ရွှေဈေးနှုန်းခန့်မှန်းချက်ကို ပြုလုပ်ရာတွင် အဖိုးတန်သတ္တု၏ ရောင်းလိုအားနှင့် သုံးစွဲသူတို့၏ ဝယ်လိုအား အပေါ် အကျိုးသက်ရောက်စေသော အဓိကအကြောင်းတရားများအား ကျယ်ပြန့်စွာ ခွဲခြမ်း စိတ်ဖြာ၍ ကုန်သွယ်ရေးပုံစံများ၊ ကြိမ်ဖန်များစွာဖြစ်ပေါ်လေ့ရှိသော ရွေ့လျားမှုပုံသဏ္ဍန်များနှင့် ဈေးကွက် ဦးတည်ရာ အပြောင်းအလဲများကို ခြုံငုံသုံးသပ်မည်ဖြစ်ပါသည်။
ရွှေ၏ ရှေ့ပြေးနိမိတ်များမှာ အဘယ်နည်း။ ရွှေဈေးနှုန်းမြင့်တက်မည်လော။ ဤဆောင်းပါးတွင် ကျွန်ုပ်တို့သည် သမိုင်းကြောင်းအချက်အလက်များကို စေ့စပ်စွာ သုံးသပ်၍ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးကာ ၂၀၂၄ -၂၀၂၅ မှစ၍ ၂၀၃၀ ခုနှစ်အထိ ကာလရှည်ရွှေဈေးနှုန်း ခန့်မှန်းချက်တခုကို တင်ပြသွားပါမည်။ အနာဂါတ် ရွှေဈေးနှုန်း၏လမ်းကြောင်းများကို ကျွန်ုပ်တို့နှင့်အတူ လှမ်းမျှော်ကြည့်ရှုရန် သင့်အား ဖိတ်ခေါ်အပ်ပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- ဦးစားပေးအကြောင်းအရာများနှင့် အဓိကအချက်များ
- ရွှေဈေးနှုန်းခန့်မှန်းချက်တခုကို မည်သို့ပြုလုပ်ရမည်နည်း။
- မကြာသေးမီကာလမှ ရွှေ၏ ရာဇဝင်နှင့် ယနေ့ရွှေဈေးနှုန်း
- ရွှေ (XAU) ဈေးနှုန်းအား နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း
- နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအရ ၂၀၂၄ ခုနှစ်တွင် XAUUSD နှုန်းထား မည်သို့ပြောင်းလဲမည်နည်း။
- ၂၀၂၄ ခုနှစ်အတွက် XAUUSD နည်းပညာပိုင်းဆိုင်ရာ ကာလရှည် ခွဲခြမ်းစိတ်ဖြာမှု
- ကာလရှည် ရွှေကုန်သွယ်ရေး အစီအစဉ်
- ၂၀၂၄ အတွက် ရွှေဈေးနှုန်းခန့်မှန်းချက် - ကျွမ်းကျင်သူများမှ မည်သို့မျှော်လင့်ပါသနည်း။
- ၂၀၂၅-၂၀၃၀ အတွင်း ကျွမ်းကျင်သူများ၏ ရွှေဈေးနှုန်း ခွဲခြမ်းစိတ်ဖြာမှု
- ရွှေဈေးနှုန်းသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲသနည်း။
- ရွှေဈေးနှုန်းအပေါ် အကျိုးသက်ရောက်စေသော အကြောင်း အရာများ
- အနှစ်ချုပ် - ရွှေသည်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါ သလော။
- ရွှေဈေးနှုန်းခန့်မှန်းချက်ဆိုင်ရာ အမေး၊ အဖြေများ
ဦးစားပေးအကြောင်းအရာများနှင့် အဓိကအချက်များ
Key point | Description |
---|---|
XAUUSD ခန့်မှန်းချက်တွင် မည်သည်တို့ ပါဝင်ပါသနည်း။ | XAUUSD ဈေးနှုန်းများကို ခန့်မှန်းရာတွင် အခြေခံပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို ပြုလုပ်ရန် လိုအပ်ပါသည်။ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် ဗဟိုဘဏ်များ၏ ငွေရေးကြေးရေးဝါဒများ၊ ကမ္ဘာ့ငွေကြေး ဖောင်းပွမှု ညွှန်ပြချက်များ၊ နိုင်ငံတကာ ငွေကြေးကုန်သွယ်ရေး လှုပ်ရှားမှု၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များနှင့် အဓိက ရွှေတင်ပို့/တင်သွင်းသော နိုင်ငံများ၏ စီးပွားရေးအခြေအနေများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် အမျိုးမျိုးသော ကိရိယာများ၊ candlesticks ပုံစံများနှင့် ဇယားပုံစံများကို အသုံးပြု၍ XAUUSD ဈေးနှုန်းဇယားကို ခွဲခြမ်းစိတ်ဖြာခြင်း ပါဝင်ပါသည်။ |
၂၀၂၄ ခုနှစ်အတွက် XAUUSD နှုန်းထားခန့်မှန်းချက် | ၂၀၂၄ ခုနှစ်တွင် ခွဲခြမ်းစိတ်ဖြာသူများစွာတို့သည် ရွှေဈေးနှုန်းအပေါ်ကို အပြုသဘောဆောင်သော ရှုမြင်သုံးသပ်ချက်ကို မျှဝေကြသည်။ ၎င်းတို့၏အလိုအရ ရွှေဈေးနှုန်းသည် $2,421.00 နှင့် $2,651.00 ကြားတွင် ရှိလိမ့်မည်ဟု ခန့်မှန်းရပါသည်။ ပို၍သတိရှိသော ခန့်မှန်းချက်အချို့ကမူ အဖိုးတန်သတ္တုသည် $2,000.00 မှ $2,133.00 ဧရိယာကြားတွင်ရွေ့လျားနိုင်ပြီး၊ XAUUSD နှုန်းထားကျဆင်းနိုင်ခြေရှိသည်ဟု ယူဆကြပါသည်။ တအောင်စလျှင် $2,750.23 မှ $2,810.76 အထိ အမြင့်ဆုံး စံချိန်သစ် တခုသို့ ရောက်ရှိနိုင်သည်ဟူသော အဆိုပြုချက်ကိုလည်း အချို့သော ခွဲခြမ်းစိတ်ဖြာသူများမှ ငြင်းချက်မထုတ်ကြပေ။ |
၂၀၂၅-၂၀၂၆ အတွက် XAUUSD နှုန်းထားခန့်မှန်းချက် | LongForecast မှ ရွှေဈေးနှုန်းသည် အထက်သို့ ဆက်လက်တိုးတက်၍ ၂၀၂၅ တွင် $2,799.00 သို့ ရောက်ရှိလိမ့်မည်ဟု မျှော်မှန်းထားပါသည်။ ကျွမ်းကျင်သူများမှ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွက် အဖိုးတန်သတ္တု၏ဈေးနှုန်းသည် $2,441.00 မှ $2,882.00 ကြားအကွာအဝေးအတွင်း တလှည့်စီ မြင့်တက်၊ ကျဆင်းနေနိုင်ပြီး၊ နှစ်ကုန်ပိုင်းတွင် တအောင်စလျှင် $2,566.00 နှုန်းထားသို့ ကျဆင်းနိုင်သည်ဟု မျှော်မှန်းထားကြပါသည်။ |
၂၀၂၆-၂၀၃၀ XAUUSD နှုန်းထားခန့်မှန်းချက် | Coin Price Forecast မှ ၂၀၂၆ မှ ၂၀၃၀ အတွင်း အဖိုးတန်သတ္တု၏ဈေးနှုန်းသည် တအောင်စလျှင် $4,649.00 အထိ မြင့်တက်နိုင်သည်ဟု ကြိုတင်သုံးသပ်ထားပါသည်။ ပို၍သတိကြီးသော ခန့်မှန်းချက်များတွင်မူ ရွှေဈေးနှုန်းသည် တအောင်စလျှင် $2,800.00 အထိ မြင့်တက်နိုင်သည်ဟု ဖော်ပြထားပါသည်။ |
ရွှေဈေးနှုန်းအား မည်သည့်အကြောင်းအရာများမှ လွှမ်းမိုးထားသနည်း။ | XAUUSD နှုန်းထားသည် အတိုးနှုန်းများ၊ ကမ္ဘာ့ရောင်းလိုအားနှင့် ဝယ်လိုအားအပြောင်းအလဲများ၊ ပထဝီနိုင်ငံရေးဖိအားများ၊ ငွေကြေး ဖောင်းပွမှု မြင့်တက်သောကြောင့် ငွေကြေးတန်ဖိုးကျဆင်းမှုများနှင့် ကမ္ဘာ့ငွေကြေးတန်ဖိုး အတက်၊ အကျများအပေါ်တွင် မူတည်ပါသည်။ |
အဖိုးတန်သတ္တုတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ | ရွှေတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၏ အားသာချက်များ -
ရွှေတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၏ အားနည်းချက်များ -
|
ကာလတိုနှင့် ကာလရှည် ရွှေကုန်သွယ်ရေးဗျူဟာများ | ရွှေသည် မတည်ငြိမ်မှုမြင့်မားသော ပိုင်ဆိုင်မှုတခု ဖြစ်ပါသည်။ ရွှေကုန်သွယ်ရေးမှ ကာလတို အကျိုးအမြတ် နှင့် ကာလရှည်အကျိုးအမြတ် နှစ်မျိုးစလုံးကို ရရှိနိုင်ပါသည်။
|
XAUUSD ဈေးနှုန်းခန့်မှန်းခြင်းအတွက် အကောင်းဆုံး time frames များ | ရွေးချယ်ထားသော နည်းဗျူဟာအပေါ်မူတည်၍ သင့်လျော်မှုအရှိဆုံး time frames များတွင် M30၊ H1၊ H4၊ D1 နှင့် W1 တို့ပါဝင်ပါသည်။ |
ရွှေဈေးနှုန်းခန့်မှန်းချက်တခုကို မည်သို့ပြုလုပ်ရမည်နည်း။
ယုံကြည်စိတ်ချရသော ရွှေဈေးနှုန်းခန့်မှန်းချက်ကို ပြုလုပ်ရန်အတွက် အဓိက ချဉ်းကပ်ပုံနည်းလမ်း သုံးမျိုးရှိပါသည်။
1. Fundamental analysis
Fundamental analysis သည် ငွေကြေးမူဝါဒအပြောင်းအလဲများနှင့် အဖိုးတန်သတ္တုအပေါ် သက်ရောက်မှု ရှိသော အခြားအကြောင်းအရာများအပေါ် ခြေရာခံ၍ လေ့လာဆန်းစစ်ခြင်း ဖြစ်ပါသည်။ အဆိုပါ အကြောင်းအရာများတွင် ပထမဆုံးအနေဖြင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်အပြောင်းအလဲများနှင့် အမေရိကန် ဗဟိုဘဏ်၏ လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ ထို့ကြောင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် အောက်ပါ အသေးစိတ်စီးပွားရေးညွှန်ပြချက်များကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးပါသည်။
- ဖက်ဒရယ်ဘဏ်အတိုးနှုန်း အပြောင်းအလဲများ၊
- ငွေကြေးဖောင်းပွမှုနှင့်စပ်လျဉ်းသော ဈေးကွက်မျှော်မှန်းချက်၊
- နိုင်ငံတကာငွေကြေးရွေ့လျားမှုများနှင့် ငွေကြေးစီးဆင်းမှုအတိုင်းအတာ၊
- သွင်းကုန်၊ ပို့ကုန် အချိုး။
ရွှေဈေးနှုန်းခွဲခြမ်းစိတ်ဖြာရာတွင် အရေးအကြီးဆုံး အခြေခံပိုင်း အကြောင်းအရာများမှ တခုမှာ အဓိကတင်သွင်းသော နိုင်ငံများနှင့် တင်ပို့သောနိုင်ငံများ၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေကို အကဲဖြတ်ခြင်းပင်ဖြစ်ပါသည်။
၂၀၂၄ ၏ ပထမသုံးလပတ်တွင် အောက်ပါနိုင်ငံများသည် ရွှေတင်သွင်းမှုပမာဏ အကြီးမားဆုံး ဖြစ်ကြပါသည်။
- တူရကီ - ၃၀.၁၂ တန်
- တရုတ် - ၂၇.၀၆ တန်
- အိန္ဒိယ - ၁၈.၅၁ တန်
- ကာဂျစ်စတန် - ၁၆.၃၉ တန်
- စင်ကာပူ - ၆.၅၇ တန်
၂၀၂၄ ခုနှစ်အတွင်း ရွှေထုတ်လုပ်မှုအများဆုံး နိုင်ငံများ (ခန့်မှန်းအချက်အလက်) တွင် အောက်ပါတို့ ပါဝင်ပါသည်။
- တရုတ် - တနှစ်လျှင် ၃၇၀ တန်။
- ဩစတေးလျ - တနှစ်လျှင် ၃၁၀ တန်။
- ရုရှား - တနှစ်လျှင် ၃၁၀ တန်။
မှတ်သားသင့်သော အချက်တခုမှာ စီးပွားရေးနှင့် နိုင်ငံရေးသည် အပြန်အလှန် ချိတ်ဆက်နေပါသည်။ အဖိုးတန်သတ္တုတွင် ရင်းနှီးမြှုပ်နှံသောအခါ ထိုအချက်ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ လတ်တလောလများအတွင်း အောက်ပါဖြစ်ရပ်များကို အကြောင်းပြု၍ ရွှေဈေးနှုန်းသည် ကာလတလျှောက် အမြင့်ဆုံးတန်ဖိုးများသို့ ရောက်ရှိခဲ့သည်။
- ရုရှားနှင့် ယူကရိန်းကြားမှ စစ်ရေးပဋိပက္ခများ၊
- ပါလက်စတိုင်းနှင့် အစ္စရေးကြားမှ စစ်ရေးပဋိပက္ခများ၊
- တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုများ၊
- တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနှင့် ပတ်သတ်ဆက်နွယ်နေသော ကန့်သတ်တားမြစ်ချက်များ၊
- နိုင်ငံရပ်ခြားတွင် သိမ်းဆည်းထားသော ရုရှား၏ ပိုင်ဆိုင်မှုများ ပိတ်ပင်ထိန်းသိမ်းခံရခြင်းနှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ၊
- ပိုမိုမြင့်မားလာသော ဗဟိုဘဏ်အတိုးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊
- ဒေါ်လာသုံးစွဲမှုလျော့ချရေးလုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုကိစ္စရပ်များအတွက် နိုင်ငံပိုင်ငွေကြေးစနစ်များကို အသုံးပြုသော လမ်းစဉ်သို့ ကူးပြောင်းခြင်း။
အဆိုပါဖြစ်ရပ်များသည် ရွှေဈေးနှုန်းအပေါ် အကျိုးသက်ရောက်ခဲ့ပြီးသော အကြောင်းအရာများ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ အရင်းအနှီးများ ဆုံးရှုံးရမည်ကို ကြောက်ရွံ့ကြလျက် XAU တွင် ရင်းနှီးမြှုပ်နှံကြခြင်းအားဖြင့် ရွှေဝယ်လိုအားများကို တိုးတက်လာစေပါသည်။ အမျိုးမျိုးသော စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းကာလများတွင် ဤသတ္တုအား အဓိကအကာအကွယ်ပေးသော ပိုင်ဆိုင်မှုတခုအဖြစ် စဉ်းစားကြလေ့ရှိသည်။
ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းများကို ခန့်မှန်းရန်အတွက် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို အများဆုံးအသုံးပြုကြပါသည်။
2. Technical analysis.
ဤနည်းလမ်းသည် ဈေးနှုန်းရွေ့လျားမှုများကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ဇယားများပေါ်တွင် ညွှန်ပြချက် ကိရိယာများနှင့် အခြားအထောက်အကူပြုကိရိယာများကို အသုံးပြု၍ XAUUSD နှုန်းထားရာဇဝင်အား လေ့လာသုံးသပ်ခြင်း ဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် support နှင့် resistance levels များ၊ ဈေးကွက်ဦးတည်ရာလမ်းကြောင်းများ၊ အလားအလာရှိသော ဖောက်ထွက်မှုများအပါအဝင် ကာလရှည်နှင့် တရက်တာကုန်သွယ်မှု တွင် ဦးတည်ရာအပြောင်းအလဲများကို ကူညီဆုံးဖြတ်ပေးပါသည်။
ရွှေသည် ကာလရှည်တွင် တိကျသောဦးတည်ရာအတွင်း၌သာ ရွေ့လျားမြဲဖြစ်သည်။ ထို့ကြောင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် Moving Averages၊ RSI၊ MACD နှင့် Bollinger Bands ကဲ့သို့သော လမ်းကြောင်းညွှန်ပြသည့် ကိရိယာ များကို ဦးစားပေး အသုံးပြုကြပါသည်။
3. Market sentiment analysis.
ဈေးကွက်သဘောထားခွဲခြမ်းစိတ်ဖြာမှုသည် အဝယ်ကုန်သွယ်မှုနှင့် အရောင်းကုန်သွယ်မှုများကြား မည်သည့် လုပ်ဆောင်ချက်က အလေးသာနိုင်ခြေရှိသည်ကို တိုင်းတာရာတွင် ကူညီပေးပါသည်။ အခြားတနည်းဖြင့် ဆိုရသော် ၎င်းသည် တိုးတက်မှုနှင့် ကျဆင်းမှု နှစ်ခုတွင် မည်သည့်တခုက ဈေးကွက်အား လွှမ်းမိုးနိုင်မည်ကို ဆုံးဖြတ်ပေးပါသည်။ ဈေးကွက်သဘောထားခွဲခြမ်းစိတ်ဖြာမှုအတွက် အထောက်အကူ ဖြစ်စေသော အရာများတွင် စစ်တမ်းကောက်ယူမှုများ၊ လူမှုကွန်ယက်များမှ၊ အကြောင်းအရာများကို စောင့်ကြည့်ခြင်းနှင့် litefinance.org ကဲ့သို့ အထူးဖန်တီးထားသော ပလပ်ဖောင်းများ ပါဝင်ပါသည်။
ဈေးကွက်သဘောထားသည် အလွန်လျင်မြန်စွာပြောင်းလဲနိုင်သည်ဟူသော အချက်ကို သတိပြုပါ။ ကျွမ်းကျင်သော ခွဲခြမ်းစိတ်ဖြာသူများ၏ ရွှေဈေးနှုန်းဆိုင်ရာကြိုတင်သုံးသပ်ချက်များ - ဥပမာအားဖြင့် ဖက်ဒရယ်ဘဏ်ဥက္ကဌ Jerome Powell မှ ထုတ်ပြန်သော သတင်းအချက်အလက်များ အစရှိသော အကြောင်းအရာများသည် ဈေးကွက်သဘောထားအပေါ် လွှမ်းမိုးနိုင်ပါသည်။
မကြာသေးမီကာလမှ ရွှေ၏ ရာဇဝင်နှင့် ယနေ့ရွှေဈေးနှုန်း
၂၀၂၄ ခုနှစ် အစောပိုင်းမှစတင်၍ ရွှေသည် တန်ဖိုးအားဖြင့် ၂၃% အထက် မြင့်တက်ခဲ့ကာ၊ မေလအလယ်ပိုင်းတွင် တအောင်စလျှင် $2,450.00 နှုန်းထားအထိ ကာလတလျှောက် အမြင့်ဆုံးဈေးတန်းသို့ ရောက်ရှိခဲ့သည်။ ခွဲခြမ်းစိတ်ဖြာသူများနှင့် ကျွမ်းကျင်သူများမှ XAUUSD အနာဂါတ်ဈေးနှုန်းအပေါ် အမျိုးမျိုးသော ခန့်မှန်းချက်များကို ထုတ်ပြန်ကြသည်။ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုရှိသော အရင်းခံ အကြောင်းအရာများစွာတို့သည် ရွှေတန်ဖိုးအား အမြင့်ဆုံးစံချိန်များဆီသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ပါသည်။
ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခြင်း
ရုရှားနှင့် ယူကရိန်းကြားမှ မပြီးပြတ်သေးသော ပဋိပက္ခများသည် XAUUSD နှုန်းထား၏ တိုးတက်မှုကို အရှိန်အဟုန် ပိုမိုမြင့်မားစေပါသည်။ ထို့အပြင် အရှေ့အလယ်ပိုင်းဒေသတွင်း ပါလက်စတိုင်းနှင့် အစ္စရေးကြား ပဋိပက္ခများ၏ တွန်းအားကြောင့် ရင်းနှီးမြှုပ်နှံသူများအကြား မိမိတို့၏ အရင်းအနှီးမပျောက်ပျက်စေရေးအတွက် အကာအကွယ်တခုအဖြစ် ရွှေအပေါ် စိတ်ပါဝင်စားမှုများ မြင့်တက်လာပါသည်။
တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်သောပုံစံဖြင့် အမေရိကန်မှ တရုတ်အပေါ် မကြာသေးမီက ချမှတ်ခဲ့သော ကန့်သတ်ချက်များသည် တရုတ်ခေါင်းဆောင်များထံမှ တန်ပြန်လုပ်ဆောင်ချက် တစုံတရာအတွက် မျိုးစေ့များ ဖြစ်လာနိုင်ပါသည်။ ကုန်သွယ်ရေးပဋိပက္ခအရှိန်မြင့်မားလာခြင်းသည် ဈေးကွက်အတွင်း မရေရာမှုများ ကို ဖြစ်ပေါ်စေလျှက် ရွှေဈေးနှုန်းများ တိုးတက်ရန် အားပေးလှုံ့ဆော်ပါသည်။
ထိုမျှသာမက၊ တရုတ်နိုင်ငံသည် မကြာသေးမီကပင် ထိုင်ဝမ်ကမ်းရိုးတန်းအနီး၌ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ပြည်ပအင်အားစုများအား တရုတ်နိုင်ငံအပေါ် ရန်စနှောင့်ယှက်ခြင်း မပြုလုပ်ရန်အတွက် သတိပေးချက်တခုဟုလည်း ယူဆနိုင်ပါသည်။
အမေရိကန်ဗဟိုဘဏ် ၏ ငွေကြေးမူဝါဒ
လွန်ခဲ့သော ဂျူလိုင်လမှ စတင်၍ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းသည် 5.5% တွင် ရှိခဲ့သည်။ ယင်းနှုန်းထားသည် နှစ် ၂၀ ထက်ပိုသော ကာလရှည်အတွင်း အမြင့်ဆုံးသောနှုန်းထားတခု ဖြစ်ပါသည်။
၂၀၂၄ မတ်လ နှင့် ဧပရယ်လတွင် အမေရိကန်ငွေကြေးဖောင်းပွမှုသည် 3.1% မှ 3.5% အထိ မြင့်တက်လာခဲ့ပြီး၊ မေလတွင် 3.4% သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ဧပြီလနှောင်းပိုင်းမှ မေလအစောပိုင်းအတွင်း ပြုလုပ်ခဲ့သော အမေရိကန်ဗဟိုဘဏ် အစည်းအဝေး၏ရလာဒ်များအရ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့သည် လက်ရှိနှုန်းထားများအပေါ်တွင် ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။ FOMC အစည်းအဝေးထုတ်ပြန်ကြေငြာချက်တွင် ဇွန်လမှစတင်၍ ငွေတိုက်စာချုပ်များထုတ်ဝေမှုအား ယခင်တလလျှင် $ 60 ဘီလီယံမှ တလလျှင် $25 ဘီလီယံသို့ လျှော့ချသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဓိက ရွှေတင်သွင်းသောနိုင်ငံများမှ ရွှေဝယ်လိုအားတိုးတက်လာခြင်း
XAUUSD နှုန်းထားတွင် အဓိကျသော အခြေခံအကြောင်းအရာများမှ တခုမှာ ရွှေတင်သွင်းသောနိုင်ငံများ၏ ဗဟိုဘဏ်များမှ သိသာထင်ရှားသော ရွှေသားဝယ်ယူမှုများပင်ဖြစ်သည်။
အဖိုးတန်သတ္တုအတွက် ဝယ်လိုအားတိုးတက်ခြင်းသည် ရုရှား၏ ပိုင်ဆိုင်မှုများကို အေးခဲစေခြင်းနှင့် ထုတ်ယူ သုံးစွဲခြင်းများ၏ အကျိုးဆက်ဖြစ်သော ဗဟိုဘဏ်များမှ ၎င်းတို့၏ အရန်ငွေများအား ပြန်လည် ခွဲဝေနေရာချထားခြင်းနှင့် ဆက်စပ်နေသည်။ အမေရိကန်သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုအနေအထားကို ဆုံးရှုံးလိုက်ရသည်နှင့်အမျှ နိုင်ငံများစွာတို့သည် အမေရိကန်ဒေါ်လာကိုစွန့်ပယ်၍ ၎င်းတို့၏ ပြည်တွင်းငွေကြေးများ နှင့် ရွှေတို့ကို အရန်ပိုင်ဆိုင်မှုအဖြစ် အစားထိုးအသုံးပြုလာကြသည်။
ဥပမာအားဖြင့် ဧပရယ်လတွင် အိန္ဒိယသည် မြင့်တက်နေသော အဖိုးတန်သတ္တုဈေးနှုန်းများကြား ရွှေဝယ်ယူမှုကို သုံးဆမြှင့်တင်ခဲ့ပြီး၊ ၎င်း၏ အရန်ပိုင်ဆိုင်မှုအင်အားကို $3.115 ဘီလီယံအထိ မြှင့်တင်ခဲ့သည်။ ပထမလေးလ အတွင်း အိန္ဒိယ၏ အရန်ရွှေထားရှိမှုပမာဏသည် $12.706 အထိ တိုးတက်ခဲ့သည်။
တဖက်တွင် တရုတ်နိုင်ငံသည် မြင့်မားလာသော XAUUSD နှုန်းထားများကြား ရွှေဝယ်ယူမှုကို လျှော့ချခဲ့သည်။ ထို့ကြောင့် ဧပရယ်လတွင် တင်သွင်းမှုပမာဏ ၁၃၆ တန်သာ ရှိခဲ့ပြီး၊ ယခင်လနှင့်နှ်ိုင်းယှဉ်ပါက ၃၀% ကျဆင်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ တရုတ်သည် အဖိုးတန်သတ္တု၏ အကြီးဆုံးသော ထုတ်လုပ်သူနှင့် သုံးစွဲသူများစာရင်းတွင် ယခုအချိန်ထိ ပါဝင်နေဆဲဖြစ်ပြီး ၎င်း၏ အရန်ရွှေပမာဏကို ၁၈လဆက်တိုက် တိုးမြှင့်ခဲ့သည်။
02.09.2024 အတွက် ရွှေဈေးနှုန်းမှာ $2 492.18 ဖြစ်ပါသည်။
ရွှေ (XAU) ဈေးနှုန်းအား နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း
H4၊ D1၊ W1 နှင့် MN timeframes များသည် ၂၀၂၄ နှစ်ကုန်ပိုင်းအထိ XAUUSD ဈေးနှုန်းရွေ့လျားမှုနှင့် စပ်လျဉ်း၍ ကြိုတင်သုံးသပ်နိုင်စေရန် လိုအပ်သော အသိအမြင်များကို ပေးစွမ်းနိုင်ပါသည်။ RSI၊ MACD၊ MFI၊ MA Cross နှင့် tick ပမာဏများကဲ့သို့သော နည်းပညာပိုင်းဆိုင်ရာ ကိရိယာများသည် ပိုမိုတိကျသော ခန့်မှန်းချက်တခုကို ပြုလုပ်ရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်အားဖြည့်ပေးပါသည်။ အဆိုပါ ကိရိယာများသည် XAUUSD ဇယားပေါ်တွင် ထင်ရှားသော support နှင့် resistance levels များကို ခွဲခြားနိုင်ရန်နှင့် လက်ရှိဈေးကွက်ဦးတည်ရာကို အကဲဖြတ်နိုင်ရန်သာမက အလားအလာရှိသော ဆုံမှတ်များ (pivot points) ကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ကူညီပံ့ပိုးပေးပါသည်။
နည်းပညာပိုင်းဆိုင်ရာ ကိရိယာ များအပြင်၊ အရေးပါသော အချက်တခုမှာ candlestick နှင့် chart ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခြင်းဖြစ်ပါသည်။ Candlestick ပုံစံများသည် ဦးတည်ရာအလှည့်အပြောင်း ဖြစ်ပေါ်နိုင်သော ဈေးတန်းများကို ကြိုတင်ဖော်ထုတ်ပေးခြင်းအားဖြင့် သင်၏ ကုန်သွယ်မှုများကို အမြတ်ရရှိစေပြီး၊ ဆုံးရှုံးနိုင်ခြေကို လျော့နည်းစေပါသည်။
ရွှေဈေးကွက်ပေါ်တွင် အများဆုံး တွေ့ရှိရသော candlestick နှင့် အခြားပုံစံအချို့မှာ Bull flag၊" "Bear flag၊" "Morning star၊" "Evening star၊" "Shooting star၊" "Double bottom၊" နှင့် "Double top" ပုံစံများ ဖြစ်ကြပါသည်။
ပထမဦးစွာ XAUUSD monthly chart ကို ခွဲခြမ်းစိတ်ဖြာ၍ ယေဘုယျ ဈေးကွက်အခြေအနေနှင့် အလေးသာမှုကို ဆုံးဖြတ်ကြပါစို့။
ဈေးနှုန်းသည် ၂၀၁၈ ဩဂုတ်လမှ စတင်၍ ခိုင်မာသော အတက်လမ်းကြောင်းတခုကို ထိန်းသိမ်းထားခဲ့သည်။ ၂၀၂၄ မေလတွင် နှုန်းထားများသည် အမြင့်ဆုံးစံချိန်သစ် $2,450.00 သို့ရောက်ရှိခဲ့ပြီးနောက် "Doji" candlestick ပုံစံတခု ပေါ်ပေါက်လာကာ ပြန်လည်ကျဆင်းရန် အစပြုခဲ့သည်။ ၎င်းသည် ဈေးကွက်အတွင်း မရေရာသော အခြေအနေကို ညွှန်ပြပါသည်။ စည်းမျဉ်းတခုအရ အတက်လမ်းကြောင်း၏ ထိပ်ဆုံးတွင် ပေါ်ပေါက်လာသော "Doji” ပုံစံသည် အားကောင်းသော ဆန့်ကျင်ဘက်ကျဆင်းမှုအတွက် အချက်ပြပါသည်။
RSI တန်ဖိုးများသည် ဝယ်လိုအားလွန်ကဲသောဇုန်အတွင်း 71 ၌ ရှိနေရာမှ အောက်ဘက်သို့ ပြန်လှည့်ကာ အလယ်အလတ်ဧရိယာသို့ ကျဆင်းသွားပါသည်။
MFI သည် ဘေးတိုက်ရွေ့လျားမှုများကို ညွှန်ပြ၍ အဝယ်နှင့် အရောင်းအချက်ပြမှုများကို ထုတ်ပေးပါသည်။ မည်သို့ပင်ဖြစ်စေ သုံးလဆက်တိုက် တိုးတက်လာသော tick ပမာဏများသည် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှုကို ပြသနေပါသည်။ "Doji” ပုံစံ ထွက်ပေါ်လာသော၂၀၂၄ ဧပရယ်တွင် အမြင့်ဆုံး tick ပမာဏအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အထက်ပါ အကြောင်းအရာများကို ထည့်သွင်းစဉ်းစားသောအခါ၊ ဈေးကွက်ကို အရောင်းများက ထိန်းချုပ်ထားကြောင်း တွေ့ရှိရပြီး၊ MA 50 သည် support level အဖြစ်ဆောင်ရွက်၍ $2,047.66 မှ $1,816.65 ဈေးတန်းကြားအထိ ယာယီကျဆင်းမှုတခုကို မျှော်လင့်ရပါသည်။
မည်သို့ဖြစ်စေ MACD သည် အလယ်မျဉ်း၏အထက်တွင် ဘေးတိုက်ရွေ့လျားနေပါသည်။ ကာလတို MA50 သည် ကာလရှည် MA200 ၏အထက်တွင် တည်ရှိပါသည်။ ထို့အပြင် moving averages မျဉ်းများကြားမှ ကွာဟမှုကျယ်ပြန့်လာသော်လည်း အတက်လမ်းကြောင်းမှာ ဆက်လက်အားကောင်းနေကြောင်း တွေ့ရှိရပါသည်။
ပိုင်ဆိုင်မှုစျေးနှုန်း၏ ပဏာမခွဲခြမ်းစိတ်ဖြာမှုအရ ရွှေဈေးကွက်သည် တန်ဖိုးလွန်ကဲလျှက်ရှိပြီး၊ မကြာမီ အချိန်အတွင်း လက်ရှိအတက်လမ်းကြောင်းတွင် ယာယီကျဆင်းမှုတခု ပေါ်ပေါက်နိုင်ပါသည်။
လာမည့်သုံးလအတွက် ရွှေဈေးနှုန်းခန့်မှန်းချက်
လာမည့်သုံးလအတွက် XAUUSD ဈေးနှုန်းကို ခန့်မှန်းရန် H4 နှင့် D1 ဇယားများကို ခွဲခြမ်းစိတ်ဖြာကြည့်ရှုကြပါစို့။
4-hour chart ပေါ်တွင် ကြီးမားသော "Double top” ပုံစံတခု ဖြစ်ပေါ်လာသည်။ လက်ရှိအချိန်တွင် ဒုတိယမြောက်ထိပ်ဖျား(second top) ကို ရေးဆွဲခဲ့ပြီး ဈေးနှုန်းသည် $2,291.80 ၌ တည်ရှိသော neckline အနီးသို့ ချဉ်းကပ်လာသည်။ ဤမျဉ်း၏အောက်သို့ ဖောက်ထွက်ကျဆင်းပြီး ဈေးနှုန်းစုဖွဲ့ပါက၊ အရောင်း ကုန်သွယ်မှုပြုလုပ်သူများအနေဖြင့် $2,112.97 အထိ ဈေးနှုန်းကျဆင်းရန် မျှော်လင့်နိုင်ပါသည်။
MFI သည် အောက်ဘက်နယ်နိမိတ်မျဉ်းကို အားပြု၍ အထက်သို့ မြင့်တက်လာသည်။ ၎င်းသည် ရွှေပိုင်ဆိုင်မှုထံသို့ ကုန်သွယ်မှု စတင်စီးဆင်းမှုကို ညွှန်ပြပါသည်။ RSI သည် အောက်နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်၍ ရောင်းလိုအား လွန်ကဲသောဇုန်အတွင်းမှ ထွက်ခွာသွားပါသည်။
MACD သည် အနှုတ်ဧရိယာအတွင်း တစထက်တစ တန်ဖိုးမြင့်တက်ကာ သုညအဆင့်အနီးသို့ ချဉ်းကပ်လာသည်။ MA50 သည် MA200 ၏ အထက်တွင် ရှိနေသည်ကိုကြည့်၍ အဝယ်များသည် ၎င်းတို့၏ ကုန်သွယ်မှုများအား $2,320.86 ဈေးတန်းဝန်းကျင်တွင် ထိန်းသိမ်းထားကြောင်း သိရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဈေးနှုန်းသည် ကာလတိုနှင့် ကာလရှည် moving averages များ၏ အောက်၌သာ ရွေ့လျားနေသောကြောင့် အရောင်းဖိအားများ ကြီးထွားလာခြင်းကို အတည်ပြုရပါမည်။
Daily chart သည် တူညီသော "Double top” ပုံစံအား "Evening star" နှင့် "Bearish marubozu" candlestick ပုံစံများနှင့်အတူ ပြသထားသည်။ အဆိုပါ ဇယားပုံစံများသည် အထက်သို့ ပြန်လှည့်သော အပြောင်းအလဲတခုကို အချက်ပြပါသည်။
MFI သည် ကျဆင်းလျက်ရှိသည်။ ပိုမိုကျယ်ပြန့်သော ရှူထောင့်မှကြည့်လျှင် ၎င်းသည် ပိုင်ဆိုင်မှုထံမှ ငွေကြေးများ ထွက်ခွာခြင်းကို ပြသနေသည်။ RSI သည် 50 ထက်နိမ့်ပါးသော တန်ဖိုးဖြင့် ကြီးမားသော bearish divergence တခုကို ပြသခဲ့သည်။ ကျဆင်းမှုအရှိန်တခု ဆက်လက်တည်ရှိနေပါသည်။
MACD indicator ပေါ်တွင် ဖုံးကွယ်ထားသော bearish divergence တခု ပေါ်ပေါက်ခဲ့သည်။ ၎င်းသည် နီးစပ်သောအနာဂါတ်တွင် အားကောင်းသော ကျဆင်းမှုတခု ရှိလာနိုင်ကြောင်း ညွှန်ပြပါသည်။
မည်သို့ပင်ဖြစ်စေ MA50 နှင့် MA200 တို့သည် တစထက်တစ ပိုမိုဝေးကွာလာသည်။ ကာလတို MA သည် MA200 ၏ အထက်တွင်ရှိသည်။ ဈေးနှုန်းသည် MA50 နှင့် MA200 အထက်တွင် တည်ရှိနေသည်။ ဤအခြေအနေတွင် အဆိုပါ MAs - moving average မျဉ်းများသည် အဝယ်များအတွက် support levels အဖြစ်ဆောင်ရွက်ပါသည်။
အကယ်၍ အရောင်းများသည် 50-day moving average နှင့် "Double top” ၏ neckline ကို ဖောက်ထွက်သွားပါက ကျဆင်းမှုအရှိန်အဟုန် ပြင်းထန်လိမ့်မည်ဟု ယူဆရပြီး၊ ဈေးနှုန်းသည် လာမည့်လ အနည်းငယ်အတွင်း $2,047.66 သို့ လျင်မြန်စွာရောက်ရှိနိုင်ပါသည်။ ဤ level တွင် ရ200-day moving average သည် support အဖြစ်ရှိနေပြီး၊ ဈေးနှုန်းသည် ဤဈေးတန်းမှ အထက်သို့ ပြန်လည်တိုးတက်နိုင်ပါသည်။
အကယ်၍ အရောင်းများသည် $2,269.59 အထက်တွင် ဈေးနှုန်းကို ထိန်းသိမ်းထားနိုင်ပါက၊ အတက်လမ်းကြောင်းသည် $2,354.16 မှ $2,513.83 အတွင်းသို့ ဆက်လက်မြင့်တက်နိုင်ပါသည်။
နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအရ ၂၀၂၄ ခုနှစ်တွင် XAUUSD နှုန်းထား မည်သို့ပြောင်းလဲမည်နည်း။
ယေဘုယျအားဖြင့် ရွှေသည် ခိုင်မာသော အတက်လမ်းကြောင်းတခုကို ထိန်းသိမ်းထားပါသည်။ မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော လအနည်းငယ်အတွင်း ကာလတလျှောက် အမြင့်ဆုံးတန်ဖိုးအသစ်များသို့ ရောက်ရှိခဲ့ပြီးနောက် ယာယီကျဆင်းမှုတခု ပေါ်ပေါက်နိုင်ဖွယ်ရာရှိပါသည်။
၂၀၂၄ ခုနှစ်အတွင်း XAUUSD နှုန်းထားများ၏ ရွေ့လျားမှုအလားအလာကို ပိုမိုတိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရန်အလို့ငှာ weekly time frame တခုကို စူးစမ်းလေ့လာကြပါစို့။
၂၀၂၄ ခုနှစ်အတွက် XAUUSD နည်းပညာပိုင်းဆိုင်ရာ ကာလရှည် ခွဲခြမ်းစိတ်ဖြာမှု
Weekly chart ပေါ်တွင် ရွှေဈေးနှုန်းသည် အတက်လမ်းကြောင်း၏ နယ်နိမိတ်ကိုချိုးဖောက်၍ "Bearish engulfing" ဆန့်ကျင်ဘက်ပုံစံတခု၊ "Evening star” ဆန့်ကျင်ဘက်ပုံစံတခုနှင့် "Shooting star” ပုံသဏ္ဍန်များစွာကို ဖွဲ့စည်းပါသည်။ အမြင့်ဆုံး တန်ဖိုးအသစ်များ၏ဧရိယာအနီးတွင် အဆိုပါ ဇယားပုံစံများ ပေါ်ပေါက်ခြင်းသည် အရောင်းများအားကောင်းခြင်းနှင့် အောက်ဘက်သို့ ဦးတည်သော ဈေးနှုန်းအလှည့်အပြောင်း ကို အချက်ပြပါသည်။
MFI သည် အထက်နယ်နိမိတ်မှကျဆင်း၍ ပိုင်ဆိုင်မှုပြင်ပသို့ liquidity အဆက်မပြတ်စီးဆင်းကို ပြသပါသည်။ Tick ပမာဏများသည်လည်း ကျဆင်းနေပါသည်။ ဤပိုင်ဆိုင်မှုတွင် ကုန်သွယ်မှုပမာဏများလည်း ကျဆင်းနေပါသည်။
RSI သည် မတ်လအစောပိုင်းမှစတင်၍ အဝယ်လွန်ကဲသောဇုန်အတွင်း၌ရှိနေပြီး၊ ယခုအခါ ၎င်း၏ အထက်လစ်မစ်ကို ဖြတ်ကျော်သွားပါသည်။ ဤအခြေအနေသည် ဈေးနှုန်းကျဆင်းမှုကို ညွှန်ပြပါသည်။ MACD သည် အဝယ်လွန်ကဲသောဇုန်အတွင်း အောက်သို့ကျဆင်းနေပြီး သုညမျဉ်းအနီးသို့ နီးကပ်လာပါသည်။ ၎င်းသည် အတက်လမ်းကြောင်း၏ အားအင်ကုန်ခမ်းမှုကို ညွှန်ပြပါသည်။
ကာလတို MA50 မျဉ်းသည် $2,050.88 ၌ တည်ရှိကာ support level အဖြစ်ဆောင်ရွက်ပါသည်။
ရွှေ သည် မကြာမီအချိန်အတွင်း ၎င်း၏ ယာယီအနိမ့်ဆုံးဈေးနှုန်းအသစ်ကို ပြုလုပ်၍ အတက်လမ်းကြောင်း အတွင်းမှ $2,047.66 သို့ ယာယီကျဆင်းနိုင်ပါသည်။ ၂၀၂၄ နိုဝင်ဘာတွင် အဆိုပါ ယာယီကျဆင်းမှု အဆုံးသတ်မည်ဟု မျှော်လင့်ရပြီး ဈေးနှုန်းသည် အထက်သို့ ပြန်ကာဦးလှည့်၍ $2,148.21 မှ $2,269.59 ကြား ဧရိယာအတွင်းသို့ ရောက်ရှိနိုင်ပါသည်။
အောက်ပါကော်လံဇယားကွက်သည် လက်ရှိနှစ်အတွက် ခန့်မှန်းထားသော အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများ ဖြစ်ကြပါသည်။
လ | XAUUSD ဈေးနှုန်းခန့်မှန်းချက် | |
---|---|---|
အနိမ့်ဈေး | အမြင့်ဈေး | |
ဩဂုတ် | $2,137.97 | $2,271.67 |
စက်တင်ဘာ | $2,049.58 | $2,150.53 |
အောက်တိုဘာ | $2,036.12 | $2,187.55 |
နိုဝင်ဘာ | $2,170.72 | $2,285.13 |
ဒီဇင်ဘာ | $2,150.53 | $2,308.69 |
ကာလရှည် ရွှေကုန်သွယ်ရေး အစီအစဉ်
နည်းပညာဆိုင်ရာ ကိရိယာများနှင့် candlestick patterns များ၏ ညွှန်ပြချက်များအရ ယခုနှစ်အတွင်း ရွှေဈေးနှုန်း တရှိန်ထိုးတိုးတက်မှု အဆုံးသတ်၍ $2,148.21 မှ $2,047.66 ကြားသို့ ယာယီကျဆင်းလိမ့်မည်ဟု ယူဆရပါသည်။
လာမည့်သုံးလအတွက် ကုန်သွယ်ရေးအစီအစဉ်
- H4 နှင့် D1 chart များပေါ်တွင် "Double top” ပုံစံတခု ပေါ်ပေါက်ရန် အလားအလာမြင့်မားပါသည်။ အကယ်၍ necklines ကျိုးပေါက်ခဲ့သည်ရှိသော် $2,221.95 မှ $2,047.66 ကြား ဧရိယာအတွင်း ပစ်မှတ်ထား၍ ကာလတိုကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ပါသည်။
- အခြားဖြစ်နိုင်ခြေတခုမှာ အကယ်၍ အရောင်းများသည် ဈေးနှုန်းအား $2,268.59 အတွင်း ဆက်လက်တည်ရှိနေရန် ထိန်းသိမ်းထားနိုင်ပါက အတက်လမ်းကြောင်း ဆက်လက်ဖြစ်ထွန်းနိုင်ပါသည်။
- အရေးပါသော support level များ - $2,269.59၊ $2,221.95၊ $2,145.83၊ $2,088.92၊ $2,047.66။
- အရေးပါသော resistance level များ - $2,354.16၊ $2,402.82၊ $2,446.13၊ $2,482.31၊ $2,513.83။
၂၀၂၄ အတွက် ကုန်သွယ်ရေးအစီအစဉ်
- အပတ်စဉ်ဈေးနှုန်း ပြ ဇယားပေါ်တွင် ဆန့်ကျင်ဘက် candlestick ပုံစံများ ပေါ်ပေါက်လာပါသည်။ ၎င်းတို့သည် အတက်လမ်းကြောင်း အဆုံးသတ်ရန်အတွက် အချက်ပြနေပါသည်။ $2,047.66 ဈေးတန်း၌ရှိသော အောက်နယ်နိမိတ်မျဉ်းဆီသို့ဦးတည်၍ ယာယီကျဆင်းမှုတခု မကြာမီ စတင်လိမ့်မည် ဟု ယူဆရသည်။ ဈေးနှုန်းသည် ထိုဈေးတန်းသို့ ရောက်ရှိပြီးနောက် အထက်သို့ ပြန်လည် ရွေ့လျားနိုင်ပါသည်။
- အရေးပါသော support level များ - $2,269.59၊ $2,148.21၊ $2,047.66၊ $1,947.54၊ $1,816.65၊ $1,620.30။
- အရေးပါသော resistance level များ - $2,446.13၊ $2,513.83၊ $2,677.13။
၂၀၂၄ အတွက် ရွှေဈေးနှုန်းခန့်မှန်းချက် - ကျွမ်းကျင်သူများမှ မည်သို့မျှော်လင့်ပါသနည်း။
၂၀၂၄ တွင် ရွှေသည် သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်များကို ဆက်လက်ဖြတ်ကျော်သွားလိမ့်မည်။ 02.09.2024 အတွက် XAU ၏ ကုန်သွယ်ရေးနှုန်းထားမှာ တအောင်စလျှင် $2 492.18 ဖြစ်ပါသည်။
ကမ္ဘာတဝှမ်း ပထဝီနိုင်ငံရေးဖိအားများနှင့် ဖက်ဒရယ်ဘဏ်၏ မရေရာသော အနာဂါတ်လုပ်ဆောင်ချက် များကြား ကာကွယ်ရေးကိရိယာတခုအဖြစ် အဖိုးတန်သတ္တု၏ ဝယ်လိုအား မြင့်မားလျှက်ရှိပါသည်။ နိုင်ငံများစွာတို့သည် ပြည်တွင်းဈေးကွက်အပေါ် ပြင်ပဖြစ်ရပ်များ၏ သက်ရောက်မှုမှ ကာကွယ်ရန်အလို့ငှာ မြင့်မားသောဈေးနှုန်းများကြားမှပင် XAUUSD အား အကာအကွယ်ကိရိယာအဖြစ် ဝယ်ယူစုဆောင်းကြပါသည်။
ရွှေဈေးနှုန်းအပေါ် အကျိုးသက်ရောက်သော အကြောင်းအရာများတွင် အောက်ပါတို့ ပါဝင်ပါသည်။
- ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဗဟိုဘဏ်များ၏ ငွေကြေးမူဝါဒ။ အတိုးနှုန်းများ ဖြတ်တောက်ခြင်းနှင့် အမေရိကန်ဗဟိုဘဏ်စနစ်၏ ငွေကြေးမူဝါဒဖြေလျော့ခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ စွန့်စားလို သော စိတ်ဆန္ဒကို နှိုးဆော်အားပေးပါသည်။ ဤဖြစ်ရပ်တွင် စွန့်စားမှုမြင့်မားသော ပိုင်ဆိုင်မှုများဆီသို့ ငွေကြေးများစီးဆင်းခြင်းနှင့် XAUUSD အပါအဝင် ဘေးကင်းသော ကာကွယ်ရေးကိရိယာများတွင် liquidity လျော့နည်းလာခြင်းကို တွေ့မြင်ရနိုင်ဖွယ်ရာ ရှိပါသည်။
- အမေရိကန်ပြည်ထောင်စုအတွင်း လာမည့်ရွေးကောက်ပွဲအစီအစဉ်များသည် နိုင်ငံရေးဆိုင်ရာ မသေချာမရေရာမှုများ၏ အဓိက အရင်းအမြစ်တခု ဖြစ်ပြီး၊ ရွှေဈေးနှုန်းအပေါ် ထင်ရှားစွာ အကျိုးသက်ရောက်နိုင်ပါသည်။ နိုင်ငံရေးမတည်ငြိမ်သော ကာလများအတွင်း ရွှေသည် ဘေးကင်းသော ပိုင်ဆိုင်မှုတခုဖြစ်သည်ဟု ယူဆလေ့ရှိကြသည်။ ထိုကာလမျိုးတွင် ရင်းနှီးမြှုပ်နှံသူ များအနေဖြင့် ပိုမိုဘေးကင်းသော ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေလေ့ရှိသောကြောင့် ထိုကဲ့သို့ မရောရာမှုများသည် ရွှေဈေးနှုန်းတိုးတက်မှုကို အားဖြည့်ပံ့ပိုးပေးပါသည်။
- ပထဝီနိုင်ငံရေးဖိအားများမြင့်တက်လာခြင်းနှင့် အရှိန်အဟုန်မြင့်မားလာသော ပဋိပက္ခများသည် ရွှေဈေးနှုန်းကို တိုးတက်စေပါသည်။ အီရန်သမ္မတ Ebrahim Raisi သေဆုံးမှု၏နောက်တွင် မှန်းဆမရသော အကျိုးဆက်များ ရှိလာနိုင်ပြီး၊ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများ ပိုမိုပြင်းထန်လာနိုင်သည်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုတိုင်းသည် XAUUSD စျေးနှုန်းအား အမြင့်ဆုံးစံချိန်များဆီသို့ တွန်းပို့ရောက်ရှိစေနိုင်ပါသည်။
- တရုတ်နှင့် အမေရိကန်ကြား မပြီးပြတ်သော ကုန်သွယ်ရေးစစ်ပွဲအပါအဝင် ရုရှားပိုင်ဆိုင်မှုများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းနှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခြင်း တို့သည် ရွှေဈေးနှုန်းအပေါ် ပြင်းထန်စွာ အကျိုးသက်ရောက်နိုင်ပါသည်။
World Bank Group
World Bank ၏ အလိုအရ၊ ၂၀၂၄ ခုနှစ်အတွက် ပျမ်းမျှရွှေဈေးနှုန်းသည် တအောင်စလျှင် $2,100.00 ခန့် ရှိနိုင်ပါသည်။ ဤခန့်မှန်းချက်သည် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ မြင့်တက်လာနိုင်ပြီး အဖိုးတန်သတ္တုတန်ဖိုးများ သိသိသာသာ မြင့်တက်လာနိုင်သည် ဟူသော ယူဆချက်အပေါ် အခြေခံပါသည်။
International Monetary Fund (IMF)
International Monetary Fund သည် တအောင်စလျှင် $1,775.00 တန်ဖိုးအား ပျမ်းမျှဈေးနှုန်းအဖြစ် ခန့်မှန်းပါသည်။ ဤခန့်မှန်းချက်သည် ငွေကြေးဖောင်းပွမှု မျှော်မှန်းချက်များ၊ ဘဏ္ဍာရေး ဈေးကွက် အခြေအနေနှင့် စီးပွားရေးစွမ်းဆောင်ရည်များအပေါ် အခြေခံပါသည်။ စီးပွားရေးပညာရှင်များ၏ အလိုအရ အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းများ ဖြတ်တောက်ရန် အစီအစဉ်ချမှတ်မှု မရှိသေးသော် လည်း၊ ရွှေဈေးနှုန်းများကို တိုးတက်စေသော ငွေကြေးမူဝါဒဖြေလျော့မှုတရပ်ကို စနစ်တကျ ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
Goldman Sachs
Capex ၏ ထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံမှုဘဏ်တခုဖြစ်သော Goldman Sachs သည် ၂၀၂၄ ခုနှစ်အတွက် အဖိုးတန်သတ္တု၏ ပျမ်းမျှဈေးနှုန်းအား $2,133.00 ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ ခွဲခြမ်းစိတ်ဖြာသူများ၏အလိုအရ fear index မြင့်တက်လာခြင်းနှင့် ၎င်း၏ ဘေးကင်းစိတ်ချရသော တန်ဖိုးကြောင့် XAUUSD နှုန်းထားသည် ဈေးကွက်မျှော်မှန်းချက်များ၏ အထက်သို့ပင် ရောက်ရှိနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာရခြင်းမှာ မသေချာမရေရာမှုများ မြင့်မားလာခြင်းနှင့် ယခုနှစ်အတွင်း အမေရိကန်၏ စီးပွားရေးဆုတ်ယုတ်မှုအလားအလာတို့ကြောင့် ဖြစ်သည်။
ထို့အပြင် ဗဟိုဘဏ်များ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယဗဟိုဘဏ်များ၏ တက်ကြွသော ဝယ်ယူမှုသည်လည်း ပိုင်ဆိုင်မှု၏ ဈေးနှုန်းအား အထက်သို့ရွေ့လျားစေရန် တွန်းအားပေးပါသည်။
ABN AMRO
ဒိန်းမိတ်ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ် အတွင်း ပျမ်းမျှရွှေဈေးနှုန်းအား တအောင်စလျှင် $2000.00 ဖြစ်လိမ့်မည်ဟု ခန့်မှန်းချက်ထုတ်ပါသည်။ ဤသုံးသပ်ချက်သည် အမေရိကန်ဒေါ်လာ အားကောင်းလာခြင်း၊ အတိုးနှုန်းများ မြင့်မားလာခြင်း၊ ရင်းနှီးမြှုပ်နှံသူတို့၏ ဝယ်လိုအားကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှု ဖိအားများ လျော့ပါးလာခြင်း စသည့်အကြောင်းအရာများအပေါ်တွင် အခြေခံပါသည်။
Predict-Price
ခွဲခြမ်းစိတ်ဖြာမှုလမ်းညွှန်ဆိုက်တခုဖြစ်သော Predict-Price မှ ၂၀၂၄ ခုနှစ်အတွင်း ရွှေဈေးနှုန်း ဆက်လက်တိုးတက်လိမ့်မည်ဟု အစီရင်ခံတင်ပြပါသည်။ ထို့ကြောင့် အပြုသဘောဆောင်သော ဖြစ်နိုင်ခြေတွင် ပိုင်ဆိုင်မှု၏ဈေးနှုန်းသည် $3,613.12 အထိရောက်ရှိနိုင်ပြီး၊ အနှုတ်သဘောဆောင်သော ဖြစ်နိုင်ခြေတွင် $2,198.46 အထိ ကျဆင်းနိုင်ပါသည်။
Trading Economics
Trading Economics ခွဲခြမ်းစိတ်ဖြာသူများမှ လက်ရှိ သုံးလပတ်၏ အဆုံးတွင် ရွှေဈေးနှုန်းသည် တအောင်စလျှင် $2,310.02 ဝန်းကျင်၌ ရှိလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးညွှန်ပြချက်များအရ နှစ်ကုန်ချိန်တွင် ဈေးနှုန်းသည် $2,483.74 သို့ ရောက်ရှိနိုင်ပါသည်။
Coin Price Forecast
Coin Price Forecast ၏ အလိုအရ နှစ်လယ်ပိုင်းတွင် ရွှေဈေးနှုန်းသည် တအောင်စလျှင် $2,419.00 သို့ ရောက်ရှိနိုင်ပါသည်။ ကျွမ်းကျင်သူများမှ ၂၀၂၄ နှစ်ကုန်ပိုင်းတွင် အဖိုးတန်သတ္တု၏ဈေးနှုန်းသည် $2,651.00 သို့ မြင့်တက်နိုင်သည်ဟု အဆိုပြုကြသည်။
LongForecast
Long Forecast ၏ ခွဲခြမ်းစိတ်ဖြာသူများမှ ရွှေဈေးနှုန်းသည် နှစ်ကုန်ချိန်တွင် $2,421.00 အထိ တိုးတက်လိမ့်မည် ဟု ခန့်မှန်းပါသည်။ ဇွန်လတွင် အနိမ့်ဆုံးဈေးတန်း $2,064.00 သို့ရောက်ရှိ၍ ဒီဇင်ဘာတွင် အမြင့်ဆုံး $2,542.00 ဈေးတန်းသို့ ရောက်ရှိနိုင်သည်ဟု မျှော်မှန်းရပါသည်။
လ | အဖွင့်ဈေး | အနိမ့်–အမြင့် | အပိတ်ဈေး | ပြောင်းလဲမှု |
---|---|---|---|---|
၂၀၂၄ | ||||
ဩဂုတ် | $2,214.00 | $2,214.00–$2,469.00 | $2,351.00 | 2.4% |
စက်တင်ဘာ | $2,351.00 | $2,228.00–$2,462.00 | $2,345.00 | 2.1% |
အောက်တိုဘာ | $2,345.00 | $2,213.00–$2,445.00 | $2,329.00 | 1.4% |
နိုဝင်ဘာ | $2,329.00 | $2,250.00–$2,486.00 | $2,368.00 | 3.1% |
ဒီဇင်ဘာ | $2,368.00 | $2,300.00–$2,542.00 | $2,421.00 | 5.4% |
WalletInvestor
WalletInvestor ၏ ခန့်မှန်းချက်အရ ဈေးနှုန်းသည် $2405.73 မှ 2454.45 အကွာအဝေးအတွင်း ရွေ့လျားနိုင်ပါသည်။ နှစ်ကုန်ချိန်တွင် ရွေဈေးနှုန်းသည် တအောင်စလျှင် $2441.01 သို့ ရောက်ရှိနိုင်ပါသည်။
လ | အဖွင့်ဈေး | အပိတ်ဈေး | အနိမ့်ဈေး | အမြင့်ဈေး | ပြောင်းလဲမှု |
---|---|---|---|---|---|
ဩဂုတ် | $2,432.73 | $2,452.95 | $2,432.73 | $2,452.95 | 0.82% ▲ |
စက်တင်ဘာ | $2,454.13 | $2,429.89 | $2,429.89 | $2,454.45 | -1%▼ |
အောက်တိုဘာ | $2,429.51 | $2,435.74 | $2,429.51 | $2,437.40 | 0.26% ▲ |
နိုဝင်ဘာ | $2,435.39 | $2,436.17 | $2,434.05 | $2,436.59 | 0.03% ▲ |
ဒီဇင်ဘာ | $2,435.52 | $2,441.45 | $2,431.01 | $2,441.45 | 0.24% ▲ |
CoinCodex
ခွဲခြမ်းစိတ်ဖြာမှုလမ်းညွှန်ဆိုက်တခုဖြစ်သော Coincodex ၏ ခန့်မှန်းချက်များအရ ၂၀၂၄ နှစ်ကုန်ချိန်တွင် အဖိုးတန်သတ္တုဈေးနှုန်းသည် $2,810.76 သို့ ရောက်ရှိသင့်ပါသည်။ ပိုင်ဆိုင်မှု၏ ဈေးကွက်ပေါက်ဈေးသည် $2,350.80 ၌ ရပ်တည်နေပြီး ရက်-၅၀ SMA ၏ အောက်ဘက်တွင်ရှိနေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် 200-day SMA ဖြစ်သော $2,130.67 ၏ အထက်၌ ရှိပါသည်။
GovCapital
Gov Capital ၏ ခန့်မှန်းချက်များသည် ၂၀၂၄ ခုနှစ်အတွင်း ရွှေဈေးနှုန်းအား $2,212.60 မှ $2,391.50 ကြားတွင်ရှိလိမ့်မည်ဟု ညွှန်ပြနေပါသည်။ တချိန်တည်းမှာပင် ကျွမ်းကျင်သူများသည် $2,750.23 ဈေးတန်းအထိ ရုတ်တရက်မြင့်တက်နိုင်သည်ဟူသော ယူဆချက်တခုကိုလည်း လက်မလွှတ်ခဲ့ကြပေ။
လ | ပျမ်းမျှဈေး | အနိမ့်ဈေး | အမြင့်ဈေး |
---|---|---|---|
ဩဂုတ် | $2,303.94 | $1,958.35 | $2,649.53 |
$2,281.97 | $1,939.67 | $2,624.27 | |
စက်တင်ဘာ | $2,280.73 | $1,938.62 | $2,622.84 |
$2,212.60 | $1,880.71 | $2,544.49 | |
အောက်တိုဘာ | $2,218.38 | $1,885.62 | $2,551.14 |
$2,267.62 | $1,927.48 | $2,607.76 | |
နိုဝင်ဘာ | $2,276.06 | $1,934.65 | $2,617.47 |
$2,351.72 | $1,998.96 | $2,704.48 | |
ဒီဇင်ဘာ | $2,372.86 | $2,016.93 | $2,728.79 |
$2,391.50 | $2,032.78 | $2,750.23 |
၂၀၂၅-၂၀၃၀ အတွင်း ကျွမ်းကျင်သူများ၏ ရွှေဈေးနှုန်း ခွဲခြမ်းစိတ်ဖြာမှု
၂၀၂၅ မှ ၂၀၃၀ အတွင်း XAUUSD နှုန်းထားနှင့်စပ်လျဉ်း၍ ခွဲခြမ်းစိတ်ဖြာသူများနှင့် ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များသည် ရောထွေးလျက်ရှိပါသည်။
WalletInvestor
WalletInvestor အလိုအရ ၂၀၂၅ ခုနှစ်တွင် ရွှေဈေးနှုန်းသည် အထက်သို့ဆက်လက်မြင့်တက်ပြီး ဒီဇင်ဘာလတွင် $2,520.83 သို့ ရောက်ရှိနိုင်ပါသည်။ ၂၀၂၆ ပထမသုံးလပတ်တွင် ရွှေတန်ဖိုးသည် $2,522.08 နှင့် $2,586.30 ကြား ရွေ့လျားကာ နှစ်ကုန်ချိန်တွင် $2,599.80 level သို့ ရောက်ရှိပါမည်။ ခွဲခြမ်းစိတ်ဖြာသူများ၏ အဆိုပြုချက်အရ ၂၀၂၇ မှ ၂၀၂၉ ကြား သင့်တင့်သော အတက်လမ်းကြောင်းတခု တည်ငြိမ်စွာ ဖြစ်ထွန်းနိုင်ပါသည်။ ထို့ကြောင့် ကျွမ်းကျင်သူများမှ ၂၀၂၉ မေလတွင် ရွှေဈေးနှုန်းသည် တအောင်စလျှင် $2,823.56 ဝန်းကျင်သို့ ရောက်ရှိလိမ့်မည်ဟု ကြိုတင်ယူဆထားကြပါသည်။
လ | အဖွင့်ဈေး | အပိတ်ဈေး | အနိမ့်ဈေး | အမြင့်ဈေး | ပြောင်းလဲမှု |
---|---|---|---|---|---|
၂၀၂၅ | |||||
ဇန်နဝါရီ | $2,443.12 | $2,472.20 | $2,443.12 | $2,472.20 | 1.18 % ▲ |
ဖေဖော်ဝါရီ | $2,473.22 | $2,493.79 | $2,473.22 | $2,493.79 | 0.82 % ▲ |
မတ် | $2,495.16 | $2,507.31 | $2,495.16 | $2,507.31 | 0.48 % ▲ |
ဧပြီ | $2,508.46 | $2,515.01 | $2,508.46 | $2,521.02 | 0.26 % ▲ |
မေ | $2,514.27 | $2,499.53 | $2,499.53 | $2,514.27 | -0.59 %▼ |
ဇွန် | $2,498.44 | $2,488.27 | $2,488.27 | $2,498.44 | -0.41 %▼ |
ဇူလိုင် | $2,487.50 | $2,510.72 | $2,485.05 | $2,510.72 | 0.92 % ▲ |
ဩဂုတ် | $2,511.84 | $2,531.69 | $2,511.84 | $2,531.69 | 0.78 % ▲ |
စက်တင်ဘာ | $2,533.22 | $2,509.28 | $2,509.28 | $2,533.84 | -0.95 %▼ |
အောက်တိုဘာ | $2,509.28 | $2,515.20 | $2,508.92 | $2,516.79 | 0.24 % ▲ |
နိုဝင်ဘာ | $2,514.42 | $2,515.78 | $2,513.43 | $2,516.07 | 0.05 % ▲ |
ဒီဇင်ဘာ | $2,515.31 | $2,520.83 | $2,510.45 | $2,520.83 | 0.22 % ▲ |
၂၀၂၆ | |||||
ဇန်နဝါရီ | $2,522.08 | $2,551.30 | $2,522.08 | $2,551.30 | 1.15 % ▲ |
ဖေဖော်ဝါရီ | $2,552.23 | $2,572.47 | $2,552.23 | $2,572.47 | 0.79 % ▲ |
မတ် | $2,574.15 | $2,586.30 | $2,574.15 | $2,586.30 | 0.47 % ▲ |
ဧပြီ | $2,587.86 | $2,594.47 | $2,587.86 | $2,600.31 | 0.25 % ▲ |
မေ | $2,593.81 | $2,579.54 | $2,579.54 | $2,593.81 | -0.55 %▼ |
ဇွန် | $2,578.33 | $2,567.75 | $2,567.75 | $2,578.33 | -0.41 %▼ |
ဇူလိုင် | $2,567.37 | $2,589.80 | $2,564.57 | $2,589.80 | 0.87 % ▲ |
ဩဂုတ် | $2,593.21 | $2,612.15 | $2,593.21 | $2,612.15 | 0.73 % ▲ |
စက်တင်ဘာ | $2,612.44 | $2,589.09 | $2,589.09 | $2,613.15 | -0.9 %▼ |
အောက်တိုဘာ | $2,588.65 | $2,595.00 | $2,588.41 | $2,596.09 | 0.24 % ▲ |
နိုဝင်ဘာ | $2,594.20 | $2,595.03 | $2,592.83 | $2,595.48 | 0.03 % ▲ |
ဒီဇင်ဘာ | $2,594.68 | $2,599.80 | $2,590.02 | $2,599.80 | 0.2 % ▲ |
CoinCodex
Coincodex ခွဲခြမ်းစိတ်ဖြာသူများမှ လာမည့် ငါးနှစ်ကျော်ကာလအတွင်း XAUUSD နှုန်းထားသည် $3,210.14 သို့မြင့်တက်လိမ့်မည်ဟု ကြိုတင်သုံးသပ်ကြပါသည်။ ကျွမ်းကျင်သူများမှ ၂၀၃၀ တွင် တအောင်စလျှင် $3,797.10 ဝန်းကျင်ဖြင့် ကုန်သွယ်ရလိမ့်မည်ဟု မျှော်မှန်းထားကြပါသည်။
Predict-Price
Predict-Price ၏ သုံးသပ်ချက်တွင် ရွှေဈေးနှုန်းသည် ၂၀၂၅ ခုနှစ်အတွင်း $2,148.94 နှင့် $4,270.93 ကြားရှိလိမ့်မည်ဟု ပါဝင်ပါသည်။ ထို့အပြင် ဉာဏ်ရည်တုနည်းပညာများ၏ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်အတွင်း XAUUSD နှုန်းထားသည် $4,928.74 အထိ မြင့်တက်နိုင်ပါသည်။ တချိန်တည်းမှာပင် ဦးတည်ရာ မပြတ်သားသော လမ်းကြောင်းတခု ပေါ်ပေါက်နိုင်ခြေ 95.68% ရှိသည်ဟု ထုတ်ပြန်ထားပါသည်။
CoinPriceForecast
Coin Price Forecast အလိုအရ ဤပိုင်ဆိုင်မှု၏ ဈေးနှုန်းသည် ၂၀၂၅ နှစ်လယ်တွင် $2,677.00၊ ၂၀၂၅ နှစ်ကုန်ချိန်တွင် $2,925.00နှင့် ၂၀၂၆ နှစ်ကုန်တွင် $3,164.00 သို့ ရောက်ရှိနိုင်ပါသည်။ ထို့အပြင် ခွဲခြမ်းစိတ်ဖြာသူများမှ ၂၀၂၇ မှ ၂၀၃၀ အတွင်း အဖိုးတန်သတ္တုဈေးနှုန်းသည် ယခင်အရှိန်အဟုန်အတိုင်း ဆက်လက်တိုးတက်ကာ တအောင်စလျှင် $4,649.00 အထိ ရောက်ရှိနိုင်သည်ဟု မှတ်ချက်ပြုကြပါသည်။
နှစ် | နှစ်လယ် | နှစ်ကုန် | ယနေ့/နှစ်ကုန် % |
---|---|---|---|
၂၀၂၅ | $2,677.00 | $2,925.00 | 25 % |
၂၀၂၆ | $3,128.00 | $3,164.00 | 35 % |
၂၀၂၇ | $3,174.00 | $3,270.00 | 40 % |
၂၀၂၈ | $3,537.00 | $3,780.00 | 62 % |
၂၀၂၉ | $4,023.00 | $4,185.00 | 79 % |
၂၀၃၀ | $4,368.00 | $4,649.00 | 99 % |
LongForecast
Long Forecast ကျွမ်းကျင်သူများမှ ၂၀၂၅ နှစ်စအတွက် ရွှေဈေးနှုန်းအား $2,421.00 နှင့် $2,700.00 ကြားတွင် ရှိလိမ့်မည်ဟု ခန့်မှန်းကြပါသည်။ ဤကုန်သွယ်ရေးပစ္စည်းသည် တနှစ်တာအတွင်း $2,799.00 ဈေးနှုန်းသို့ ရောက်ရှိနိုင်ပါသည်။
၂၀၂၆ နှစ်စတွင် XAUUSD နှုန်းထားများ၏ ဆန့်ကျင်ဘက်ရွေ့လျားမှုတခု အစပြုနိုင်ပြီး တနှစ်တာပတ်လုံး အောက်သို့ ဆက်လက်ကျဆင်းနိုင်ပါသည်။ ထို့ကြောင့် ၂၀၂၆ နှစ်ကုန်ပိုင်းတွင် ရွှေဈေးနှုန်းသည် $2,566.00 သို့ ရောက်ရှိနိုင်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူများ၏အလိုအရ ၂၀၂၆ ဇူလိုင်လတွင် အနိမ့်ဆုံးနှုန်းထားအဖြစ် ရွှေဈေးနှုန်းအား $2,241.00 ဝန်းကျင်တွင် တွေ့ရှိရနိုင်ပါသည်။
၂၀၂၇ မှ ၂၀၂၈ ကြားတွင် အဖိုးတန်သတ္တုဈေးနှုန်းသည် $2,163.00 မှ $2,800.00 ကြား ကျယ်ပြန့်သော ဘောင်အတွင်း ရွေ့လျားနိုင်ပါသည်။
လ | အဖွင့်ဈေး | အနိမ့်ဈေး–အမြင့်ဈေး | အပိတ်ဈေး | ပြောင်းလဲမှု |
---|---|---|---|---|
၂၀၂၅ | ||||
ဇန်နဝါရီ | $2,421.00 | $2,421.00–$2,700.00 | $2,571.00 | 11.9% |
ဖေဖော်ဝါရီ | $2,571.00 | $2,316.00–$2,571.00 | $2,438.00 | 6.1% |
မတ် | $2,438.00 | $2,273.00–$2,513.00 | $2,393.00 | 4.2% |
ဧပြီ | $2,393.00 | $2,363.00–$2,611.00 | $2,487.00 | 8.3% |
မေ | $2,487.00 | $2,299.00–$2,541.00 | $2,420.00 | 5.4% |
ဇွန် | $2,420.00 | $2,278.00–$2,518.00 | $2,398.00 | 4.4% |
ဇူလိုင် | $2,398.00 | $2,292.00–$2,534.00 | $2,413.00 | 5.1% |
ဩဂုတ် | $2,413.00 | $2,413.00–$2,691.00 | $2,563.00 | 11.6% |
စက်တင်ဘာ | $2,563.00 | $2,315.00–$2,563.00 | $2,437.00 | 6.1% |
အောက်တိုဘာ | $2,437.00 | $2,437.00–$2,696.00 | $2,568.00 | 11.8% |
နိုဝင်ဘာ | $2,568.00 | $2,504.00–$2,768.00 | $2,636.00 | 14.8% |
ဒီဇင်ဘာ | $2,636.00 | $2,636.00–$2,939.00 | $2,799.00 | 21.9% |
၂၀၂၆ | ||||
ဇန်နဝါရီ | $2,799.00 | $2,608.00–$2,882.00 | $2,745.00 | 19.5% |
ဖေဖော်ဝါရီ | $2,745.00 | $2,525.00–$2,791.00 | $2,658.00 | 15.7% |
မတ် | $2,658.00 | $2,441.00–$2,697.00 | $2,569.00 | 11.8% |
ဧပြီ | $2,569.00 | $2,406.00–$2,660.00 | $2,533.00 | 10.3% |
မေ | $2,533.00 | $2,343.00–$2,589.00 | $2,466.00 | 7.4% |
ဇွန် | $2,466.00 | $2,294.00–$2,536.00 | $2,415.00 | 5.1% |
ဇူလိုင် | $2,415.00 | $2,241.00–$2,477.00 | $2,359.00 | 2.7% |
ဩဂုတ် | $2,359.00 | $2,278.00–$2,518.00 | $2,398.00 | 4.4% |
စက်တင်ဘာ | $2,398.00 | $2,398.00–$2,674.00 | $2,547.00 | 10.9% |
အောက်တိုဘာ | $2,547.00 | $2,377.00–$2,627.00 | $2,502.00 | 8.9% |
နိုဝင်ဘာ | $2,502.00 | $2,454.00–$2,712.00 | $2,583.00 | 12.5% |
ဒီဇင်ဘာ | $2,583.00 | $2,438.00–$2,694.00 | $2,566.00 | 11.7% |
GovCapital
Gov Capital ၏ ခန့်မှန်းချက်အရ ၂၀၂၅ နှစ်စတွင် ပျမ်းမျှရွှေဈေးနှုန်းသည် $2,392.01 ဖြစ်နိုင်ပြီး၊ ဘဏ္ဍာနှစ်အဆုံးတွင် $3,736.97 သို့တိုးတက်ရောက်ရှိနိုင်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူများသည် အဖိုးတန် သတ္တုဈေးနှုန်း၏ တိုးတက်မှုအလားအလာအပေါ် အလေးပေးသုံးသပ်ကြပြီး ၂၀၂၉ မေလတွင် သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်ဖြစ်သော တအောင်စလျှင် $11,644.26 အထိ မြင့်တက်ရန် မျှော်လင့်ထားကြသည်။
လ | ပျမ်းမျှဈေး | အနိမ့်ဈေး | အမြင့်ဈေး |
---|---|---|---|
ဇန်နဝါရီ ၂၀၂၅ | $2,392.01 | $2,033.21 | $2,750.81 |
$2,423.29 | $2,059.79 | $2,786.78 | |
ဇွန် ၂၀၂၅ | $3,645.27 | $3,098.48 | $4,192.06 |
$3,588.28 | $3,050.04 | $4,126.52 | |
ဒီဇင်ဘာ ၂၀၂၅ | $3,723.89 | $3,165.30 | $4,282.47 |
$3,736.97 | $3,176.42 | $4,297.52 | |
ဇန်နဝါရီ ၂၀၂၆ | $3,738.31 | $3,177.56 | $4,299.06 |
$3,790.85 | $3,222.22 | $4,359.47 | |
ဇွန် ၂၀၂၆ | $5,398.36 | $4,588.60 | $6,208.11 |
$5,339.54 | $4,538.61 | $6,140.47 | |
ဒီဇင်ဘာ ၂၀၂၆ | $5,517.46 | $4,689.84 | $6,345.08 |
$5,531.65 | $4,701.90 | $6,361.40 | |
ဇန်နဝါရီ ၂၀၂၇ | $5,533.61 | $4,703.57 | $6,363.66 |
$5,567.45 | $4,732.33 | $6,402.57 | |
ဇွန် ၂၀၂၇ | $7,690.69 | $6,537.09 | $8,844.30 |
$7,635.15 | $6,489.88 | $8,780.43 | |
ဒီဇင်ဘာ ၂၀၂၇ | $7,817.76 | $6,645.09 | $8,990.42 |
$7,844.16 | $6,667.53 | $9,020.78 | |
ဇန်နဝါရီ ၂၀၂၈ | $7,846.77 | $6,669.75 | $9,023.78 |
$7,891.22 | $6,707.54 | $9,074.91 | |
ဇွန် ၂၀၂၈ | $9,576.25 | $8,139.81 | $11,012.69 |
$9,527.48 | $8,098.35 | $10,956.60 | |
ဒီဇင်ဘာ ၂၀၂၈ | $9,735.26 | $8,274.97 | $11,195.55 |
$9,765.06 | $8,300.30 | $11,229.82 | |
ဇန်နဝါရီ ၂၀၂၉ | $9,761.83 | $8,297.55 | $11,226.10 |
$9,814.86 | $8,342.63 | $11,287.09 | |
မေ ၂၀၂၉ | $10,038.51 | $8,532.73 | $11,544.28 |
$11,644.26 | $9,897.62 | $13,390.89 |
ရွှေဈေးနှုန်းသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲသနည်း။
အောက်ပါဇယားသည် လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း ရွှေဈေးနှုန်းကို ကိုယ်စားပြုသော XAUUSD ဇယားတခုဖြစ်ပါသည်။ သမိုင်းဆိုင်ရာ အချက်အလက်များကို အကဲဖြတ်ခြင်းသည် ခန့်မှန်းချက်များကို တတ်နိုင်သမျှ တိကျအောင်ပြုလုပ်ရန် အရေးကြီးပါသည်။
ဘဏ္ဍာရေးပိုင်ဆိုင်မှုတခုအနေဖြင့် ရွှေဈေးနှုန်းအား လွှမ်းမိုးထားသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအရာများစွာ ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ရွှေဈေးနှုန်းကိုခန့်မှန်းရာတွင် အဓိကအာရုံစိုက်ရမည့် အချက်တခုမှာ အမေရိကန်ဒေါ်လာဖြစ်ပါသည်။ အကြောင်းမှာ ကမ္ဘာတဝှမ်း အဖိုးတန်သတ္တုအား တန်ဖိုးဖြတ်ရာတွင် ဤငွေကြေးစနစ်ကို အသုံးပြုလေ့ရှိကြသောကြောင့်ဖြစ်သည်။
အမေရိကန်ဒေါ်လာတန်ဖိုး အားကောင်းခြင်းသည် ရွှေဈေးနှုန်းကို သက်သာလျော့ပါးစေသည်။ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းသည် ရွှေဈေးနှုန်းကို မြင့်မားစေပါသည်။ ထို့အပြင် အမေရိကန်သည် အရန်ငွေအဖြစ် ရွှေချောင်းများကို အများဆုံးထိန်းသိမ်းထားသည့် နိုင်ငံတခုဖြစ်ပြီး အဖိုးတန်သတ္တု တန်ချိန် ၈၁၀၀ ခန့် ကိုင်ဆောင်ထားပါသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလဆန်းမှ အစပြု၍ ရွှေဈေးနှုန်း စတင်တိုးတက်လာခဲ့ပြီး၊ ၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းတွင် $1,854.38 သို့ ရောက်ရှိခဲ့သည်။ မေလ ၂၀၂၃ တွင် $1,999.47 သို့ ရောက်ရှိခဲ့ပြီးနောက် ဈေးနှုန်းသည် အောက်သို့ဦးလှည့်ကျဆင်းသွားခဲ့သည်။ ထိုအချိန်မှစ၍ ရွှေတန်ဖိုးသည် ငါးလအတွင်း ၁၃% ဆုံးရှုံးခဲ့ပြီး $1,810.40 အထိ နိမ့်ဆင်းသွားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ အစပြုခဲ့သော အရှေ့အလယ်ပိုင်းဒေသအတွင်း ပါလက်စတိုင်း-အစ္စရေးပဋိပက္ခကို အကြောင်းပြု၍ XAUUSD နှုန်းထား၏အခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့ပြီး၊ နှစ်ကုန်ပိုင်းတွင် ၁၂% အထက် တန်ဖိုးတိုးတက်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာလကုန်ပိုင်းတွင် ဈေးနှုန်းသည် $2,041.19 ၌ ရပ်တည်ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှ ဖေဖော်ဝါရီကြားတွင် $2,088.40 မှ $1,984.23 အကွာအဝေးအတွင်း ငြိသက်နေခဲ့သည်။
၂၀၂၄ အစောပိုင်းမှ စတင်၍ ရွှေတန်ဖိုး ၂၃% တိုးတက်ခဲ့ပြီး မေလတွင် $2,450.00 သို့ ရောက်ရှိခဲ့ကာ ကာလတလျှောက်အမြင့်ဆုံးစံချိန်သစ်ကို ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း မသေချာမရေရာမှုများရှိ၍နေသည်။ မတ်လအစောပိုင်းတွင် လျင်မြန်စွာတိုးတက်လာသော ရွှေဈေးနှုန်းများကို မြင်တွေ့ခဲ့ရပြီးသည့်နောက် ရင်းနှီးမြှုပ်နှံသူများသည် ရွှေပိုင်ဆိုင်မှုကို ရောင်းချ၍ အမြတ်များကို သိမ်းဆည်းရန် အသင့်ပြင်ခဲ့ကြသည်။
ဈေးကွက်အတွင်းမှ မရေရာမှုများနှင့် အရောင်းများဘက်သို့ ယိမ်းယိုင်လာသော ဈေးကွက်အလေးသာမှုသည် အမေရိကန်၏ အားနည်းသော အခြေခံစီးပွားရေးအချက်အလက်များ ထွက်ပေါ်လာခြင်းနှင့် Jerome Powell ၏ မိန့်ခွန်းတို့နှင့် ဆက်စပ်နေပါသည်။
- အမေရိကန်အလုပ်လက်မဲ့ဦးရေသည် မတ်လတွင် ၃.၈% မှ ဧပရယ်လတွင် ၃.၉% သို့ တိုးတက်လာသည်။ အလုပ်လက်မဲ့ညွှန်ပြချက်သည် အထက်သို့ ဆက်လက်မြင့်တက်ဦးမည်ဟု မျှော်မှန်းရပါသည်။
- မတ်လအတွက် အစီရင်ခံတင်ပြသော အလုပ်အကိုင်အခွင့်အလမ်းအရေအတွက်မှာ 8.488 မီလီယံဖြစ်ပြီး၊ ဖေဖော်ဝါရီလ၏ 8.813 မီလီယံနှင့် နှိုင်းယှဉ်ပါက ဤကိန်းဂဏန်းများသည် အမေရိကန် အလုပ်အကိုင်အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ၏ ဆုတ်ယုတ်ကျဆင်းမှုကို ပြသနေသည်။
- အမေရိကန်၏ consumer price index (စားသုံးသူဆိုင်ရာဈေးနှုန်းညွှန်ပြချက်)သည် ဧပရယ်လတွင် ၃.၄% မှ မတ်လတွင် ၃.၅% သို့ မသိမသာ မြင့်တက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၂၀၂၄ ဇန်နဝါရီလတွင် index သည် 3.1% ၌ ရပ်တည်နေသောကြောင့် နှစ်စမှစတင်၍ ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်သော ကျဆင်းမှုတခုကို ပြသခဲ့ပြီး၊ ယေဘုယျလမ်းကြောင်းမှာ အနှုတ်ဘက်တွင်သာ ရှိနေပါသည်။
- Producer price index (ထုတ်လုပ်သူဈေးနှုန်းညွှန်ပြချက်) သည်လည်း မတ်လတွင် ၀.၁% ရှိခဲ့ရာမှ ဧပရယ်လတွင် ၀.၅% သို့ တိုးတက်ခဲ့သည်။
ဤအချက်အလက်များထွက်ပေါ်လာခြင်းနှင့်အတူ ဗဟိုဘဏ်ဥက္ကဌ Jerome Powell မှ FOMC သတင်းစာရှင်းလင်းပွဲတွင် ကြေငြာချက်များစွာကို ထုတ်ပြန်ခဲ့ပါသည်။
- ငွေကြေးဖောင်းပွမှုဆက်လက်မြင့်မားလာပြီး၊ ကျဆင်းမှုအရှိန်မှာ ပိုမိုနှေးကွေးလာသည်။
- ငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်ပစ်မှတ်ဖြစ်သော 2% သို့ တည်ငြိမ်စွာကျဆင်းရန် အာမခံချက် မရှိသောကြောင့် အတိုးနှုန်း လျှော့ချမှုကို အားမပေးပါ။
- အလုပ်အကိုင်ဈေးကွက်အတွင်း အလုပ်အကိုင်အခွင့်အလမ်းထက် အလုပ်ရှာဖွေသူဦးရေက ပို၍ များပြားနေသည်။ သို့သော် မထင်မှတ်ထားသော အားနည်းချက်သည် ဖောင်းပွမှုကို နိမ့်ပါးစေသော အရင်းခံအကြောင်းအရာတခု ဖြစ်လာနိုင်သည်။
- ဗဟိုဘဏ်မှ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းပြည်၏နိုင်ငံရေးဖြစ်ရပ်များနှင့် အပြောင်းအလဲများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
- အတိုးနှုန်း လျှော့ချမှုများသည် မျှော်မှန်းထားသည်ထက် ကြာမြင့်နိုင်သည်။
- ဇွန်လ ၁၁-၁၂ ရက် အစည်းအဝေးတွင် အတိုးနှုန်းများမြှင့်တင်သွားရန် အလားအလာမရှိပါ။
မည်သို့ပင်ဆိုစေကာမူ တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုများ မြင့်တက်လာခြင်းက ရွှေဈေးတိုးတက်မှုကို ပံ့ပိုးပေးလျက်ရှိသည်။ အမေရိကန်သည် ထိုင်ဝမ်သို့ အဆင့်မြင့်လက်နက်သစ်များ တပ်ဆင်ပေးမှုကို တရားဝင်ကြေညာပြီး၊ ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့သည်။ အဆိုပါသတင်းများထွက်ပေါ်နေစဉ် တရုတ်နိုင်ငံသည် လေယာဉ် ၂၁ စင်းနှင့် စစ်သင်္ဘော ၁၁ စင်းအား ထိုင်ဝမ်ကမ်းရိုးတန်းသို့ စေလွှတ်ခဲ့သည်။
ကမ္ဘာတစ်ဝှမ်း ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ အရင်းအနှီးအများစုအား ရွှေတွင်မြှုပ်နှံထားလိုကြသည်။ ထို့အပြင် ဗဟိုဘဏ်များနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများထံမှ လျင်မြန်စွာတိုးတက်လာသော ဝယ်လိုအားသည် အဖိုးတန်သတ္တုဈေးနှုန်းအား အတော်အတန် မြင့်မားသော ဈေးတန်းတခုသို့ ရောက်ရှိစေပါသည်။
သို့သော် ကမ္ဘာတစ်ဝှမ်းရှိ ပဋိပက္ခများအား လျော့နည်းစေခြင်း၊ ငွေကြေးဖောင်းပွမှု ကျဆင်းခြင်းနှင့် အမေရိကန်ဗဟိုဘဏ်၏ သဘောထားပျော့ပျောင်းလာမှုကိုထင်ဟပ်ပြသနေသော မိန့်ခွန်းများသည် စျေးကွက်ပါဝင်သူများအား ၎င်းတို့၏ ရွှေရင်းနှီးမြှုပ်နှံမှုတစိတ်တပိုင်းကို စွန့်စားမှုမြင့်မားသော ပိုင်ဆိုင်မှုများဖြင့် အစားထိုးရန် အားပေးလှုံ့ဆော်နိုင်ပါသည်။
ရွှေဈေးနှုန်းအပေါ် အကျိုးသက်ရောက်စေသော အကြောင်း အရာများ
ပုံမှန်အားဖြင့် ကုန်သည်များသည် fundamental analysis ကို ရွှေမဟုတ်ပဲ စတော့ဈေးကွက်အတွက်သာ လုပ်ဆောင်ကြလေ့ရှိသည်။ Fundamental analysts များသည် ကုမ္ပဏီအချို့၏ ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ ကို လေ့လာစောင့်ကြည့်ကြစဉ်တွင် ရွှေဈေးနှုန်းခွဲခြမ်းစိတ်ဖြာသူများသည် အသေးစိတ် စီးပွားရေးညွှန်ပြချက်များ၊ နိုင်ငံရေးနှင့် စီးပွားရေးလောက တည်ငြိမ်မှုနှင့် အခြားရွေးချယ်စရာ ရင်းနှီးမြှုပ်နှံမှုအမျိုးအစားများ၏ ဈေးနှုန်းခန့်မှန်းချက်များကို သတိပြုစောင့်ကြည့်ကြပါသည်။ အဓိက အဖိုးတန်သတ္တုများ၏ တန်ဖိုးအပေါ် လွှမ်းမိုးနိုင်သော အခြေခံညွှန်ပြချက် ငါးရပ်ကို လေ့လာကြည့်ကြပါစို့။
ငွေကြေးဖောင်းပွမှု
ငွေကြေးဖောင်းပွမှုသည် XAU တန်ဖိုးအပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည်မှာ မှန်သော်လည်း သက်ရောက်မှုအတိုင်းအတာမှာ လူအများထင်မြင်ယူဆသလောက် မဟုတ်ပေ။ အတွေ့အကြုံနုနယ်သော ရွှေရင်းနှီးမြှုပ်နှံသူအများစုသည် အကယ်၍ အမေရိကန်၏ ငွေကြေးဖောင်းပွမှုမြင့်မားလာပါက တအောင်စအတွက် ပေးချေရသော ဒေါ်လာပမာဏလည်း ဖောင်းပွလာမည်ဖြစ်သောကြောင့် ရွှေဈေးနှုန်းပိုမို တိုးတက်သွားနိုင်သည်ဟု ထင်မြင်ယူဆလေ့ရှိကြသည်။ မည်သို့ပင်ဖြစ်စေ ရေရှည်ကာလတွင် ငွေကြေးဖောင်းပွမှုနှင့် ရွှေဈေးနှုန်းများကြား ခိုင်မာသော ချိတ်ဆက်မှု မရှိပါ။ ဤအချက်ကို အမေရိကန်ငွေကြေးဖောင်းပွမှု အတက်၊အကျနှင့် ရွှေဈေးနှုန်းအပြောင်းအလဲများ ပါဝင်သော အောက်ပါဇယားတွင် အထင်အရှား တွေ့မြင်နိုင်ပါသည်။
Source: Tradingview.com
ဤသို့ အားကောင်းသောချိတ်ဆက်မှုမရှိရခြင်းကို အဓိကအကြောင်းအချက်နှစ်ရပ်ဖြင့် ရှင်းပြနိုင်ပေသည်။
- ရွှေသည် ကုန်စည်တခုမဟုတ်ပေ။ ဆိုလိုသည်မှာ ၎င်းအား ရေနံ သို့မဟုတ် သံသတ္တုများကဲ့သို့ စက်မှုနယ်ပယ်တွင် အသုံးချခြင်း မရှိပါ။ ထို့ကြောင့် ငွေကြေး၏ ဝယ်ယူနိုင်စွမ်းအပေါ် တုံ့ပြန်ရာတွင် အခြားသောကုန်ပစ္စည်းများနှင့် ကွဲပြားပါသည်။
- စီးပွားရေးနှင့် စတော့ဈေးကွက် တိုးတက်သော ကာလများတွင် ရွှေသည် အကျိုးအမြတ်ပေးစွမ်းမှုနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အာရုံစိုက်မှုတို့အတွက် ယှဉ်ပြိုင်ရလေ့ရှိသည်။ ထို့အပြင် အဆိုပါကာလမျိုးတွင် ငွေကြေးဖောင်းပွမှုသည် မြင့်မားသော အနေအထားတခုသို့ ရောက်ရှိနေတတ်ပါသည်။
ငွေကြေးတန်ဖိုး အတက်၊ အကျများ
ရွှေသည် အရန်ငွေကြေးလုပ်ဆောင်ချက်များ ကျဆင်းလျက်ရှိသော အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက၊ ဘေးကင်းသော ပိုင်ဆိုင်မှုတခုပင်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငွေကြေးစနစ်တခု (ဥပမာ-ဒေါ်လာ) ၏ ငွေလဲနှုန်းသည် အခြားသောငွေကြေးစနစ်များနှင့် နှိုင်းယှဉ်ပါက တန်ဖိုးကျဆင်းလာပြီး၊ အခြားငွေကြေး စနစ်များ၏ ရွှေဝယ်ယူနိုင်စွမ်းသည် မူလအတိုင်းရှိခဲ့ပါက၊ ယုတ္တိရှိသော အကျိုးဆက်တခု အနေဖြင့် ကျဆင်းသွားသော ငွေကြေးနှင့် နှိုင်းယှဉ်ပါက ရွှေဈေးနှုန်းမြင့်တက်သွားမည်သာဖြစ်သည်။ ဤဇယားသည် US dollar index (အပြာရောင်မျဉ်း) နှင့် ရွှေဈေးနှုန်းရွေ့လျားမှုများ (လိမ္မော်ရောင်မျဉ်း) ကြားမှ ဆက်နွယ်မှုကို ပြသပါသည်။
Source: Tradingview.com
ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် စီးပွားရေးကျဆင်းမှု အန္တရာယ်
ရင်းနှီးမြှုပ်နှံသူများအတွက် ဘဏ္ဍာရေးဈေးကွက် အကြပ်အတည်းများပြီးလျှင် စစ်ရေးပဋိပက္ခများသည် စီးပွားရေးမရေရာမှု၏ အထင်ရှားဆုံး အရင်းအမြစ်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူတို့၏ စိုးရိမ်ပူပင်မှုများ မြင့်တက်သည့် အခိုက်အတန့်များတွင် ရွှေအား ဘေးကင်းသောပိုင်ဆိုင်မှုအဖြစ် အများဆုံးအသုံးပြုခဲ့ကြပြီး၊ ဒေသတွင်းပဋိပက္ခများဖြစ်ပွားသော ကာလများတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ၎င်းတို့သည် ပိုလျှံသောအသုံးစရိတ်၊ ငွေကြေးစီးဆင်းမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုများအပါအဝင် ဈေးနှုန်းတိုးတက်မှုကို တွန်းအားပေးသည့် အခြားသော အကြောင်းအရာများစွာနှင့်လည်း ဆက်ယှက်နေပါသည်။
အတိုးနှုန်းများ
ရွှေသည် အတိုးနှုန်းများအပေါ် တုံ့ပြန်မှုမြန်ဆန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လက်ငင်းဝင်ငွေကို အာမခံချက်မပေးနိုင်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ဘွန်းစာချုပ်များဖြစ်စေ၊ အမြတ်ဝေစုပေးချေသော စတော့များဖြစ်စေ - စတော့ဈေးကွက်အတွင်းရှိ ဝင်ငွေအလားအလာပေးစွမ်းသည့် အခြားရွေးချယ်စရာပိုင်ဆိုင်မှုများ၏ သက်ရောက်မှုကို ခံစားရလေ့ ရှိပါသည်။ ၎င်းတို့ကြားတွင် အပြည့်အဝမဟုတ်သော်လည်း သတိပြုမိစေလောက်သော အနှုတ်သဘော ဆက်စပ်မှုတခု ရှိနေပါသည်။ အမေရိကန်အစိုးရ၏ ဘွန်းစာချုပ်များမှ အတိုးနှုန်းများ မြင့်မားလာသောအခါမျိုးတွင် ရွှေဈေးနှုန်း တိုးတက်မှုရပ်တန့်နိုင်ယုံသာမက အခန့်မသင့်လျှင် တန်ဖိုး ကျဆင်းမှုပင် ဖြစ်ပေါ်နိုင်ပါသည်။ အပြန်အလှန်အားဖြင့် အတိုးနှုန်းများကျဆင်းမှုသည် ရွှေဈေးနှုန်းများများကို တိုးတက်သော ဦးတည်ရာသို့ ရွေ့လျားစေပါသည်။
ဥပမာအားဖြင့် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် အမေရိကန်ဗဟိုဘဏ်သည် စီးပွားရေးကျဆင်းမှုကို တိုက်ဖျက်ရန်အတွက် အတိုးနှုန်းများကို အလွန်နိမ့်ကျသောအဆင့်များသို့ လျှော့ချခဲ့ပြီးနောက်၊ ကာလရှည် ရင်းနှီးမြှုပ်နှံသူများသည် အတိုးနှုန်းနိမ့်ပါးသော ဘွန်းများမှ ၎င်းတို့၏ ငွေများကို ပြန်လည်ထုတ်ယူကြပြီး၊ ရင်းနှီးမြှုပ်နှံမှုအစုစုကို ခွဲတမ်းချရာတွင် ရွှေဖြင့်အစားထိုးကြပါသည်။ ဤအခြေအနေသည် မူလကပင် မြင့်တက်နေပြီးသော ရွှေဈေးနှုန်းများအတွက် နောက်ထပ်ကောင်းမွန်သော အထောက်အပံ့တခု ဖြစ်ခဲ့သည်။ ၂၀၂၂ ဇန်နဝါရီလ၊ ၂၆ ရက်တွင်၊ ဖက်ဒရယ်ဘဏ်မှ အတိုးနှုန်းမြှင့်တင်ရန် အလားအလာကို အရိပ်အမြွက်ဖော်ပြခဲ့ပြီးနောက်၊ ရွှေဈေးနှုန်းသည် ဇန်နဝါရီ ၂၆ မှ ၂၈ ရက်အတွင်း $1,847.61 မှ $1,791,03 သို့ လျင်မြန်စွာ ကျဆင်းသွားခဲ့ပါသည်။
ဝယ်လိုအား နှင့် ရောင်းလိုအား
ဝယ်လိုအားနှင့် ရောင်းလိုအားသည် သတ္တုတန်ဖိုးအပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာရာတွင် အခဲယဉ်းဆုံး အကြောင်းအရာများ ဖြစ်ကြပါသည်။ ဗဟိုဘဏ်များ၊ IMF နှင့် ထိပ်တန်းရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ အပါအဝင် အကြီးစား ရွှေရင်းနှီးမြှုပ်နှံသူများသည် ဈေးကွက်အပေါ် သိသာထင်ရှားစွာ အကျိုးသက်ရောက်မှုပြုပါသည်။ ဤပါဝင်သူများ၏ လုပ်ဆောင်ချက်အသီးသီးသည် ရွှေထည်ပစ္စည်းများနှင့် ရွှေရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝယ်လိုအားတွင် ထင်ရှားသော အပြောင်းအလဲများကို ဖြစ်ပေါ်စေပါသည်။
ဤကဲ့သို့ ကြီးမားသောဈေးကွက်ပါဝင်သူများ၏ လှုပ်ရှားမှုများကို စာရင်းပြုစုရန်မှာ ဈေးကွက်အဖွဲ့ဝင်အားလုံး၏ စီးပွားရေးအချက်အလက်များကို ကြည့်ရှုခွင့်မရှိသော သာမာန် သီးခြားရင်းနှီးမြှုပ်နှံသူတဦးအတွက် မဖြစ်နိုင်သော ကိစ္စရပ်တခုပင်ဖြစ်ပါသည်။
ဈေးကွက်ဟန်ချက်ကို ယေဘုယျနားလည်သဘောပေါက်နိုင်ရန်အတွက် ရွှေဝယ်လိုအား အများစုသည် ရွှေရင်းနှီးမြှုပ်နှံမှုနှင့် ရွှေထည်လက်ဝတ်ရတနာများကြား အနည်းနှင့်အများ ညီမျှစွာ ဖြန့်ကျက်ထားလေ့ ရှိသည်ကို သိရှိထားရန် လိုအပ်ပါသည်။
ဥပမာတခုအနေဖြင့်၊ အောက်ပါဇယားတွင် မြင်တွေ့ရသည့်အတိုင်း တရုတ်နှင့် အိန္ဒိယတို့သည် လွန်ခဲ့သော ရာစုနှစ်နှစ်ခုအတွင်း ခိုင်မာသောစီးပွားရေးတိုးတက်မှုနှင့်အတူ အဓိကရွှေဝယ်ယူသောနိုင်ငံများ ဖြစ်ခဲ့ကြပြီး၊ အရန်ရွှေပိုင်ဆိုင်မှုကို ဖန်တီးခဲ့ကြသည်။ ဤအချက်သည် ရွှေဈေးနှုန်းတိုးတက်ရန် အပိုဆောင်း လှုံ့ဆော်မှုတခုကို ဖြစ်စေခဲ့ပါသည်။
တရုတ်၊ ဗဟိုဘဏ်အရန်ရွှေပိုင်ဆိုင်မှု၊ t.:
Source: TradingEconomics.com
အိန္ဒိယ၊ ဗဟိုဘဏ်အရန်ရွှေပိုင်ဆိုင်မှု၊ t.:
Source: TradingEconomics.com
အနှစ်ချုပ် - ရွှေသည်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါ သလော။
ရွှေသည် ရင်းနှီးမြှုပ်နှံမှုအစုများ ခွဲဝေနေရာချထားရာတွင် ထင်ရှားသော ပိုင်ဆိုင်မှုတခုဖြစ်ပါသည်။ ထို့အပြင် ငွေကြေးဖောင်းပွမှုဖိအားများ မြင့်မားသောအခါမျိုး၌ ရင်းနှီးမြှုပ်နှံသူများသည် မြင့်မားသော ကုန်ဈေးနှုန်းများ ကို ခုခံ၍ အရင်းအနှီးများကို ကာကွယ်ရန်အလို့ငှာ ရွှေဆီသို့ ခြေဦးလှည့်ကြပါသည်။
“စီးပွားရေးစနစ်ပြိုကွဲသော ကာလများတွင် ရွှေနှင့် ဒေါ်လာ နှစ်မျိုးစလုံးအား ဘေးကင်းသော ပိုင်ဆိုင်မှုများအဖြစ် အသုံးချရန်လိုလားကြသောအခါ၊ ၎င်းတို့သည် တူညီသော ဦးတည်ရာသို့ ရွေ့လျားနိုင်သည်” ဟု ကမ္ဘာ့ရွှေကောင်စီ၊ သုသေသနဌာနမှုး Juan Carlos Artigas ကဆိုပါသည်။
XAUUSD အတက်လမ်းကြောင်းသည် ၂၀၃၀ ခုနှစ်အထိ နောက်ထပ်ခြောက်နှစ်ကြာ ဆက်လက်တိုးတက်လိမ့်မည်ဟု ထင်မြင်ယူဆရပါသည်။
နှစ် | နှစ်လယ် | နှစ်ကုန် | ယနေ့-နှစ်ကုန်% |
---|---|---|---|
၂၀၂၅ | $2,677.00 | $2,925.00 | 25 % |
၂၀၂၆ | $3,128.00 | $3,164.00 | 35 % |
၂၀၂၇ | $3,174.00 | $3,270.00 | 40 % |
၂၀၂၈ | $3,537.00 | $3,780.00 | 62 % |
၂၀၂၉ | $4,023.00 | $4,185.00 | 79 % |
၂၀၃၀ | $4,368.00 | $4,649.00 | 99 % |
Source: Coin Price Forecast
၂၀၂၁ တွင် ကမ္ဘာ့ဗဟိုဘဏ်များနှင့် အစိုးရများမှ ဈေးကွက်များနှင့် စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေသော နည်းလမ်းသစ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြခြင်းကြောင့် ရွှေဈေးနှုန်းတွင် ကျဆင်းမှုတခုကို မြင်တွေ့ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ကိုရိုနာဗိုင်းရပ်စ်လှိုင်းအသစ်များ၊ ငွေကြေးဖောင်းပွမှု အလွန်အကျွံမြင့်မားခြင်းများ၊ နိုင်ငံရေးဖိအားများနှင့် ပဋိပက္ခများသည် အခြေအနေကို မငြိမ်မသက်ဖြစ်စေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် “ရွှေဈေးနှုန်းသည် ၂၀၂၄ မှ ၂၀၂၅ အတွင်း သိသာထင်ရှားစွာမြင့်တက်နိုင်သည်”ဟူသော ရွှေဈေးနှုန်းခန့်မှန်းချက်အား မှန်ကန်လာစေရန် မျှော်လင့်နိုင်ပါသည်။
LiteFinance တွင် ဒီမိုအကောင့်တခုကို အခမဲ့ ဖွင့်လှစ်နိုင်သည်။ LiteFinance သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိုင်ဆိုင်မှုအဖြစ် ရွှေ၏ နောက်ဆုံးရ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးပြီး၊ ရွှေ သို့မဟုတ် အခြားပိုင်ဆိုင်မှုတခုကို စတင်ကုန်သွယ်ရာတွင် ၎င်း၏ နားလည်သဘောပေါက်ရန်လွယ်ကူသော ဖွဲ့စည်းမှုသည် သင့်အတွက် အထောက်အကူဖြစ်စေပါလိမ့်မည်။
ရွှေဈေးနှုန်းခန့်မှန်းချက်ဆိုင်ရာ အမေး၊ အဖြေများ
ယနေ့ 02.09.2024အတွက် လက်ရှိရွှေပေါက်ဈေးမှာ $2 492.18 ဖြစ်ပါသည်။
နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် အဖိုးတန်သတ္တုဈေးနှုန်းများသည် တိုးတက်သော ချန်နယ်လ်တခုအတွင်း ရွေ့လျားနေပါသည်။ ထို့အပြင် ကမ္ဘာ့ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် အရှိန်ရလာသော ပဋိပက္ခများသည်လည်း ရွှေဈေးနှုန်းများကို အထက်သို့ ဆက်လက်ရွေ့လျားစေပါသည်။ မည်သို့ပင်ဖြစ်စေ နီးစပ်သောအနာဂါတ်တွင် အရေးပါသည့် support level ဖြစ်သော $2,060.00 သို့ ယာယီကျဆင်းနိုင်သည်ဟူသော သုံးသပ်ချက်တခုကိုလည်း ပစ်ပယ်ထား၍ မရပေ။
ခွဲခြမ်းစိတ်ဖြာသူများ၏ ခန့်မှန်းချက်အရ ရွှေဈေးနှုန်းသည် လာမည့်ငါးနှစ်အတွင်း $4,649.00 အထိ တိုးတက်မြင့်မားနိုင်ပါသည်။ ပိုမိုရှေးဆန်၍ သတိရှိသော ခန့်မှန်းချက်များကမူ ရွှေဈေးနှုန်းသည် $2,800.00 အထိတိုးတက်နိုင်သည်ဟု အဆိုပြုကြပါသည်။
ကျွမ်းကျင်သူအချို့မှ ၂၀၃၄ အတွက် ပျမ်းမျှဈေးနှုန်းအား $6,093.00 ဖြစ်လိမ့်မည်ဟု ခန့်မှန်းကြပါသည်။
ရှေးအခါမှပင်စတင်၍ ရွှေသည် နိုင်ငံ၏ငွေကြေးနှင့် ကောင်းကျိုးချမ်းသာကို ကျောထောက်နောက်ခံပြုသော ကာကွယ်ရေးပစ္စည်းတခုဖြစ်သည်ဟု ယူဆခဲ့ကြပါသည်။ ထို့ကြောင့် ရွှေဝယ်ယူခြင်းသည် ဘေးကင်း စိတ်ချရကြောင်း သံသယဖြစ်ဖွယ်ရာမရှိသည့်အပြင် ၎င်းသည် အချိန်နှင့်အမျှ တန်ဖိုးတိုးတက်သော ပိုင်ဆိုင်မှုတခု ဖြစ်ပါသည်။
ခွဲခြမ်းစိတ်ဖြာသူများမှ ၂၀၂၄ နှင့် ၂၀၃၀ ကြား ရွှေဈေးနှုန်းအား $4,649.00 နှင့် $4,928.74 သို့ တိုးတက်ရန် ခန့်မှန်းထားကြပါသည်။ အမေရိကန်ဗဟိုဘဏ်၏ တင်းကြပ်သော ငွေကြေးမူဝါဒ၊ ကမ္ဘာအဝှမ်း ပထဝီနိုင်ငံရေးဖိအားများ တိုးတက်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဒေါ်လာသုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှုများ၏ အကျိုးဆက်အဖြစ် လျင်မြန်စွာ တိုးတက်လာသော အဖိုးတန်သတ္တုနှုန်းထားကို တွေ့မြင်ရနိုင်ပါသည်။
ရွှေသည် ဖြေးဖြေးနှင့်မှန်မှန် တန်ဖိုးတက်သော ပိုင်ဆိုင်မှုတခုဖြစ်ကြောင်း သမိုင်းတွင် အခိုင်အမာ ပြသထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ရွှေဝယ်ယူခြင်းသည် စွန့်စားမှုများကို ခွဲတမ်းချရန်အတွက် ကောင်းမွန်သော ကာလရှည်ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်နိုင်ပါသည်။ ဈေးနှုန်းယာယီကျဆင်းသော ကာလများတွင် ရွှေအား ဈေးကွက်အတွင်း လက်ငင်းပေါက်ဈေးများဖြင့် ဝယ်ယူနိုင်ပါသည်။
ရွှေနှုန်းထားများသည် မေလအလယ်ခန့်တွင် အမြင့်ဆုံးတန်ဖိုးအသစ်ဖြစ်သော $2,450.00 သို့ ရောက်ရှိခဲ့ပါသည်။ အောက်သို့ ယာယီကျဆင်းမှုအဆုံးသတ်ပြီးနောက် $2,047.00 တွင် ရောက်ရှိနေခဲ့သော ရွှေဈေးနှုန်းသည် တစထက်တစ ပြန်လည်မြင့်တက်ခဲ့ပြီး ၂၀၂၄ ဒုတိယနှစ်ဝက်တွင် $2,269.00 အထိ တိုးတက်လာခဲ့သည်။
ရွှေကို ဘေးကင်းသော ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ ထို့အပြင် ၎င်း၏ဈေးနှုန်းမှာ ပုံမှန်မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် XAUUSD ၏ ပကတိတန်ဖိုးတွင် မည်သည့်အခါမှ ဆုံးရှုံးမှု ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဖိအားများ မြင့်မားလာခြင်းကြောင့် ဖြစ်နိုင်ခြေရှိသော ဆုံးရှုံးမှုများမှ အကာအကွယ်ရရှိစေရန်အတွက် ရွှေဝယ်လိုအားများ တိုးတက်နိုင်ပါသည်။
လက်ရှိအချိန်တွင် $2047.00 သည် အဖိုးတန်သတ္တုအတွက် အဓိက support level ဖြစ်သည်။ နီးစပ်သော အနာဂါတ်ကာလအတွင်း ဈေးနှုန်းသည် ထိုဈေးတန်း၏အောက်သို့ ထိုးဖောက်ကျဆင်းနိုင်ခြေ မရှိပေ။ ဖြည့်စွက်ချက်အနေဖြင့် $2,000.00 ဈေးတန်းသည် ဈေးကွက်ပါဝင်သူများ၏ စိတ်ပိုင်းဆိုင်ရာ support level ဖြစ်ပါသည်။
ရွှေဈေးနှုန်းများ တိုးတက်ရခြင်း၏ အဓိက အကြောင်းရင်းများမှာ အခြေခံစီးပွားရေးညွှန်ပြချက်များ၊ တင်းမာသော ပထဝီနိုင်ငံရေး အခြေအနေ၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု၊ မြင့်မားသော အတိုးနှုန်းများနှင့် တင်းကြပ်သော ငွေကြေးမူဝါဒတို့ ဖြစ်ကြပါသည်။
လက်တွေ့ဈေးကွက်အချိန်ရှိ XAUUSD ၏စျေးနှုန်းဇယား
ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ထင်ဟပ်ပြီး LiteFinance ၏ တရားဝင်အနေအထားကို ထင်ဟပ်ခြင်းမရှိပါ။ ဤစာမျက်နှာပေါ်ရှိ ထုတ်ဝေသည့်အကြောင်းအရာအား အချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ပံ့ပိုးထားပြီး ညွှန်ကြားချက် 2004/39/EC ၏ ရည်ညွှန်းချက်များအတွက် ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ် ပံ့ပိုးမှုအဖြစ် မယူဆသင့်ပါ။