားရန်လိုအပ်သဖြင့် သင့်အနေဖြင့် လုပ်ဆောင်ချက်များကို တသွေမတိမ်းလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်များမှာ ဝင်းဒိုးကွန်ပြူတာအသုံးပြုသူများအတွက်သာဖြစ်သည်။ သင်သည် MAC အသုံးပြုသူတစ်ဦးဖြစ်ပါက Apple ၏ဆိုဒ်ပေါ်တွင် DNS cache မည်သို့ရှင်းလင်းနိုင်ကြောင်းကို ဖတ်ရှုနိုင်ပါသည်။
သင့်အနေဖြင့် အင်တာနက်ကို ဆက်တိုက်အသုံးပြုနေခဲ့ပါက သင်၏ကွန်ပြူတာသည် IP လိပ်စာများနှင့် ဒိုမိန်းအမည်စနစ်မှ အခြားအချက်အလက်များကို အလိုအလျောက် စုဆောင်းထားပါသည်။ cache များကို ဖယ်ရှားခြင်းက အချက်အလက်များကို အဆင့်မြှင့်တင်ပေးပြီး ဆက်သွယ်ရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့် အချက်အလက်အဟောင်များကို ဖျက်ပေးပါသည်။
Windows 10
1. Windows နှင့် X ကိုနှိပ်ပါ။
2. “Command prompt (administrator)"ကိုရွေးချယ်ပါ
3. ipconfig/flushdns ကိုရိုက်ပြီး Enter ခေါက်ပါ။
4. ipconfig /registerdns ကိုရိုက်ပြီး Enter ခေါက်ပါ။
5. ipconfig /release ကိုရိုက်ပြီး Enter ခေါက်ပါ။
6. ipconfig /renew ကိုရိုက်ပြီး Enter ခေါက်ပါ။
7. netsh winsock reset ကိုရိုက်ပြီး Enter ခေါက်ပါ။
8. ကွန်ပြူတာကို ပိတ်ပြီးပြန်ဖွင့်ပါ
Windows 7 နှင့် Windows 8
1.desktop ပေါ်သို့သွားပါ။
2. Windows နှင့် X ကိုနှိပ်ပါ။ (“Run" window ပေါ်ထွက်လာစေရန်)
3. cmd ကိုရိုက်ပြီး Enter ခေါက်ပါ။ (A command prompt will open)
4. ipconfig /flushdns ကိုရိုက်ပြီး Enter ခေါက်ပါ။
5. ipconfig /registerdns ကိုရိုက်ပြီး Enter ခေါက်ပါ။
6. ipconfig /release ကိုရိုက်ပြီး Enter ခေါက်ပါ။
7. ipconfig /renew ကိုရိုက်ပြီး Enter ခေါက်ပါ။
8. netsh winsock reset ကိုရိုက်ပြီး Enter ခေါက်ပါ။
9. ကွန်ပြူတာကို ပိတ်ပြီးပြန်ဖွင့်ပါ
The "ဈေးကွက်စောင့်ကြည့်သူ" window သည် တာမင်နယ်အချိန်ကို ပြသထားပါသည်။ ၎င်းအား ပြောင်းလဲရန် မဖြစ်နိုင်ပါ။ မတ်လ၏ နောက်ဆုံး တနင်္ဂနွေနေ့မှ အောက်တိုဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့အထိ ကာလအတွင်း GMT+3 ဖြင့် လုပ်ဆောင်ပါသည်။ ကျန်ရှိသည့် ကာလတွင်မူ GMT+2 ဖြင့် လုပ်ဆောင်ပါသည်။
A message "Trade stream busy"ဟူသည့်စာသားပေါ်ရခြင်းမှာ ကုန်သွယ်မှု လုပ်ဆောင်ချက်အောင်မြင်စွာ မဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။ (ဥပမာ။ ယခင် လုပ်ဆောင်ချက်မှ ရလာဒ်များ မရရှိသေးခင် ကုန်သွယ်မှုအော်ဒါအသစ်ကို ပေးပို့လိုက်သည့်အခါ)။ ၎င်းမှာ ကုန်သွယ်မှု ဆဗာများအကြောင်း ယာယီဆက်သွယ်မှုအနှောင့်အယှက် ကြောင့် ဖြစ်နိုင်သည်။ သို့ဖြစ်ရာ သင်၏ အော်ဒါအသစ်သည် သုံးစွဲသူ၏ တာမင်နယ်တွင် တန်းစီနေပါလိမ့်မည်။ မည်သည့် လုပ်ဆောင်ချက်ကို မဆို ဆောင်ရွက်ရန် ပြုလုပ်သည့်အခါ အဆိုပါ စာသားပေါ်လာပါလိမ့်မည်။ ‘တောင်းဆိုချက်စာရင်းကို ရှင်းလင်းဖယ်ရှားရန် တာမင်နယ်ကို restart လုပ်ပါ’။
အကောင့်သမိုင်းကြောင်း ပျောက်ကွယ်းသွားပါက သင့်အနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်ရန် လိုအပ်ပါသည်
1. ကွန်ပြူတာ စနစ်၏ အချိန်နှင့်နေ့စွဲ မှန်ကန်မှုရှိမရှိစစ်ဆေးပါ။
2. "အကောင့်သမိုင်းကြောင်း" tab ပေါ်တွင် right click ထောက်ပြီး "သမိုင်းအားလုံး" ကိုရွေးချယ်ပါ။ မည်သည့်ကာလအပိုင်းအခြားအတွက်မဆို သင်ကြည့်ရှုလိုသော သမိုင်းကြောင်းအား ရွေးချယ်နိုင်ပါသည်။
ကုန်သွယ်သူ ဂဏန်းပေါင်းစက် ဖြင့် တွက်ချက်နိုင်ပါသည်။ . တွက်ချက်မှု ဖော်မြူလာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။-
သွင်းငွေငွေကြေး၏ ပွိုင့်စရိတ် -
(USD သို့ ၎င်းငွေကြေးကြားကန့်လဲလှယ်နှုန်း) х (lots ဖြင့် အော်ဒါပမာဏ) х ၁၀၀၀၀၀х (ပွိုင့်) / (လက်ရှိနှုန်း)
ငွေကြေးအစုံနှင့် ပထမ ငွေကြေးသည် လဲလှယ်သည့်ငွေကြေးဖြစ်သည်။
ဥပမာ-
EURJPY=162,30; EURUSD=1,4344;
ပွိုင့် တစ်ခု၏ဈေးနှုန်း (EURJPY) = 1.4344 х 1 х 100000 х 0.01 / 162.3 = 8.83
CFD အတွက် ပွိုင့်၏ တန်ဖိုး
ပမာဏ(lots အရေအတွက်) х စာချုပ်အရွယ်အစား х ဈေးနှုန်းအပြောင်းအလဲ၏ အနည်းဆုံးတန်ဖိုး
"ကုန်သွယ်သူ ဂဏန်းတွက်စက်"ဖြင့် လိုအပ်သည့် မာဂျင် ပမာဏကို တွက်ချက်နိုင်ပါသည်။ တွက်ချက်ရန် ဖော်မြူလာမှာ အောက်ပါအတိုင်း ဖြစ်သည်-
တိုက်ရိုက် ဈေးနှုန်းကိုးကားချက်
မာဂျင်=ရောင်းဝယ်သည့် ပမာဏ x Lot အရွယ်အစား/Leverage
ဥပမာအားဖြင့် 1:200 leverage ရှိသည့် 1 USDCAD lot အတွက် 1x100000/200 = 500 USD ဖြစ်သည်။ ငွေကြေးမှာ USD ဖြစ်သောကြောင့် မာဂျင်ကို ဒေါ်လာဖြင့် တွက်ချက်သည်။ လိုအပ်ပါက အကောင့်ငွေကြေးသို့ ပြောင်းလဲပါ (ဥပမာ၊ EUR): 500/1.10525 = 452.38634 EUR.
သွယ်ဝိုက် ဈေးနှုန်းကိုးကားချက်
Margin=Transaction Volume*Contract size/Leverage
ဤသည်မှာ 1:200 leverage ဖြင့် AUDUSD - 1 lot အတွက် တွက်ချက်မှုဥပမာတစ်ခုဖြစ်သည်။
Margin = 1*100,000/200 = 500 AUD, ဥပမာအားဖြင့် margin သည် 500 AUD ဖြစ်သည်။
ထို့နောက် ရလဒ်ကို အကောင့်သုံးငွေကြေးအဖြစ် ပြောင်းပါ။
အကောင့်ကို USD ဖြင့် သတ်မှတ်ပါက၊ ကုန်သွယ်မှုအဖွင့်စျေးနှုန်းဖြင့် မြှောက်ပါ- 500*0.67628 = 338.14000 USD.
အကောင့်ငွေကြေးသည် EUR ဖြစ်ပါက၊ အထက်ဖော်ပြပါ ဥပမာတွင်ကဲ့သို့ margin ကို USD ဖြင့် အရင်တွက်ချက်ပါ၊ ထို့နောက် ရလဒ်ကို ယူရိုအဖြစ် ပြောင်းပါ-
338.14000 USD*1.10525 = 373.72924 EUR.
Cross rates:
Margin=Transaction Volume*Contract size/Leverage
ဥပမာ၊ 1:200 leverage ဖြင့် GBPJPY 1 lot အတွက် Margin = 1x100000/200 = 500 GBP ဖြစ်သည်
မာဂျင်တန်ဖိုးကို အခြေခံငွေကြေးဖြင့် အမြဲဖော်ပြပါသည်။ (အတွဲရှိ ရှေ့ငွေကြေး)
ထို့နောက်၊ ရလဒ်ကို အကောင့်ငွေကြေးအဖြစ် ပြောင်းပါ။
အကောင့်ကို USD ဖြင့် သတ်မှတ်ပါက၊ ကုန်သွယ်မှုအဖွင့်စျေးနှုန်းဖြင့် မြှောက်ပါ-
500*1.31281 = 656.40500 USD.
အကောင့်ငွေကြေးသည် EUR ဖြစ်ပါက၊ အထက်ဖော်ပြပါ ဥပမာတွင်ကဲ့သို့ margin ကို USD ဖြင့် အရင်တွက်ချက်ပါ၊ ထို့နောက် ရလဒ်ကို ယူရိုအဖြစ် ပြောင်းပါ-
656.40500 USD*1.10525 = 725.49163 EUR.
အညွှန်းကိန်းများ:
Margin=Transaction volume x Contract size x Current Price x Margin%/100
ဥပမာ၊ သတ်မှတ်ချက်အရ FTSE 1 lot အတွက် Contract size = 1, margin = 1%, margin currency=GBP.
Liquidity provider အပေါ် မူတည်ပြီး CFDs များကဲ့သို့ တွက်ချက်နိုင်သောကြောင့် သက်ဆိုင်ရာ စတော့အညွှန်းအမျိုးအစားများ၏သတ်မှတ်ချက်ရှိ အဆိုပါစတော့များအတွက် မာဂျင်တွက်ချက်မှုအမျိုးအစားကို ဦးစွာစစ်ဆေးရန် လိုအပ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။
Margin = 1*1*8390.1*1/100=83.9 GBP. အကောင့်ငွေကြေးသို့ ပြောင်းပါ (ဥပမာ- USD)
83.9*1.31281 = 110.1 USD.
စတော့ရှယ်ယာများနှင့် ကုန်စည်အတွဲများဆိုင်ရာ CFDs
Margin=Transaction volume x Contract size x Opening Price x Margin%/100
ကုန်သွယ်ရေးအမျိုးအစားတစ်ခု၏သတ်မှတ်ချက်တွင် ရေနံအတွက်လိုအပ်သော မာဂျင်တွက်ချက်မှုအမျိုးအစားကို ဦးစွာစစ်ဆေးရန် လိုအပ်ကြောင်း သတိပြုပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဈေးကွက်အတွက်ဈေးနှုန်းသတ်မှတ်ပံ့ပိုးပေးသူပေါ်တွင်မူတည်သောကြောင့်ဖြစ်ပြီး ၎င်းကို အခြားအညွှန်းကိန်းတစ်ခုကဲ့သို့ တွက်ချက်နိုင်သည်။
Futures:
မာဂျင် = အရောင်းအဝယ် ပမာဏ x ကနဦး မာဂျင် x မာဂျင်%/100
ကနဦး မာဂျင်နှင့် မာဂျင်% တို့ကို ကုန်သွယ်မှု တာမင်နယ်အတွင်းရှိ ဘဏ္ဍာရေး ကိရိယာ၏ သတ်မှတ်ချက်တွင် ဖော်ပြထားသည်။
သတ်မှတ်ထားသော ရက်စွဲတွင် အရောင်းအဝယ်တစ်ခုကို အတင်းအကျပ် ပိတ်သိမ်းခြင်းနှင့် ငွေကြေးနှစ်ခု၏ အတိုးနှုန်းကွာခြားမှုကို ထင်ဟပ်သည့် ဈေးနှုန်းများဖြင့် လာမည့်ကုန်သွယ်ရေးရက်တွင် တူညီသောကုန်သွယ်မှုကို တစ်ပြိုင်နက်ဖွင့်ခြင်းမှတစ်ဆင့် ကုန်သွယ်မှုတစ်ခုအား နောက်နေ့သို့ လွှဲပြောင်းပေးပါသည်။ အရောင်းအဝယ်၏ ဦးတည်ချက်အပေါ် မူတည်၍ (အရောင်း သို့မဟုတ် အဝယ်)၊ ကုန်သည်သည် သယ်ယူခကို လက်ခံခြင်း သို့မဟုတ် ပေးဆောင်ရမည်ဖြစ်သည် (ပွိုင့်၏ ဆယ်ပုံတစ်ပုံမှ ပွိုင့်အများအပြားအထိ)။ ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ အရောင်းအဝယ်တစ်ခုကို လွှဲပြောင်းသည့်အခါ (သတ်မှတ်ရက်များအလိုက်) အခကြေးငွေ ကောက်ခံခြင်း/ပေးဆောင်ခြင်းသည် သုံးဆတိုးလာမည်ဖြစ်သည်။
ကုန်သည်အနေဖြင့် အရောင်းအဝယ်တစ်ခုအား ဆက်လက်ထားရှိခြင်းအတွက် အဘယ်ကြောင့် ငွေလက်ခံရရှိခြင်း သို့မဟုတ် ငွေပေးဆောင်ရသနည်း ။
ကုန်သည်အနေဖြင့် ဈေးကွက်ပိတ်ချိန်တွင် အချို့သော အရောင်းအဝယ်များရှိနေသေးပါက အရောင်းအဝယ်တစ်ခုကို ဆက်လက်ထားရှိရန်အတွက် ငွေပေးချေမှု သို့မဟုတ် ငွေလက်ခံရရှိမှု ဖြစ်ပေါ်သည် ။ ကုန်သည်အသုံးပြုနေသောငွေကြေးစနစ်သည် ငွေကြေးလဲလှယ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည့် နိုင်ငံတော်ဗဟိုဘဏ်များ၏ နှုန်းထားများကြား ကွာခြားချက်ဖြစ်သောကြောင့်ဖြစ်သည်။
ဤကွာခြားချက်သည် swap points ဖြင့် ထည့်သွင်းထားသည်။ အကယ်၍ ကုန်သည်သည် မြင့်မားသောအတိုးနှုန်းဖြင့် ငွေကြေးကို ရောင်းချပါက၊ အရောင်းအဝယ်လွှဲပြောင်းမှုအတွက် ငွေပေးချေရမည်ဖြစ်သည်။ အကယ်၍ သူသည် မြင့်မားသောအတိုးနှုန်းဖြင့် ငွေကြေးကို ဝယ်ယူပါက၊ အကျိုးဆောင်အနေဖြင့် ၎င်းအား အရောင်းအဝယ်လွှဲပြောင်းမှုအတွက် ငွေပေးချေမည်ဖြစ်သည်။
ဤသယ်ယူခကို "swap" ဟုခေါ်သည်။ ကျွန်ုပ်တို့၏ blog တွင် Forex swaps အကြောင်း ပိုမိုဖတ်ရှုနိုင်ပါသည် ။
သောကြာမှ တနင်္လာနေ့အထိ အရောင်းအဝယ်တစ်ခုကို လွှဲပြောင်းသောအခါ၊ ကောက်ခံ/ပေးဆောင်သည့် ပမာဏသည် သုံးဆတိုးလာသည် (ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့ညအထိ ဆိုလျှင် သုံးဆ ပေးချေခြင်း/ကောက်ခံခြင်း)။
သင်ဆန္ဒရှိသလောက်ပြုလုပ်နိုင်ပါသည်။ သို့ရာတွင် သင်၏ကုန်သွယ်မှုအား ပလက်ဖောင်းနာရီ(စာပိုဒ် 4.16ကိုကြည့်ပါ)ဖြင့် ည၁၂နာရီ(00:00) နောက်ပိုင်းထိ ဆက်လက်ဖွင့်လှစ်ထားပါက Swapအဖိုးအခ(တညကူးပြောင်းကြေး)အား ၂၄နာရီပြည့်မြောက်တိုင်း ပေးချေရမည် သို့မဟုတ် နှုတ်ယူမည်ဖြစ်ပါသည်။
သမရိုးကျအားဖြင့် ဆိုရသော် ရေရှည် position ဆိုသည်မှာ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်းတွင် အကျိုးအမြတ်ရရှိရန် မျှော်မှန်းထားသည့် အော်ဒါ တစ်မျိုးဖြစ်ပါသည်။ အလယ်အလတ် အဝင်အထွက်များသည် ရက်သတ္တပတ်များ သို့မဟုတ် လ အတွင်း အမြတ်ရရှိရန် မျှော်မှန်းထားသည့် အပေးအယူများဖြစ်သည်။ ရေတိုအဝင်အထွက်များမှာ ရက်သတ္တပတ် ၁ပတ်မှတ် ၃ ပတ်အတွင်း မျှော်မှန်းချက်များကို ရောက်ရှိနိုင်သည့် လုပ်ငန်းစဉ်များဖြစ်သည်။ Positions များ၏ အသုံးအနှုန်းများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ဘဏ်များနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများက လက်ခံသည့်အပြင် စျေးကွက်ခန့်မှန်းချက်များ ပြုလုပ်သည့် လေ့လာသုံးသပ်သူများကလည်း အသုံးပြုသည်။ သို့သော် သာမာန် ကုန်သွယ်သူများအတွက် ရေတို နှင့်ရေရှည် လုပ်ငန်းစဉ်များအတွက် မတူညီသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရှိနေနိုင်သည်။ နေ့ချင်းပြီး transaction ဆိုသည်မှာ တစ်ရက်အတွင်း ငွေအဝင်အထွက် ပြုလုပ်ခြင်းဖြစ်သည်။ လာမည့်ရက်အနည်းအငယ်အတွက် ကုန်သွယ်ခြင်းကို ရေတို ဟုခေါ်သည်။ အလတ်အလတ် လုပ်ဆောင်ချက်များမှာ နောက် တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း လုပ်ဆောင်မည့် လုပ်ငန်းစဉ်များဖြစ်ပြီး ရေရှည် အဝင်အထွက်များမှာ နောက် တစ်လ သို့မဟုတ် နှစ်လ အတွင်း ဖြစ်သည်။ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ တရားဝင်လက်ခံထားခြင်းမရှိသည့် Forex ရှိ သာမာန် ကစားသူများမှ လက်ခံအသုံးပြုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်သည်။
ဖွင့်ထားသော အရောင်းအဝယ်များကို ထိန်းသိမ်းရန် မာဂျင် လိုအပ်ချက်သည် ဘောနပ်စ်ငွေပမာဏထက်နည်းပါက၊ equity level သည် မာဂျင် လိုအပ်ချက် level အောက်သို့ လျော့ကျသည်နှင့် Stop Out သည် ဖြစ်ပေါ်လာမည်ဖြစ်သည်။
ပွင့်နေသော အရောင်းအဝယ်များကို ထိန်းသိမ်းထားရန် လိုအပ်သည့် မာဂျင်သည် ဘောနပ်စ်ငွေပမာဏ နှင့် ညီမျှခြင်း သို့မဟုတ် ပိုများနေပါက equity ပမာဏ သည် ဘောနပ်စ်ပမာဏသို့ ရောက်ရှိသည့်အခါ သို့မဟုတ် မာဂျင်ပမာဏသည် မာဂျင်ရာခိုင်နှုန်း၏ ၂၀%( CENT အကောင့်များအတွက် ၅၀%)သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် Stop Out ဖြစ်ပေါ်ပါလိမ့်မည်။
Credit Stop Out ဖြစ်ပေါ်လာပါက အရောင်းအဝယ်များကို မဖြစ်မနေပိတ်ရန် လုပ်ဆောင်ပေးသည့် ဆာဗာမှ အကောင့်၏လက်ရှိအခြေအနေအား ထိန်းချုပ်ထားသည်။ Credit Stop Out ကို ဦးဆုံးဖြစ်ပေါ်ခြင်း၊ ဦးဆုံးဆောင်ရွက်ပေးခြင်းအပေါ် အခြေခံ၍ လက်ရှိစျေးကွက်ပေါက်စျေးဖြင့် လုပ်ဆောင်ပါသည်။
"trailing stop" ကိုသင်သတ်မှတ်သည့်အခါတွင် (ဥပမာအားဖြင့် ပွိုင့် X ခု)၊ အောက်ပါ လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါသည်။-
Position မှ X ပွိုင့်(trailing stop တွင် သတ်မှတ်ထားသည့် ပမာဏ) အထိ အမြတ်အစွန်းရရှိသည်အထိ တာမင်နယ်က စောင့်ဆိုင်းပါသည်။ ထို့နောက် တာမင်နယ်သည် X ပွိုင့်နှင့် လက်ရှိ ပေါက်စျေးအကြား အကွာအဝေးကို"stop loss" ကို သတ်မှတ်လိုက်ပါသည် (ကျွန်ုပ်တို့ ကိစ္စတွင်မူ အရင်းကျေသည့် နေရာဖြစ်သည်)။
"stop-loss" နှင့် လက်ရှိ ပေါက်စျေးအကြား အကွာအဝေးအတွက် ရရှိသည့် ကိုးကားချက်များမှာ X ပွိုင့် ထက်များခဲ့သော် တာမင်နယ်သည် Stop-Order ကို X ပွိုင့်နှင့် လက်ရှိ ပေါက်စျေးအကြား အကွာအဝေးသို့ပြောင်းလဲရန် အမိန့်ကို သတ်မှတ်ပါလိမ့်မည်။ သို့ဖြစ်ရာ "trailing stop" သည် "stop-loss" အော်ဒါကို ထိန်းချုပ်ရန် တွက်ချက်မှုဖြစ်ရာ – "အမြတ်ဆီသို့ စျေးနှုန်းရွှေ့လျားမှု" ဟုခေါ်ပါသည်။
သတိပြုရန်! "trailing stop" သည် တာမင်နယ်အတွင်းပိုင်း လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး သင်၏ ကုန်သွယ်မှု တာမင်နယ်ဖွင့်ထားပြီး အင်တာနက်မှ တစ်ဆင့် ကျွန်ုပ်တို့၏ ဆာဗာနှင့် ချိတ်ဆက်ထားမှသာ လုပ်ဆောင်မှု ပြုလုပ်ပါသည်။ "trailing stop"ကို သတ်မှတ်ထားပြီး သင်၏ တာမင်နယ်ကို ပိတ်လိုက်ပါက last stop ၏ တန်ဖိုးမှာ ဆာဗာတွင် အတည်ပြုထားပြီးဖြစ်ပါလိမ့်မည်။
MT4 နှင့် MT5 ရှိ အရောင်းအဝယ်များအား အလိုအလျောက်ပြောင်းပြန်ပြုလုပ်ခြင်းကို ကျွန်ုပ်တို့၏ကုမ္ပဏီတွင် ကျင့်သုံးမည်မဟုတ်ပါ။ သို့သော် ၎င်းကို အောက်ပါနည်းလမ်းအနည်းငယ်ဖြင့် ကိုယ်တိုင်လုပ်ဆောင်နိုင်သည်-
1. ဆန့်ကျင်ဘက်အရောင်းအဝယ်ကိုဖွင့်ပြီး ပထမတစ်ခုကိုပိတ်လိုက်ပါ။
2. ဆန့်ကျင်ဘက်အရောင်းအဝယ်ကို များပြားသော ပမာဏဖြင့် နှစ်ကြိမ်ဖွင့်ပြီး "Multiple Close by Opposite Position" ဟူသော ရွေးချယ်မှုကို အသုံးပြု၍ ပထမတစ်ခုကိုပိတ်ပါ။ ရလဒ်အနေဖြင့် "ပြောင်းပြန်ပြုလုပ်ထားသော အရောင်းအဝယ်" သာကျန်ခဲ့သည်။ ထို့ကြောင့် သင်သည် အပိုဒ် 1 နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဆန့်ကျင်ဘက်အရောင်းအဝယ်အတွက် ဝယ်ရောင်းဈေးကွာဟချက်ကို ရှောင်ရှားနိုင်သည်၊ အဘယ့်ကြောင့်ဆိုသော် ပထမအရောင်းအဝယ်ကိုပိတ်ရန်၊ ဒုတိယအရောင်းအဝယ်၏အဖွင့်စျေးနှုန်းကို အသုံးပြုပြီး ဒုတိယအရောင်းအဝယ်ကို ပိတ်ရန် ပထမအရောင်းအဝယ်၏ အဖွင့်စျေးနှုန်းကို အသုံးပြုသောကြောင့်ဖြစ်သည်။
"Market watch" ဝင်းဒိုးပေါ်ရှိ မည်သည့် ကုန်ပစ္စည်းကိုမဆို right-click ထောက်ပြီး "Show all"ကိုရွေးချယ်ပါ။ သို့မဟုတ် "Symbols" ကိုရွေးချယ်ပြီး သင်စိတ်ဝင်စားရာ ကုန်သွယ်မှုပစ္စည်းကို ညွှန်းဆိုပါ။
"ထောက်ပံ့မှု" နှင့် "ခုခံမှု" တို့သည် J. Dow ၏ သီအိုရီမှ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု သဘောတရားများ ဖြစ်သည်။ ထောက်ပံ့မှုအဆင့်သည် လက်ရှိ စျေးကွက်ပေါက်စျေးအဆင့်ထက် နိမ့်ပြီး စျေးနှုန်းထားများသည် အထက်သို့ တန်ပြန်ဆန်တက်နိုင်ကြောင်း အကြံပြုထားသည်။ ခုခံမှုအဆင့်ဆိုသည်မှာ လက်ရှိ စျေးကွက်ပေါက်စျေး၏ အထက်တွင်ရှိပြီး စျေးနှုန်းများသည် အောက်သို့နိမ့်ဆင်းနိုင်ကြောင်း အကြံပြုထားသည်။
အမြတ် ပွိုင့် ၁၀၀ ကို အမြတ်အစွန်း၏ "ကိန်းဂဏန်း" ဟု ရည်ညွှန်းလေ့ရှိသည်။ စျေးနှုန်းရွေ့လျားမှု ကိန်းဂဏ်းသည် ပွိုင့် ၁၀၀ စျေးနှုန်း ရွေ့လျားမှုဖြစ်သည်။ round ပမာဏကိုလည်း ရံဖန်ရံခါ "the figure"ဟုခေါ်သည်။ ဥပမာအားဖြင့် "EUR/USD သည် ၁၇ ကြိမ်မြောက် ကိန်းဂဏန်းကို ဖြတ်သွားရန်ရှိသည်" ဆိုသည့် စကားရပ်၏ အဓိပ္ပါယ်မှာ နှုန်းထားသည် 1.1700 အဆင့်ထက် မြင့်နေကြောင်း ဆိုလိုသည်။
ငွေကြေးစီမံခန့်ခွဲမှုဆိုသည်မှာ အချိန်နှင့် အခြေအနေပေါ် မမူတည်ဘဲ နှင့် အခြေခံနှင့် နည်းပညာသုံးသပ်ဝေဖန်ချက်များနှင့် စျေးကွက်အတွင်းသို့ဝင်ရောက်ရန် အကောင်းဆုံးပွိုင့်များကိုရှာဖွေလိုခြင်းအစရှိသည့် ကြပ်မတ်သော ကုန်သွယ်မှု နည်းဗျူဟာဘောင်သတ်မှတ်ခြင်းဖြင့် အမြဲတစေ တည်မြဲပြီး မပြောင်းလဲသော နည်းဗျူဟာများဖြင့် ကုန်သွယ်ခြင်း၊ လက်ခံနိုင်သော စွန့်စားမှုများကို စည်းမျဉ်းစည်းကမ်းတစ်ချို့နှင့် ထိန်းကွပ်ခြင်းစနစ်ကိုဆိုလိုသည်။ ကုန်သွယ်သူများအနေဖြင့် ဖိုရမ်များနှင့် ဆွေးနွေးပွဲများတွင် ဆက်တိုက် ဆက်သွယ်မှုများတွင် တိကျခြင်းမရှိတော့သည့်အခါ အဆိုပါ နည်းပညာသည် ပိုမို အခြေခံကျလာခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းသည် ကျယ်ပြန့်လာခဲ့ပြီး နားလည်ရန် ပိုမိုလွယ်ကူလာခဲ့သည်။
သို့ဖြစ်ရာ ငွေကြေးစီမံခန့်ခွဲမှုသည် ရိုးရှင်းသော အခြေခံမူများဖြင့် တည်ဆောက်ထားသည်ဟု မှတ်ယူနိုင်သည်- စာချုပ်တစ်ခုစီတွင် ငွေပေးသွင်းမှု၏ ၁% ထက်ပိုမိုစွန့်စားမှု မပြုလုပ်ရန်အခြေခံမူ၊ စျေးကွက်အတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် အခြေခံမူ(၎င်းက မသဲကွဲသော အခြေအနေများတွင် ပိုမိုကောင်းမွန်သော အခြေအနေများကို ရောက်ရှိရန်စောင့်ဆိုင်းနေခြင်းက ပိုမိုကောင်းမွန်စေသည်)၊ အရောင်းအဝယ်၏ စျေးနှုန်းအဆင့်မှ ၄၀-၆၀ ပွိုင့်အကွာတွင် stop-losses ကိုသတ်မှတ်ထားခြင်း၊ ချက်ခြင်းလက်ငင်း ရရှိနိုင်သည့် ပွိုင့် ၂၀-၃၀နောက်ကိုလိုက်ခြင်းထက် ရေရှည်ကို ပိုမိုအာရုံစူးစိုက်ခြင်းက အမြတ်ပိုမိုများပြားစေနိုင်ပြီး စွန့်စားမှုလည်း နည်းပါးစေနိုင်ခြင်း၊ အခြေခံနှင့် နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်များကို ဖတ်ရှုပြီး ၎င်းသုံးသပ်ချက်များအပေါ်တွင် သင်၏ ကုန်သွယ်မှုနည်းဗျူဟာကို ချမှတ်ခြင်းတို့ ဖြစ်ပါသည်။
အချက်အလက်များကို developer ၏ဆိုဒ်တွင် ရရှိနိုင်ပါသည်- https://www.metaquotes.net/en/metatrader5/algorithmic-trading/mql5.
အသုံးပြုသူများ၏ အကြံပြုချက်များ၊ ညွှန်ပြချက်များနှင့် စာသားများကို http://codebase.mql4.com/တွင် တွေ့ရှိနိုင်ပါသည်။
LiteFinance ဖြင့် ဝင်ငွေရရှိလိုပါက သင့်အနေဖြင့် အောက်ပါ မိတ်ဖက်အစီအစဉ်များ-
- CPS
ကိုရွေးချယ်နိုင်ပါသည်။အဆိုပါ အစီအစဉ်များအားလုံးသည် မတူညီသော ပေါင်းစည်းခြင်း အခွင့်အရေးမျာါ်ကို ပေးစွမ်းပါသည်။ သို့ဖြစ်ရာ သင့်အနေဖြင့် သင်နှင့်အသင့်တော်ဆုံး တစ်ခုကို ရှာဖွေရန် လိုအပ်ပါသည်။ သင်၏ အတွေ့အကြုံ၊ အလားအလာနှင့် ရလာဒ်များအပေါ်တွင် မူတည်ပြီး သင်နှင့်အသင့်တော်ဆုံး အစီအစဉ်ကို ရွေးချယ်နိုင်ပါသည်။
ကုန်သည်များသည် အဆင့်သတ်မှတ်ချက်တွင် အကောင့်များ ဖော်ပြခံရသော ကုမ္ပဏီ၏ သုံးစွဲသူများဖြစ်၍ ၎င်းတို့၏ ကုန်သွယ်မှုအား ကူးယူနိုင်သည်။ မည်သည့်မိတ်ဖက်ပရိုဂရမ်ကို ရွေးချယ်ထားသည်ဖြစ်စေ သင်၏ ရည်ညွှန်းသူသည် ကုန်သည်ထံမှ ကုန်သွယ်မှုအား ကူးယူခဲ့ပါက၊ သင်သည် ကုန်သည်၏ အကျိုးအမြတ်တစိတ်တစိတ်တပိုင်းအား ခံစားခွင့်ရနိုင်ပါသည်။ ရည်ညွှန်းသူ၏ ပါတနာအတွက် အကျိုးအမြတ်ရာခိုင်နှုန်းတခုအား ကုန်သည်မှ သတ်မှတ်ထားပြီးဖြစ်သည်။
ဥပမာ-သင်၏ ရည်ညွှန်းသူသည် ကုန်သွယ်မှုစတင်ကူးယူပြီးနောက်၊ ကုန်သည်ဖြစ်သူသည် အကျိုးအမြတ် 100USD ရရှိခဲ့သည်။ အကယ်၍ ကုန်သည်မှ ကူးယူကုန်သွယ်သူ၏ပါတနာအတွက် အကျိုးအမြတ်၏ 10% ကော်မရှင် သတ်မှတ်ထားပါက၊ သင်ရွေးချယ်ထားသော မိတ်ဖက်ဂရိုဂရမ်အရ ရည်ညွှန်းသူထံမှ ရရှိသော ပုံမှန်ကော်မရှင်အပြင်၊ ကုန်သည်ထံမှ 10USDအား ထပ်ဆောင်းရရှိပါမည်။
သတိပြုရန်။ ။ဤကော်မရှင်အမျိုးအစားအား ကုန်သည်မှပေးအပ်ခြင်း ဖြစ်သည်။ ကုမ္ပဏီမှပေးအပ်ခြင်း မဟုတ်ပါ။ သင့်အတွက် သတ်မှတ်ထားသော ကော်မရှင်နှုန်းထားမှာ ကုန်သည်၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး ကုမ္ပဏီမှ ခြယ်လှယ်ပိုင်ခွင့် မရှိပါ။
"ကုန်သည်၏သတင်းအချက်အလက်" စာမျက်နှာမှ "စာတိုပေးပို့မည်" ခလုပ်ကို နှိပ်၍ ပူးပေါင်းဆောင်ရွက်မှုသတ်မှတ်ချက်များအား ကုန်သည်တယောက်ချင်းစီနှင့် တိုက်ရိုက်ဆွေးနွေးနိုင်ပါသည်။
အစီအစဉ်များကို ကြိုက်နှစ်သက်သလောက် ပါဝင်ခွင့်ရှိပြီး ကမ်ပိန်းများကိုလည်း ကြိုက်နှစ်သက်သလောက် ဖန်တီးခွင့်ရှိပါသည်။
သင်၏ ဆက်စပ်မှုလင့်ခ်ကို အသုံးပြုခဲ့သည့် သုံးစွဲသူ (နှိပ်လိုက်ပြီး ဘရောင်ဆာ၏ လိပ်စာဘားတန်းပေါ်သို့ ကူးယူခြင်း သို့မဟုတ် ဆက်စက်မှုလင့်ခ် ပါဝင်သည့် ကြော်ငြာဘန်နာကိုနှိပ်ခြင်း) ဖြင့် ကျွန်ုပ်တို့၏ ဆိုဒ်အတွင်းသို့ဝင်ရောက်ကာ စာရင်းပေးသွင်းခြင်းဖြင့် သင်၏ ရည်ညွှန်းသူ ဖြစ်လာပါသည်။ ၎င်းမှ သင့်အတွက် အမြတ်အစွန်းများ ရရှိစေနိုင်ပါသည်။
၎င်းသည် "Affiliate" မီနူးတွင် တည်ရှိပြီး သင် ၏ client profile ကို အတည်ပြုပြီး partner လုပ်ဆောင်ခြင်း ဆိုင်ရာ မေးခွန်းများတွင် အဖြေဖြည့်သွင်းပြီးသည်နှင့် ပြသပါမည်။ သင်၏ affilaite link ကို ကြည့်ရန် "Campaigns" ကဏ္ဍသို့ သွားကာ သင်၏ campaigns များထဲမှ တစ်ခုကို နှိပ်ပါ။ လင့်ခ်ကို သီးခြားနယ်ပယ်တစ်ခုတွင် ပြသမည်ဖြစ်ပြီး မောက်စ်ကလစ်ဖြင့် ကူးယူနိုင်သည်။
သင်ကမ်ပိန်းကို ဖန်တီးပြီးသည်နှင့် တစ်ပြိုင်နက် သင်ချက်ခြင်း ဝင်ရောက်စေနိုင်ပါသည်။ ဆက်စပ်မှု မီနူးအောက်ရှိ "ပရိုမို" တွင် မြင်တွေ့နိုင်ပါသည်။ ကျလာသော စာမျက်နှာများနှင့်အတူ ဘန်နာများကိုလည်း အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် စတော့ကုန်သွယ်ရေး ကြေငြာများကို လူတစ်ယောက်က နှိပ်လိုက်သည့်အခါ ၎င်းကို ကျလာသည့်စာမျက်နှာသို့ ခေါ်ဆောင်သွားပါလိမ့်မည်။ ထိုနေရာတွင် အဆိုပါ ကုန်သွယ်မှု၏ အကျိုးကျေးဇူးများနှင့် ရှယ်ယာများတိုးတက်မှုအကြောင်းကို ဖော်ပြပါလိမ့်မည်။ ၎င်းက လာရောက်ကြည့်ရှုသူတစ်ဦးအား စာရင်းတင်သွင်းစေပြီး သင်၏ ရည်ညွှန်းသူတစ်ဦး ဖြစ်လာစေနိုင်ပါသည်။
ဆက်စပ်မှုကော်မရှင် ပမာဏနှင့် ၎င်းအား ပေးချေသည့် နည်းလမ်းမှာ သင်ရွေးချယ်ထားသည့် အစီအစဉ် အပေါ်တွင် မူတည်သည်။ ထပ်ဆောင်း အချက်အလက်များအတွက် အောက်ပါ ပေ့ချ် သို့မဟုတ် ဆက်စပ်မှု သဘောတူညီချက် ကိုကြည့်ရှုပါ။
ကော်မရှင်၏ ပမာဏသည် မိတ်ဖက်မှ အရောင်းအဝယ်များကို ကာကွယ်ထားခြင်း ရှိ၊ မရှိ (hedged) နှင့် ကုန်သွယ်အားကျဆင်းနေစဉ် (drawdown) အတွင်း ဘောနပ်စ်ငွေများကို အသုံးပြုခြင်းအပေါ် မူတည်ပါသည်။
a) အောက်ပါဥပမာကိုကြည့်ပါ- မိတ်ဖက်တစ်ဦးသည် EURUSD 1 lot ဝယ်ယူရန် အရောင်းအ၀ယ်တစ်ခုဖွင့်ပြီးနောက် EURUSD တွင် 0.5 နှင့် 0.3 lot ကို ရောင်းချရန် အရောင်းအ၀ယ်နှစ်ခုကို ချက်ချင်းဖွင့်သည်။ ဆန့်ကျင်သွားသော အရောင်းအဝယ်ပမာဏသည် 1 lot ဖြစ်ပြီး ဆန့်ကျင်ဘက်ဖြစ်နေသည့် အရောင်းအဝယ်၏စုစုပေါင်းပမာဏမှာ 0.8 lots ဖြစ်သည်။ ဤအခြေအနေတွင် ၎င်းသည် ဆန့်ကျင်ဘက်ဖြစ်နေသည့်ပမာဏထက် ပိုများသောကြောင့် ကော်မရှင်သည် ဆန့်ကျင်ဘက်ပြုလုပ်ထားသောပမာဏ 1 lot အတွက်သာ ပေးရမည်ဖြစ်သည်။
b) အောက်ပါဥပမာကိုကြည့်ပါ- မိတ်ဖက်တစ်ဦးသည် EURUSD တွင် 1 lot ဝယ်ယူရန် အရောင်းအ၀ယ်တစ်ခုဖွင့်ပြီး EURUSD တွင် 0.5 နှင့် 0.7 lots ရောင်းချရန် အရောင်းအ၀ယ်နှစ်ခုကို ချက်ချင်းဖွင့်သည်။ ဆန့်ကျင်ဘက်ဖြစ်နေသောအရောင်းအဝယ် ပမာဏသည် 1 lot ဖြစ်ပြီး ဆန့်ကျင်ဘက်ပြုလုပ်ထားသည့် အရောင်းအဝယ်၏ စုစုပေါင်းပမာဏမှာ 1.2 lots ဖြစ်သည်။ ပါတနာသည် ဆန့်ကျင်ဘက်ပြုလုပ်ထားသော ပမာဏ၏ 1 lot အတွက် ကော်မရှင်ရရှိပါမည်။ ဆန့်ကျင်ဘက်ပြုလုပ်သည့်ပမာဏ ပိုများသောကြောင့်၊ ဆန့်ကျင်ဘက်ပြုလုပ်ထားသည့်ပမာဏနှင့် ပြုလုပ်ခဲ့သည့်ပမာဏ 0.2 lots အကြား ကွာခြားချက်အတွက် ပါတနာမှ ကော်မရှင်ခရရှိမည်ဖြစ်သည်။
သတိပြုရန် ကုန်သွယ်မှုများသည် ကာကွယ်မှုပြုလုပ်သည့် လုပ်ငန်းစဉ် (hedging process) တွင် ပါဝင်ပါက၊ ၎င်းတို့သည် မည်မျှကြာခဲ့ပြီ၊ မည်သည့်အစီအစဥ်တွင် ဖွင့်လှစ်ထားသည် သို့မဟုတ် ပိတ်ထားသည်မှာ အရေးမကြီးပါ။ တူညီသောအမျိုးအစားရှိ ကုန်သွယ်မှုစုစုပေါင်းပမာဏကို အမြဲထည့်သွင်းစဉ်းစားသည်။
c) မိတ်ဖက်တစ်ဦးသည် ဘောနပ်စ်ငွေများကို ထပ်ဆောင်းမာဂျင်အဖြစ် အသုံးပြုသည်ဆိုပါစို့။ Margin သည် Free margin အတွင်းရှိ မိတ်ဖက်၏ကိုယ်ပိုင်ငွေ၏ရှယ်ယာထက်ကျော်လွန်နေပါက၊ မိတ်ဖက်၏ကိုယ်ပိုင်ငွေမှရရှိထားသောကုန်သွယ်မှုပမာဏအတွက်သာ ကော်မရှင်ကိုတွက်ချက်မည်ဖြစ်သည်။
စာရင်းဇယားအပြည့်အစုံကို ဆက်စပ်မှုမီနူးအောက်ရှိ "ကမ်ပိန်း" တွင် ရရှိနိုင်ပါသည်။
"ဆက်စပ်မှုအစီအစဉ်" ကဏ္ဍအောက်တွင် ဖော်ပြထားသည့် မည်သည့် နည်းလမ်းနှင့်မဆို ဆက်စပ်မှု ကော်မရှင်ကို ထုတ်ယူနိုင်သည်။ ငွေထုတ်ယူရန် တောင်းခံမှုများကို ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများနှင့်သာ လုပ်ဆောင်ပေးပါမည်။ ငွေထုတ်ယူရန် ပမာဏ ဒေါ်လာ၅၀၀ ကျော်မှသာ ဘဏ်ငွေလွှဲပြောင်းမှုမှ တစ်ဆင့် ငွေထုတ်ယူမှု ပြုလုပ်နိုင်ပါသည်။
သုံးစွဲသူ ပရိုဖိုင်းအတွင်းရှိ ပင်မကုန်သွယ်ရေးအကောင့်တွင် ဆက်စပ်မှုကော်မရှင်အား ကနဦးအစကတည်းက ထည့်သွင်းထားပြီးဖြစ်သောကြောင့် သီးခြားကုန်သွယ်မှုအကောင့်အသစ် ထပ်မံဖွင့်လှစ်ရန် မလိုအပ်ဘဲ အခြားကုန်သွယ်သူများ၏ ကုန်သွယ်မှုများကို ကူးယူနိုင်ပါသည်။
"Autoreferral" ဆိုသည်မှ သင်၏ ကိုယ်ပိုင်ကုန်သွယ်မှုအကောင့်များမှ ကော်မရှင်ရယူခြင်း ဖြစ်ပါသည်။ မိတ်ဖက်သို့မဟုတ် ၎င်း၏ ဆွေမျိုးများ သို့မဟုတ် မိတ်ဖက်၏ ဆက်စပ်သည့် မည်သည်အဖွဲ့အစည်းမျှ ရည်ညွှန်းသူအဖြစ် ဆောင်ရွက်ခြင်းမပြုနိုင်ပါ။
"Campaigns" tab ထဲတွင် "ရည်ညွှန်းသူများ ကွန်ယက်" လင့်ခ်ကိုနှိပ်ခြင်းအားဖြင့် သင်၏ရည်ညွှန်းသူများ၏ စာရင်းကို ရှာဖွေတွေ့ရှိနိုင်ပါသည်။
ရည်ညွှန်းသူဦးရေကို ကန့်သတ်ထားခြင်းမရှိပါ - ရည်ညွှန်းသူများများ ခေါ်ဆောင်လာနိုင်လေလေ၊ သင့်အနေဖြင့် ပိုမိုအမြတ်ရရှိနိုင်လေလေပါပဲ။
သင်၏ပထမဆုံး cTrader အကောင့်ကိုဖန်တီးပြီးနောက် LiteFinance ရှိ Client Profile နှင့် ချိတ်ဆက်ထားသော cTrader ID (cTID) ကို သင့်အီးမေးလ်သို့ ပေးပို့ပါသည်။ cTID သည် real အကောင့် နှင့် demo အကောင့် အပါအဝင် သင်၏ LiteFinance cTrader အကောင့်များအားလုံး ပလက်ဖောင်းအတွင်းဝင်ရောက်ရန်အတွက် လော့အင်နှင့် စကားဝှက်ကို တမျိုးတည်းဖြင့် အသုံးပြုခွင့် ပြုထားသည်။
cTID ကို Spotware Systems ကုမ္ပဏီမှ ပံ့ပိုးပေးထားသောကြောင့် LiteFinance Client Profile သို့ လော့အင်ဝင်ရန်အတွက် အသုံးမပြုနိုင်ကြောင်း သတိပြုပါ။
cTrader ဖြင့် သင့်ပရိုဖိုင်ကို ဖန်တီးပြီးသည်နှင့် cTrader ID ကို သင့်အီးမေးလ်သို့ ပေးပို့ပါမည်။ အဆိုပါ ID သည် တူညီသော အီးမေးလ်လိပ်စာဖြင့် ချိတ်ဆက်ထားသော သင်၏ cTrader အကောင့်များအားလုံးဝင်ရောက်ခွင့်ကို ရရှိနိုင်မည်ဖြစ်သည်။ ပလပ်ဖောင်း၏ ညာဘက်အပေါ်ထောင့်ရှိ ကုန်သွယ်မှုအကောင့်များအား တစ်ခုနှင့်တစ်ခု ရွှေ့ပြောင်း၍ဝင်ရောက်နိုင်သည်။
ကုန်သွယ်ရေးအော်ဒါအသစ်တခုကိုဖွင့်ရန်၊ နှစ်သက်ရာပိုင်ဆိုင်မှု၏ ဇယားကိုဖွင့်၍ F9 ကိုနှိပ်ပါ သို့မဟုတ် ပလက်ဖောင်း၏ဘယ်ဘက်မှ ပိုင်ဆိုင်မှုအပေါ်တွင် ညာဘက် ကလစ် နှိပ်၍ "ကုန်သွယ်မှု အသစ်" ကို ရွေးချယ်ပါ။
သင်သည် ဆက်တင်တွင်ပါဝင်သည့် QuickTrade အသုံးပြုမှုကို ဖွင့်လှစ်၍ ကလစ်တစ်ချက် သို့မဟုတ် နှစ်ချက် နှိပ်ခြင်းဖြင့် အရောင်းအဝယ်များကို ပြုလုပ်နိုင်သည်။ အပိုဒ် 6.7 တွင် ထပ်မံလေ့လာနိုင်သည်။
ဖွင့်ပြီးသား အရောင်းအဝယ်တစ်ခုကိုပိတ်ရန် cTrader ၏အောက်ခြေရှိ "Positions" မှ ပိတ်လိုသောအရောင်းအဝယ်ပေါ်ရှိ X ကိုနှိပ်ပါ။ "Close all positions" ကိုနှိပ်ခြင်းဖြင့် အရောင်းအဝယ်အချို့ သို့မဟုတ် အားလုံးကို ပိတ်နိုင်ပါသည်။
Pending order တစ်ခုပြုလုပ်ရန် F9 ကိုနှိပ်ပါ သို့မဟုတ် ပလပ်ဖောင်း၏ညာဘက်ခြမ်းရှိ Symbol panel တွင် အော်ဒါအမျိုးအစားကိုရွေးချယ်ပါ။ ဇယားပေါ်တွင် right-click နှိပ်ခြင်းဖြင့် pending order menu ကိုလည်း စတင်အသုံးပြုနိုင်မည်ဖြစ်သည်။
"Orders" နေရာမှတဆင့် ပြုပြင်လိုသော သို့မဟုတ် ပယ်ဖျက်လိုသော အော်ဒါပေါ်တွင် right-click နှိပ်ပြီး ပြုလုပ်လိုသော လုပ်ဆောင်ချက်ကို ရွေးချယ်ပါ။ Pending orders များအားလုံးကို ဖျက်ရန် "Cancel all orders" ကိုနှိပ်ပါ။
မျက်နှာပြင်၏အောက်ခြေ ဘယ်ဘက်ထောင့်ရှိ "Settings" ကိုဖွင့်ပြီး QuickTrade ကိုရွေးချယ်ပါ။ အောက်ပါတို့အနက်မှ တစ်ခုကို ရွေးနိုင်သည်- Single-click, Double-click သို့မဟုတ် no QuickTrade ။
QuickTrade အသုံးပြုခြင်းကို ပိတ်ထားပါက ပေါ်လာသော စာမျက်နှာမှတဆင့် သင်လုပ်ဆောင်လိုသည့် လုပ်ဆောင်ချက်တစ်ခုစီကို အတည်ပြုရပါမည်။ ထို့အပြင်မူရင်း Stop Loss နှင့် Take Profit အော်ဒါများကို သတ်မှတ်ရန် နှင့် အခြားသော အော်ဒါအမျိုးအစားများကို စီစဉ်သတ်မှတ်ရန် QuickTrade ကို အသုံးပြုနိုင်သည်။
လက်ရှိလက်ကျန်ငွေနှင့် ကုန်သွယ်မှုမှတ်တမ်းအား cTrader မျက်နှာပြင်၏အောက်ခြေတွင်ဖော်ပြထားသည်။
"Positions" တွင် ဖွင့်ထားသော အရောင်းအဝယ်များအားလုံးကို ပြသသည်။
"Orders" တွင် pending orders များကို ပြသသည်။
"History" သည် အရောင်းအဝယ်မှတ်တမ်းကို ပြသသည်။
"TradeWatch" မှ "History" ကိုနှိပ်ပါ၊ History ပေါ်တွင် right-click နှိပ်ပြီး HTML account statement တစ်ခုဖန်တီးရန် "Statement" ကိုရွေးချယ်ပါ။ Table statement တစ်ခုဖန်တီးရန် Export to Excel ကိုနှိပ်ပါ။
Indicators သို့မဟုတ် cBots ထည့်ရန် အောက်ပါလင့်များကို အသုံးပြုပါ။
cTrader တွင် လိုအပ်သောဖိုင်များအားလုံးကို ထည့်သွင်းရန် ဒေါင်းလုဒ်လုပ်ထားသောဖိုင်ကို နှစ်ချက်နှိပ်ပါ။ အသုံးပြုနိုင်သော indicators များကိုရွေးချယ်ပြီး ၎င်းတို့အား ဇယားတွင် ထည့်ရန် ထိပ်ပိုင်းမီနူးရှိ "Indicators" ကိုနှိပ်ပါ။ ကန့်သတ်ချက်များကို ထည့်သွင်းပြီးလျှင် OK ကိုနှိပ်ပါ။
cBots ကိုဖွင့်ရန် ထိပ်ပိုင်းမီနူးရှိ သက်ဆိုင်ရာခလုတ်ကိုနှိပ်ပါ၊ ဖော်ပြပါစာရင်းထဲမှ နှစ်သက်ရာ cBot ကိုရွေးချယ်ပါ၊ ကန့်သတ်ချက်များကိုထည့်သွင်းပြီးလျှင် "Apply" ကိုနှိပ်ပါ။
လက်ရှိအသုံးပြုနေသော cBots စာရင်းကို ဇယား၏အောက်ခြေ ဘယ်ဘက်ထောင့်တွင်ပြသထားသည်။ သင့် cBot ကောင်းစွာအလုပ်လုပ်ပါက Stop ခလုတ် ပေါ်နေမည်ဖြစ်သည်။
cBot အလုပ်လုပ်နေသော်လည်း စနစ်မှ အမှားအယွင်း(error)ဖြစ်နေကြောင်း သတင်းပို့လာပါက Journal သို့မဟုတ် cBot Log များကို စစ်ဆေးပါ။
cBots တစ်ခုနှင့်အထက်ကို တစ်ချိန်တည်းတွင် အလုပ်လုပ်စေနိုင်သည်။ ဇယားသို့ ပေါင်းထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့တစ်ခုစီကို ဘယ်ဘက်အောက်ထောင့်တွင် ပြသမည်ဖြစ်သည်။
cTrader တွင် cBot ကိုရပ်တန့်ရန် လိမ္မော်ရောင်ခလုတ် "Stop" ကိုနှိပ်ပါ။ ထို့နောက် သက်ဆိုင်ရာနေရာပေါ်ရှိ X ကိုနှိပ်ပါ။ Automate မှတဆင့် cBots မီနူးကို အသုံးပြု၍ cBot တစ်ခုကို cTrader မှ ဖယ်ရှားနိုင်သည်။
cBot ဆက်လက်အလုပ်လုပ်နေစေရန်အတွက် cTrader ပလပ်ဖောင်းကို တောက်လျှောက်ဖွင့်ထားရပါမည်။ ပလပ်ဖောင်းကိုပိတ်လိုက်သည်နှင့် cBots အလုပ်လုပ်တော့မည်မဟုတ်ပါ။
cBots ကို ၂၄ နာရီအလုပ်လုပ်စေလိုပါက LiteFinance ရှိ VPS ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါသည်။
ပထမဦးစွာ cTrader ကို ထည့်သွင်းတပ်ဆင်ချိန်တွင်၊ သင်၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆော့ဖ်ဝဲလ်ကို ပိတ်ထားပါ။ အကယ်၍ တပ်ဆင်ပြီးချိန်တွင် အက်ပလီကေးရှင်းသည် သေချာအလုပ်မလုပ်ပါက သို့မဟုတ် အပ်ပ်ဒိတ်မဖြစ်ပါက၊ cTrader နှင့် ၎င်း၏ အစိတ်အပိုင်းများအား သန့်ရှင်းသော မှတ်ဉာဏ်အသစ်ဖြင့် အစမှ ပြန်လည်တပ်ဆင်ခြင်းကို ဆောင်ရွက်ပါ။
Windows 7, 8, 8.1 အတွက်။
Windows 10 အတွက် -