EURUSD သည် အဓိကငွေကြေးအတွဲများမှ တခုဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ၎င်းသည် Forex ဈေးကွက်အတွင်း ကုန်သွယ်မှုအများဆုံး ငွေကြေးအတွဲများမှ တခုဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာအဝှမ်းမှ ကုန်သည်များသည် အောင်မြင်သော ကုန်သွယ်မှုများကို ဖွင့်လှစ်ရန်ထက် ပိုမိုသောရည်ရွယ်ချက်ဖြင့် ၎င်း၏အနာဂါတ်ဈေးနှုန်းကို ခန့်မှန်းကြခြင်းဖြစ်ပါသည်။ EURUSD ၏ ဦးတည်ရာသည် EU သို့မဟုတ် US စီးပွားရေး၏ အားကောင်းမှုကို ထင်ဟပ်ပြသပါသည်။ ထိုမျှသာမက ယူရိုမှ အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် ကမ္ဘာလုံးဆိုင်ရာ ယေဘုယျ ဈေးကွက်အလေးသာမှုကို ညွှန်ပြပါသည်။ 

ဤအတွဲအား ကျယ်ပြန့်စွာ ကုန်သွယ်ကြသောကြောင့် ကာလရှည်အတွက် ၎င်း၏နှုန်းထားကို ခန့်မှန်းရာတွင် အခက်အခဲရှိနိုင်ပါသည်။  Euro/USဒေါ်လာ ငွေလဲနှုန်းသည် အတိုးနှုန်းခြားနားချက်များ၊ ‌ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်အချက်အလက်၊ ကုန်သွယ်မှုနှင့် အရင်းအနှီးစီးဆင်းမှု အစရှိသော အကြောင်းအရာများစွာအပေါ် မူတည်ပါသည်။ တချိန်တည်းမှာပင် ဈေးနှုန်း၏ ကြီးမားသော အစိတ်အပိုင်းတခုသည် ကြိုတင်မှန်းဆ၍ မရသော “ဖြစ်ရပ်များ” ၏ အန္တရာယ်နှင့်လည်း ဆက်နွယ်နေပါသည်။ ယူရိုမှ ဒေါ်လာ ငွေလဲနှုန်း ခန့်မှန်းချက်နှင့် နည်းပညာပိုင်းဆိုင်ရာ indicator များ၏ ခွဲခြမ်းစိတ်ဖြာမှုများကို ထဲထဲဝင်ဝင် လေ့လာကြည့်ကြပါစို့။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


LiteFinance:

အဓိကမှတ်သားဖွယ်ရာများ

  • ကာလအလယ်အလတ်တွင် ခွဲခြမ်းစိတ်ဖြာသူအများစုသည် EURUSD အား 1.1449 သို့ တိုးတက်လာရန် မျှော်မှန်းကြပါသည်။
  • အကယ်၍ အကောင်းမြင်သုံးသပ်ချက်တခု လက်တွေ့ဖြစ်လာပါက၊ ငွေလဲနှုန်းသည် ၂၀၂၇ မတိုင်မီ 1.296 သို့ ရောက်ရှိနိုင်ပါသည်။ ငွေလဲနှုန်း ယာယီအပြောင်းအလဲ ဖြစ်ပေါ်ချိန်များတွင် ယူရိုဈေးသည် $1 အောက်သို့ ကျဆင်းနိုင်ကြောင်းကိုလည်း မှတ်သားထားသင့်ပါသည်။
  • ဈေးကွက် မတည်ငြိမ်သောကာလများတွင် ငွေကြေးအတွဲ၏ ‌နှုန်းထား ကျဆင်းပါသည်။ မည်သို့ပင်ဖြစ်စေ၊ EURUSD ၏ မြင့်မားသော liquidity သည် ၎င်းအား ဈေးနှုန်း ခန့်မှန်းကုန်သွယ်ရန်အတွက် ကောင်းမွန်သော ကုန်သွယ်ရေးကိရိယာတခု ဖြစ်လာစေပါသည်။

EURUSD လက်ရှိနှုန်းထား

EURUSD အတွဲ၏ လက်ရှိနှုန်းထားမှာ $1.10525 ဖြစ်ပါသည်။ အချိန်နှင့်တပြေးညီ Forex အပြန်အလှန်သက်ရောက်မှုဇယားကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

EURUSD အတွဲ၏ ထင်ရှားသော အင်္ဂါရပ်များ

Euro vs Dollar အတွဲအား EURUSD forex အမှတ်အသား၏အောက်တွင် ကုန်သွယ်ကြပါသည်။ ၎င်းသည် အဓိကငွေကြေးအတွဲများ (majors) တွင် အပါအဝင်ဖြစ်ပြီး၊ ၎င်း၏ ထင်ရှားသောအင်္ဂါရပ်မှာ liquidity အစဉ်အမြဲ မြင့်မားခြင်းပင်ဖြစ်ပါသည်။ ၎င်းကို  ကမ္ဘာ့အဓိကအရန်ငွေကြေးနှစ်ခု - USD နှင့် EUR တို့ဖြင့် ဖွဲ့စည်းထားခြင်းကြောင့် ဤအချက်သည် အံ့ဩဖွယ်ရာမရှိလှပါ။ Forex ဈေးကွက်အတွင်း နေ့စဉ် ကုန်သွယ်ရေး ပမာဏများတွင် euro/dollar အတွဲ၏ ကုန်သွယ်မှုပမာဏသည် အကြီးဆုံး အစိတ်အပိုင်းအဖြစ် ပါဝင်ပါသည် (အနီးစပ်ဆုံးခန့်မှန်းခြေအားဖြင့် စုစုပေါင်းပမာဏ၏ ၂၀% ဖြစ်ပါသည်)။

EURUSD အတွဲ၏ အနေအထားသည် အမေရိကန်နှင့် ဥရောပတို့၏ စီးပွားရေးယှဉ်ပြိုင်မှု အခြေအနေကို ပြသသော indicator အမျိုးအစားတခုပင် ဖြစ်ပါသည်။ အကယ်၍ အမေရိကန်စီးပွားရေးသည် ပုံမှန်တိုးတက်လျှက် ဥရောပတွင် ပြဿနာများပေါ်ပေါက်နေပါက၊ ယူရို-ဒေါ်လာငွေလဲနှုန်း ကျဆင်း နိုင်ပါသည်။ ပြောင်းပြန်အားဖြင့် အကယ်၍ အမေရိကန်ပြည်ထောင်စုတွင် တိုးတက်မှု နှုန်း ကျဆင်းကာ၊ ယူရိုဇုန်သည် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသနေပါက EURUSD အတွဲ၏တန်ဖိုး တိုးတက်လာမည်ဖြစ်ပါသည်။

ဤအတွဲ၏ အဓိကကုန်သွယ်ရေး ဝိသေသလက္ခဏာများမှာ -

  • အချိန်မရွေးကုန်သွယ်နိုင်ခြင်း  — ဤအတွဲအား တပတ်လျှင် ငါးရက်၊ တရက်လျှင် ၂၄နာရီ ကုန်သွယ်နိုင်ပါသည်။ ဥရောပနှင့် အမေရိကန်ကုန်သွယ်ချိန်များတွင်  အရောင်းအဝယ် ပိုမို သွက်လက်လေ့ရှိသည်။  ထိုအချိန်အပိုင်းအခြားများတွင် ကုန်သွယ်မှုပမာဏ အလွန်ကြီးမားပြီး EUR USD စျေးနှုန်း၏ အဓိကကျသော ရွေ့လျားမှုများကို တွေ့မြင်ရနိုင်ပါသည်။
  • မတည်ငြိမ်မှု — EUR မှ USD အတွဲ၏ မတည်ငြိမ်မှုအား အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်သည်။ အရေးကြီးအချက်အလက်များကို ထုတ်ပြန်သော ကာလမျိုး၌ ဤအတွဲသည် 100 pips နှင့်အထက် အားကောင်းသော ရွေ့လျားမှုများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ သို့သော် ယေဘုယျအားဖြင့် သမိုင်းကြောင်း ဒေတာများကို ပြန်၍ကြည့်လျှင် EUR USD အတွဲ၏ နေ့စဉ်ပျမ်းမျှရွေ့လျားမှုမှာ 80 pips ဝန်းကျင်သာဖြစ်သည်။
  • Spread သည် ဤအတွဲ၏ အဓိကအားသာချက်တခု ဖြစ်သည်။ EURUSD အတွဲသည် liquidity မြင့်မားသောကြောင့် spread အနည်းပါးဆုံး ဖြစ်သည်။ ရေပန်းစားသော ECN အကောင့်များတွင် spread တန်ဖိုးသည် 1 pip ထက်ပင် နည်းပါးလေ့ရှိပါသည်။

၂၀၂၄ ခုနှစ် - ဒေါ်လာ၏အခြေအနေ - ပိုမို၍ ခန့်မှန်းရလွယ်ကူပါသလား။

ဂျိုးဘိုင်ဒန်၏ သမ္မတသက်တမ်းအောက်တွင် အမေရိကန်ဒေါ်လာသည် ကမ္ဘာ့စျေးကွက်များအတွင်း ယခင်ထက်ပို၍ အတက်၊အကျ နည်းပါးပါသည်။ အမေရိကန်သမ္မတအသစ်သည် ပြည်တွင်း ပြဿနာများကို အာရုံစိုက်၍ အပြုသဘောဆောင်သော ကုန်သွယ်ရေးညှိနှိုင်းမှုများကို အားပေးကြောင်း ငွေကြေး စျေးကွက်များမှ သတိပြုမိခဲ့ကြသည်။ ထိုအချက်များသည် ငွေကြေးစျေးကွက်များအတွင်း စိုးရိမ်ပူပန်မှုများကို လျော့ကျစေပြီး၊ အမေရိကန်ဒေါ်လာအား ဘေးကင်း‌သောပိုင်ဆိုင်မှုတခုအဖြစ် ဝယ်ယူခြင်းကို လျော့နည်းစေပါသည်။

ဂျိုးဘိုင်ဒန်သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာအတွင်း ထိခိုက်ခဲ့ရသော စီးပွားရေးအခြေအနေများအား ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ကြီးမားသော အမေရိကန်စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်တရပ်ကို စတင်ဆောင်ရွက်ခဲ့သော်လည်း ထိုအစီအစဉ်သည် နိုင်ငံ၏ ဘတ်ဂျက်အခြေအနေကို လိုငွေပြစေခဲ့သည်။ နောက်ဆုံးကျင်းပခဲ့သော အစည်းအဝေးနှစ်ခုတွင် အတိုးနှုန်းများကို ယခင်အတိုင်း ဆက်လက် ထိန်းသိမ်းထားခဲ့ပြီး၊ ထိုဆုံးဖြတ်ချက်သည် EURUSD နှုန်းထားများအပေါ် အကျိုး သက်ရောက်မှုရှိခဲ့သည်။ 

ထို့အပြင် တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့သည် ကိုရိုနာကပ်ရောဂါအား ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ကြပြီး၊ နောက်ဆုံးတွင် စီးပွားရေး တိုးတက်မှုကို ပြန်လည်ရရှိခဲ့ကြသည်။ ဆိုလိုသည်မှာ ရင်းနှီးမြှုပ်နှံသူများသည် စွန့်စားမှုရှိသော ဈေးကွက်များသို့ ခြေဦးလှည့်လာကြသည်။ Forex ဈေးကွက်အတွင်း နောက်ဆုံးရ  USD ရွေ့လျားမှု အချက်အလက်များကို နောက်ခံထား၍ မနက်ဖြန်အတွက် နှုန်းထားများနှင့် အပြောင်းအလဲများကို ခန့်မှန်းရခြင်းသည် စိန်ခေါ်မှုတခုပင် ဖြစ်ပါသည်။

ခွဲခြမ်းစိတ်ဖြာရေးပညာရှင်များ၏ အလိုအရ၊ စျေးကွက်၏ အနာဂါတ်အလားအလာသည် ကောင်းမွန်လျှက်ရှိပါသည်။  ကုန်သည် အများစု၏ ပန်းတိုင်သည် ရေရှည်ကုန်သွယ်မှုဖြစ်သည်။ ဆိုလိုသည်မှာ ကာလရှည်အတွက် ခိုင်မာသော ဝယ်ယူမှု ဖြစ်သည်။ အဆိုပါ ဝယ်ယူမှုအမျိုးအစားဟု သတ်မှတ်ရန် သင့်မသင့်ကို ငွေကြေးအတွဲ၏ ရေပန်းစားမှုအပေါ် မူတည်၍ ဆုံးဖြတ်နိုင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည်လည်း ငွေကြေးနှုန်းထား ခန့်မှန်းခြင်းအတွက် အရေးကြီးသော အစိတ်အပိုင်းတခုပင် ဖြစ်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူများနှင့် ခွဲခြမ်းစိတ်ဖြာမှုလုပ်ဆောင်သော ကုမ္ပဏီများသည် moving averages၊ oscillators နှင့် pivot points အစရှိသော indicators များကို အသုံးပြု၍ အနာဂါတ်စျေးကွက် လမ်းကြောင်းများကို ခန့်မှန်းကြသည်။ ထိုခန့်မှန်းချက်များသည် ရင်းနှီးမြှုပ်နှံသူများအား အမြှော်အမြင်ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်ရန် ကူညီပေးပါသည်။ လတ်တလော ရွေ့လျားမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများအရ လာမည့်ရက် ၃၀ အတွင်း ယူရိုမှဒေါ်လာ ငွေလဲနှုန်းသည် အလားအလာကောင်းမွန်သည်ဟု ယူဆရပါသည်။ Forex ကုန်သွယ်ရေးတွင် စွန့်စားမှုများ ပြည့်နှက်နေသော်လည်း၊ စျေးကွက်၏ စရိုက်လက္ခဏာများကို အကြမ်းဖျဥ်း နှိုင်းယှဥ်သုံးသပ်ကာ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခြင်းသည် ကုန်သည်များအတွက် အကျိုးရှိသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အကူအညီဖြစ်စေနိုင်ပါသည်။

EURUSD နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု

ပိုမိုတိကျသော EURUSD ရှုမြင်သုံးသပ်ချက်ကို ရရှိရန်အတွက် အချိန်ဘောင်များစွာကို အသုံးပြုရန် လိုအပ်ပါသည်။ ပထမဦးစွာ လစဉ်အချိန်ဘောင်ကို စူးစမ်းလေ့လာကြပါမည်။

LiteFinance: EURUSD နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရာတွင် အောက်ပါ အထောက်အကူကိရိယာသုံးခုကို အသုံးချရန် အကြံပြုလိုပါသည်။

အထက်ပါ ကိရိယာများသည် ယူရို-ဒေါ်လာအတွဲ၏ ဈေးနှုန်းလမ်းကြောင်း၊ support နှင့် resistance levels များ၊ ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသောဧရိယာများကို ခွဲခြားသတ်မှတ်ရာ တွင် အကူအညီပေးနိုင်ပါသည်။

ဈေးနှုန်းသည် ၂၀၂၂ ခုနှစ် ဆောင်းဦးရာသီမှ စတင်၍ တိုးတက်လာပါသည်။ ခန့်မှန်းချက်ဇယားသည် တိုးတက်သောချန်နယ်လ်တခုအတွင်း ထင်ရှားသော resistance နှင့် support levels များကို ပြသပါသည်။

ဈေးနှုန်းသည် 1.04750 ၌ support ၊ 1.10570 ၌ resistance levels များဖြင့် ဘေးတိုက် ရွေ့လျားမှုဘောင်တခုအတွင်း ဝင်ရောက်သွားခဲ့သည်။

လာမည့် သုံးလအတွက် EURUSD ကြိုတင်ခန့်မှန်းချက်

ဇယားအတွင်း၌ ပေါ်ထွက်လာသော bullish divergence တခုကို မြင်တွေ့ရပါသည်။

ယူရို/ဒေါ်လာ နှုန်းထားသည် ဘေးတိုက်ဘောင်၏ အထက်နယ်နိမိတ်မျဉ်း (1.10300)တွင် ရှိနေမည်ဟု မျှော်မှန်းရပါသည်။

LiteFinance: လာမည့် သုံးလအတွက် EURUSD ကြိုတင်ခန့်မှန်းချက်

EUR/USD ခန့်မှန်းချက် - မတ်လအကုန် သို့မဟုတ် ဧပရယ်လအစတွင် ဈေးနှုန်းသည် လက်ရှိအပိုင်းအခြားအတွင်း အမြင့်ဆုံးဈေးတန်းတခုသို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် resistance မျဉ်းကို ဖောက်ထွက်ရန် ကြိုးပမ်းပါမည်။ RSI သည် ယခင်က 50 ၏အောက်တွင်ရှိခဲ့ရာမှ၊ ယခုအခါ 50 ၏ အထက်သို့ ရောက်ရှိနေပါသည်။ Level 70 သို့ ရောက်ရှိပါက၊ ယာယီအလှည့်အပြောင်းတခု ဖြစ်နိုင်သည်ဟု မျှော်မှန်းရသောကြောင့် ထိုအခိုက်အတန့်တွင် အမြတ်များကို သိမ်းဆည်းသင့်ပါသည်။

အကယ်၍ အမေရိကန်ဗဟိုဘဏ်သည် မတ်လအကုန်တွင် အတိုးနှုန်းများလျှော့ချခဲ့ပါက၊ ဈေးနှုန်းသည် ယာယီကျဆင်းသွားပြီး 1.05000 တွင်ရှိသော support level သို့ မြန်ဆန်စွာ ပြန်လည်ရောက်ရှိကာ၊ ထို level တွင် မှားယွင်းဖောက်ထွက်မှုတခုကို ပြုလုပ်နိုင်ပါသည်။ ထိုသို့ဖြစ်ခဲ့ပါက၊ မေလတွင် ၎င်း၏တိုးတက်သော ချန်နယ်လ်အတွင်းသို့ တဖြည်းဖြည်းပြန်လည် ရွေ့လျားလိမ့်မည်ဟု မျှော်လင့်ရပါသည်။

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအပေါ်မူတည်၍ ၂၀၂၄ တွင် ယူရို ၏ ဈေးနှုန်း မည်သို့ရှိနိုင်သနည်း။

ယူရို/ဒေါ်လာအတွက် ကာလရှည် ခန့်မှန်းချက်ကို ပြုလုပ်ရန် Bollinger Bands ကို အသုံးပြုကြပါစို့။

LiteFinance: နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအပေါ်မူတည်၍ ၂၀၂၄ တွင် ယူရို ၏ ဈေးနှုန်း မည်သို့ရှိနိုင်သနည်း။

Indicator ၏ တန်ဖိုးအပေါ်အခြေခံ၍၊ နှုန်းထားသည် 1.0400 မှ 1.24000 သို့ ၁၂ လ အတွင်း ပြောင်းလဲနေမည်ဟု ကျွန်ုပ်တို့အနေဖြင့် ယူဆနိုင်ပါသည်။

မတည်ငြိမ်မှုမြင့်မားသော ကာလများတွင် အထက်သို့ ခုန်တက်ခြင်းနှင့် အောက်သို့ယာယီကျဆင်းခြင်းများ တလှည့်စီဖြစ်ပေါ်လျှက် ဈေးနှုန်းသည် ချန်နယ်လ်၏ အထက်နယ်နိမိတ်ဆီသို့ မြင့်တက်နိုင်ပါသည်။ ၎င်းအား ၂၀၂၂ မေလမှ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ယူရို/ဒေါ်လာ ဆင့်ကဲဖြစ်စဉ်မှ အတည်ပြုပါသည် - ဈေးနှုန်းသည် ချန်နယ်၏ အောက်နယ်နိမိတ်ကို ဖောက်ထွက်သွားသော်လည်း နှစ်ကုန်ပိုင်းတွင် ချန်နယ်လ်ဆီသို့ ပြန်လည်ရွေ့လျားလာပါသည်။ 

၂၀၂၄ ဩဂုတ်မှ စက်တင်ဘာကြားတွင်  အားကောင်းသော ယာယီဆန့်ကျင်ဘက်ရွေ့လျားမှုတခု အနည်းဆုံးတကြိမ်ခန့် ပေါ်ပေါက်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ လက်ရှိ တိုးတက်သော လမ်းကြောင်းသည် ကာလရှည်ကုန်သွယ်ရေး ချန်နယ်လ်၏ အထက်နယ်နိမိတ်ဖြစ်သော level 1.25000 အထိ ဆက်လက်တိုးတက်နိုင်ပါသည်။

၂၀၂၄ အတွက် EUR/USD လစဉ်ဈေးနှုန်း ခွဲခြမ်းစိတ်ဖြာမှု

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအပေါ်မူတည်၍ ၂၀၂၄ အတွက် EUR/USD လစဉ်ဈေးနှုန်းခန့်မှန်းချက်တခုကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။

EURUSD ခန့်မှန်းတန်ဖိုး
Minimum, $Maximum, $
ဧပရယ် ၂၀၂၄1.223001.28500
မေ ၂၀၂၄1.259001.29700
ဇွန် ၂၀၂၄1.232001.26800
ဇူလိုင် ၂၀၂၄1.216001.24400
ဩဂုတ် ၂၀၂၄1.187001.24900
စက်တင်ဘာ ၂၀၂၄1.165001.19550
အောက်တိုဘာ ၂၀၂၄1.173001.20100
နိုဝင်ဘာ ၂၀၂၄1.142001.19450
ဒီဇင်ဘာ ၂၀၂၄1.134001.18120

EURUSD ကာလရှည် ကုန်သွယ်ရေး အစီအစဉ်

ကျွန်ုပ်တို့သည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ အကူအညီဖြင့် EUR/USD အတွက် ကာလရှည်ကုန်သွယ်ရေး အစီအစဉ်တခုကို ပြုလုပ်နိုင်ပါသည်။

  • ဈေးနှုန်းသည် resistance မျဉ်းအနီးသို့ ထပ်မံနီးစပ်လာကာ အထက်သို့ ဆက်လက်တိုးတက်မည့် အလားအလာကို ညွှန်ပြ‌နေပါသည်။ ဝယ်သူများသည် အခိုင်အမာ အသိအမှတ်ပြုထားသော ဈေးတန်း - 1.10000 level မှဖောက်ထွက်ရန် ထပ်ဖန်တလဲလဲကြိုးပမ်း‌ကြသည်။ Resistance မျ‌ဉ်းအား ထိတွေ့ခြင်းအပေါ် မူတည်၍၊ 1.12000 အထက်၌ ဈေးနှုန်းစုဖွဲ့သည်အထိ စောင့်ဆိုင်းပါ။ ထို့နောက်တွင် 1.15000 ဈေးတန်းကို ပစ်မှတ်ထား၍ အဝယ်ကုန်သွယ်မှုကို ဖွင့်နိုင်ပြီဖြစ်သည်။
  • ဈေးကွက်နှုန်းထားအပေါ် ရိုက်ခတ်မှုရှိသော ပထဝီနိုင်ငံရေးသတင်းများကိုလည်း စောင့်ကြည့်သင့်ပါသည်။ လတ်တလောတွင် ယူရိုသည် အမေရိကန်ဒေါ်လာထက် တန်ဖိုးအားဖြင့်သာလွန်လျှက်ရှိသည်။ ၎င်းကို တိုးတက်နေသော ဈေးနှုန်းရွေ့လျားမှု လမ်းကြောင်းက အတည်ပြုပါသည်။
  • အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ခြေရာခံရန်လည်း အရေးကြီးပါသည်။ အကယ်၍ အတိုးနှုန်းသည် 5.5% မှ ပိုနည်းသောနှုန်းထားသို့ ကျဆင်းသွားပါက၊ EURUSD သည် 1.05000 သို့ ပြန်လည်ရောက်ရှိနိုင်ပြီး၊ ထိုအချိန်တွင် အဝယ်ကုန်သွယ်မှုဖွင့်နိုင်ပါသည်။
  • သင်၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်းစည်းမျဉ်းများကို လိုက်နာရန် သတိပြုပါ။ Stop Loss နှင့် Take Profit ကိုလည်း မဖြစ်မနေ နေရာချထားရပါမည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

၂၀၂၄ အတွက် ကျွမ်းကျင်သူများ၏ EURUSD ခန့်မှန်းချက်

EURUSD နှုန်းထားသည် လက်ရှိ ကုန်သွယ်ရေးဘောင်အတွင်းမှ ထွက်ခွာ၍ 1.10100 ဈေးတန်းတွင် အောက်နယ်နိမိတ်၊ 1.20000 ဈေးတန်းတွင် အထက်နယ်နိမိတ်ရှိသော ချန်နယ်လ်အသစ်တခုသို့ ရွှေ့ပြောင်းလိမ့်မည်ဟု ကျွမ်းကျင်သူများစွာမှ ယုံကြည်ထားကြပါသည်။

Long Forecast

Long Forecast ၏ ခွဲခြမ်းစိတ်ဖြာသူများသည် ယူရို/ဒေါ်လာအတွဲအတွက် တည်ငြိမ်သော အတက် လမ်းကြောင်း တခုကို ခန့်မှန်းကြပါသည်။

အဖွင့်၊ $အနိမ့်-အမြင့်၊ $အပိတ်၊ $
၂၀၂၄
ဧပရယ်1.1091.091-1.1411.124
မေ1.1241.106-1.1401.123
ဇွန်1.1231.084-1.1231.101
ဇူလိုင်1.1011.099-1.1331.116
ဩဂုတ်1.1161.116-1.1661.149
စက်တင်ဘာ1.1491.133-1.1671.150
အောက်တိုဘာ1.1501.104-1.1501.121
နိုဝင်ဘာ1.1211.088-1.1221.105
ဒီဇင်ဘာ1.1051.097-1.1311.114

PandaForecast.com

PandaForecast.com မှ ခွဲခြမ်းစိတ်ဖြာသူများသည် နှစ်လယ်ပိုင်းအထိ အကျလမ်းကြောင်းတခုဖြစ်ပေါ်ပြီးမှ အထက်သို့ ပြန်လည်တိုးတက်လိမ့်မည်ဟု ခန့်မှန်းကြပါသည်။

ပျမ်းမျှဈေးနှုန်း၊ $အဆိုးမြင်ခန့်မှန်းချက်၊ $အကောင်းမြင်ခန့်မှန်းချက်၊ $မတည်ငြိမ်မှု
၂၀၂၄
ဧပရယ်1.10621.09691.13223.12%
မေ1.09881.06691.11444.26%
ဇွန်1.11541.09661.14213.98%
ဇူလိုင်1.09381.06031.11865.22%
ဩဂုတ်1.09431.07641.12053.94%
စက်တင်ဘာ1.10031.06981.13725.93%
အောက်တိုဘာ1.12661.10391.14983.99%
နိုဝင်ဘာ1.12941.09291.15034.99%
ဒီဇင်ဘာ1.10671.07781.12624.29%

၂၀၂၅ အတွက် ကျွမ်းကျင်သူများ၏ EURUSD ခန့်မှန်းချက်

၂၀၂၅ တွင် ယူရို/ဒေါ်လာ ငွေလဲနှုန်းသည် အထွဋ်အထိပ်သို့ ရောက်ရှိလိမ့်မည် မဟုတ်ပါ။ သို့သော် ၎င်းကို အတော်အသင့်မြင့်မားသော level များတွင် ကုန်သွယ်ရနိုင်ခြေရှိပါသည်။

Long Forecast

Economy Forecast Agency ၏ ခန့်မှန်းချက်အရ ၂၀၂၅ တွင် ယူရိူ/ဒေါ်လာနှုန်းထားသည် $1 အထက်တွင် ဆက်၍ ရှိနေပါမည်။ နှစ်အစကို 1.15000 ပျမ်းမျှဈေးတန်းဖြင့် စတင်ဖွင့်လှစ်ကာ၊ 1.20500 သို့ လွယ်ကူစွာ မြင့်တက်သွားပါမည်။

အဖွင့်အနိမ့်-အမြင့်အပိတ်
၂၀၂၅
ဇန်နဝါရီ1.1141.114-1.1541.137
ဖေဖော်ဝါရီ1.1371.086-1.1371.103
မတ်1.1031.103-1.1381.121
ဧပရယ်1.1211.121-1.1661.149
မေ1.1491.102-1.1491.119
ဇွန်1.1191.118-1.1521.135
ဇူလိုင်1.1351.135-1.1851.167
ဩဂုတ်1.1671.167-1.2201.202
စက်တင်ဘာ1.2021.194-1.2301.212
အောက်တိုဘာ1.2121.163-1.2121.181
နိုဝင်ဘာ1.1811.145-1.1811.162
ဒီဇင်ဘာ1.1621.116-1.1621.133

PandaForecast.com

Panda Forecast မှ ခွဲခြမ်းစိတ်ဖြာသူများမှ နှစ်အစပိုင်းတွင် EURUSD နှုန်းထားများ တိုးတက်လိမ့်မည်ဟု မျှော်မှန်းထားကြပါသည်။ နောက်ပိုင်းတွင် အတက်လမ်းကြောင်းတခု ပေါ်ထွက်လာပြီး၊ နှစ်ကုန်ပိုင်းတွင် 1.21100 သို့ ရောက်ရှိလိမ့်မည်ဟု ယူဆကြပါသည်။

ပျမ်းမျှဈေးနှုန်းအဆိုးမြင်ခန့်မှန်းချက်အကောင်းမြင်ခန့်မှန်းချက်မတည်ငြိမ်မှု % 
၂၀၂၅
ဇန်နဝါရီ1.13591.10021.16655.69 %
ဖေဖော်ဝါရီ1.13501.11781.15843.50 %
မတ်1.09021.07641.11993.88 %
ဧပရယ်1.10071.07161.13405.50 %
မေ1.12981.09951.15454.77 %
ဇွန်1.17541.15711.18722.54 %
ဇူလိုင်1.21041.18351.24454.90 %
ဩဂုတ်1.20381.16691.22364.63 %
စက်တင်ဘာ1.2241.19271.25855.23 %
အောက်တိုဘာ1.23281.20231.27165.46 %
နိုဝင်ဘာ1.22301.18701.26356.06 %
ဒီဇင်ဘာ1.18961.16211.21464.32 %

၂၀၂၆-၂၀၂၇ အတွက် EURUSD ကာလရှည် ခန့်မှန်းချက်

ဈေးကွက်အခြေအနေများသည် နေ့စဉ်ပြောင်းလဲနေသည်ဖြစ်ရာ၊ ၂၀၂၆-၂၀၂၇ အတွက် EURUSD ခန့်မှန်းချက် မှာ အကြမ်းဖျင်း သုံးသပ်ချက်မျှသာ ဖြစ်ပါသည်။

Long Forecast

Economy Forecast Agency ၏ ကျွမ်းကျင်သူများသည် လာမည့်နှစ်အနည်းငယ်အတွက် အငြင်းပွားဖွယ်ရာ EURUSD ခန့်မှန်းချက်ကို ထုတ်ပြန်ထားပါသည်။ ၎င်းသည် လာမည့်နှစ် အနည်းငယ်အတွင်း EURUSD အဝယ်ကုန်သွယ်မှုများကို ပြုလုပ်ရန် အကြံမပြုပေ။ ၂၀၂၆ တွင် ယူရို/ဒေါ်လာ နှုန်းထားသည် $1.14300 ထက်ပို၍ မြင့်တက်နိုင်ဖွယ်ရာမရှိပဲ၊ ၂၀၂၇ တွင် ၂၀၂၃ အတွင်းမှ ပျမ်းမျှဈေးနှုန်းဖြင့်သာ ကုန်သွယ်ရလိမ့်မည်ဟု ကြိုတင်သုံးသပ်ကြပါသည်။

အဖွင့်အနိမ့်-အမြင့်အပိတ်
၂၀၂၆
ဇန်နဝါရီ1.1331.089-1.1331.106
ဖေဖော်ဝါရီ1.1061.106-1.1431.126
မတ်1.1261.076-1.1261.092
ဧပရယ်1.0921.061-1.0931.077
မေ1.0771.060-1.0921.076
ဇွန်1.0761.047-1.0791.063
ဇူလိုင်1.0631.052-1.0841.068
ဩဂုတ်1.0681.030-1.0681.046
စက်တင်ဘာ1.0461.028-1.0601.044
အောက်တိုဘာ1.0441.009-1.0441.024
နိုဝင်ဘာ1.0241.004-1.0341.019
ဒီဇင်ဘာ1.0191.005-1.0351.020
၂၀၂၇
ဇန်နဝါရီ1.0200.974-1.0200.989
ဖေဖော်ဝါရီ0.9890.989-1.0211.006
မတ်1.0061.006-1.0461.031
ဧပရယ်1.0310.986-1.0311.001
မေ1.0010.981-1.0110.996
ဇွန်0.9960.973-1.0030.988
ဇူလိုင်0.9880.988-1.0281.013
ဩဂုတ်1.0131.013-1.0551.039

PandaForecast.com

Panda Forest မှ ကျွမ်းကျင်သူများမှ EUR/USD သည် ၂၀၂၆ တလျှောက်လုံး အထက်သို့ ဆက်လက်တိုးတက်သွားပြီး၊ ၂၀၂၇ တွင် ယာယီအပြောင်းအလဲများ ပေါ်ပေါက်နိုင်သည်ဟုလည်း ခန့်မှန်းထားပါသည်။

ပျမ်းမျှဈေးနှုန်းအဆိုးမြင်ခန့်မှန်းချက်အကောင်းမြင်ခန့်မှန်းချက်မတည်ငြိမ်မှု % 
၂၀၂၆
ဇန်နဝါရီ1.19461.16051.22024.89 %
ဖေဖော်ဝါရီ1.19161.17651.22814.20 %
မတ်1.20561.16861.23805.60 %
ဧပရယ်1.22331.20741.26294.39 %
မေ1.21971.19871.24533.74 %
ဇွန်1.20131.17151.21643.69 %
ဇူလိုင်1.21081.17781.23634.73 %
ဩဂုတ်1.21391.18431.24504.87 %
စက်တင်ဘာ1.16441.12921.20065.95 %
အောက်တိုဘာ1.14341.10791.15974.47 %
နိုဝင်ဘာ1.18381.16591.20463.22 %
ဒီဇင်ဘာ1.18471.15541.19623.41 %
၂၀၂၇
ဇန်နဝါရီ1.21811.19761.25394.49 %
ဖေဖော်ဝါရီ1.22321.19081.26125.58 %
မတ်1.20421.18651.21892.66 %
ဧပရယ်1.23811.19651.26155.15 %
မေ1.21731.19021.23163.36 %
ဇွန်1.23011.19181.24664.39 %
ဇူလိုင်1.18411.17121.21593.68 %
ဩဂုတ်1.20701.19531.22062.08 %
စက်တင်ဘာ1.21961.17871.25045.74 %
အောက်တိုဘာ1.20431.19261.21942.20 %
နိုဝင်ဘာ1.20981.19411.23273.13 %
ဒီဇင်ဘာ1.20681.18751.23363.74 %

EURUSD ငွေကြေးအတွဲ၏ နှုန်းထားများအပေါ် မည်သည့်  အကြောင်းအရာများ က အဓိကလွှမ်းမိုးပါသနည်း။

EURUSD ငွေလဲနှုန်းသည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုဖြစ်သော ဥရောပနှင့် အမေရိကတို့၏ ငွေကြေးအချိုးပင်ဖြစ်သည်။ ထို့ကြောင့် ဥရောပနှင့် အမေရိက၏ အရေးကြီးသော စီးပွားရေး၊ နိုင်ငံရေး သတင်းများသည် ယူရို-ဒေါ်လာငွေလဲနှုန်းအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပါသည်။ ထိုကဲ့သို့ လွှမ်းမိုးသော အကြောင်းအရာများကို အခြေခံအကြောင်းတရားများဟု ခေါ်ဆိုကြသည်။ ထိုအကြောင်းတရားများအပြင် နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာအချို့လည်း ရှိနေပါသေးသည်။ ၎င်းအကြောင်းအရာနှစ်ရပ်စလုံးအပါအဝင် အခြားလွှမ်းမိုးသော အကြောင်းအရင်းများကို ပို၍အသေးစိတ် လေ့လာကြည့်ကြပါစို့။

အခြေခံပိုင်းဆိုင်ရာအကြောင်းတရားများ

US နှင့် EU အတွက် အရေးကြီးသော စီးပွားရေးဆိုင်ရာ ညွှန်ပြချက်များ အများအပြား ရှိပါသည်။ စျေးနှုန်းအပေါ် အကျိုးသက်ရောက်စေသည့် အထင်ရှားဆုံး အကြောင်းအရာများတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • ECB နှင့် Fed တို့၏ အတိုးနှုန်းများ၊
  • အလုပ်လက်မဲ့ဦးရေ၊
  • US အလုပ်အကိုင်အခွင့်အလမ်းအချက်အလက်များ(စိုက်ပျိုးမွေးမြုရေးမှအပ အခြားအလုပ်အကိုင်များ)၊
  • GDP တိုးတက်မှုနှုန်း၊
  • ငွေကြေးဖောင်းပွမှု ညွှန်းကိန်းများ (CPI၊ PPI)၊
  • စက်မှုလုပ်ငန်းအခြေအနေ(စက်မှုထုတ်လုပ်ရေးအညွှန်းကိန်း)၊
  • လက်လီအရောင်းများ၊
  • ကုန်သွယ်ရေးဟန်ချက်၊
  • သုံးစွဲသူယုံကြည်စိတ်ချရမှုညွှန်းကိန်း(Consumer Confidence Index)၊
  • စီးပွားရေးအလေးသာမှုအညွှန်းကိန်းများ(ISM၊ IFO)၊
  • ထိပ်တန်းအရာရှိများ၏ မိန့်ခွန်းများ- Fed နှင့် ECB အကြီးအကဲများ၏ သတင်းစာရှင်းလင်းပွဲများ၊ အမေရိကန်နှင့် ဥရောပရှိ ထိပ်တန်းခေါင်းဆောင်များ၏ မိန့်ခွန်းများ၊ မှတ်ချက်များ၊
  • နိုင်ငံရေးဖြစ်ရပ်များ- အစိုးရအဖွဲ့အစည်း အတွင်းပိုင်းရှိ အမျိုးမျိုးသော အပြောင်းအလဲများ၊ ရွေးကောက်ပွဲများ၊ လူထုစိတ်ဝင်စားသော ဆန္ဒပြပွဲများ၊ ပြည်တွင်းရေး မတည်ငြိမ်မှုများ (ဥပမာ-Brexit)၊
  • ခန့်မှန်းထိန်းချုပ်၍မရသော ဖြစ်ရပ်များ- ထူးကဲဖြစ်စဥ်များ၊ သဘာဝဘေးအန္တရာယ်များ၊ လူတို့ ဖန်တီးသော ဘေးအန္တရာယ်များ၊ အကြမ်းဖက်မှုများ၊ ငလျင်များ။

နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများ

  • လက်ရှိရွေ့လျားမှု - ကုန်သွယ်ရေးအတွက် အဓိကအရေးပါသော နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာတခုမှာ လက်ရှိရွေ့လျားနေသော လမ်းကြောင်းတခု ရှိနေခြင်းပင်ဖြစ်သည်။ တိုးတက်သော လမ်းကြောင်းတခုတွင် အဝယ်များသည် ပိုမိုကောင်းမွန်မည်ဖြစ်ပြီး၊ ကျဆင်းသော လမ်းကြောင်းတခုတွင် အရောင်းများက ပို၍ အကျိုးရှိနိုင်ပါသည်။ ဘေးတိုက်လမ်းကြောင်း (ထင်ရှားသော တိုးတက်၊ ကျဆင်းမှု မရှိသော ဘောင်တခု)အတွင်း‌၌ အဝယ်၊ အရောင်း ကုန်သွယ်မှုနှစ်မျိုးစလုံးအား စျေးနှုန်း၏ နယ်နိမိတ်မျဥ်းများ အတွင်းမှ ပြုလုပ်ရန် သင့်တော်ပါသည်။

  • အရေးကြီးသော support နှင့် resistance levels များသည် ဈေးနှုန်းဇယားအတွင်းမှ  အမြင့်ဆုံး၊ အနိမ့်ဆုံး ဈေးနှုန်းရာဇဝင်များပင် ဖြစ်ပါသည်။ ၎င်းတို့သည် ယူရိုနှင့်ဒေါ်လာ၏ အနာဂါတ်စျေးနှုန်း ခန့်မှန်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများအတွက် ဈေးနှုန်းကိုးကားရာတွင် အရေးပါသောပွိုင့်များ များဖြစ်ကြပါသည်။

  • စျေးနှုန်းရွေ့လျားမှုပုံစံများ -candlestick patterns၊  Price Action patterns စသဖြင့် ရှေးယခင်ကပင် ကျင့်သုံးခဲ့သော နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုမှ ခွဲခြားသတ်မှတ်ထားသော ‌ရှေ့ဆက်မည့်လမ်းကြောင်းပုံစံများနှင့် နောက်သို့ပြန်လှည့်မည့်လမ်းကြောင်းပုံစံများ။

စွန့်စားမှု လျှော့ချထားသော နည်းဗျူဟာအတွက်၊ ယူရို/ဒေါ်လာအတွဲအား ကုန်သွယ်မှုပြုလုပ်ရာတွင် ဆုံးဖြတ်ချက်များကို ပြုလုပ်သောအခါ နည်းပညာပိုင်းနှင့် အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာများကို ပေါင်းစပ်၍  အသုံးချရန် လိုအပ်ပါသည်။

EURUSD အတွဲ၏ သမိုင်းကြောင်း

ယူရို (EUR) သည် ၁၉၉၉ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သော သက်တမ်းနုနယ်သည့် ငွေကြေးတခု ဖြစ်ပါသည်။ ဂျာမန်ငွေ mark၊ ပြင်သစ်ငွေ franc၊ အီတလီငွေ lira နှင့် အခြားဥရောပနိုင်ငံများအားလုံး၏ ပြည်တွင်းသုံးငွေကြေး အမျိုးမျိုးနေရာတွင် တခုတည်းသော ဥရောပငွေကြေးစနစ်ဖြင့် အစားထိုးခဲ့သည်။ ထို့ကြောင့် ယူရိုငွေ၏ ထင်ရှားသော အင်္ဂါရပ်များမှ တခုမှာ ဥရောပဇုန်တခုလုံးနှင့် ဥရောပနိုင်ငံတခုချင်းစီ၏ အသေးစိတ်စီးပွားရေး ညွှန်ပြချက်ဆိုင်ရာ ကိန်းဂဏန်းများအပေါ် တုံ့ပြန်မှုမြန်ဆန်ခြင်းပင် ဖြစ်ပါသည်။

၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင် ဥရောပငွေကြေးအား ငွေသားမဟုတ်သော ငွေကြေးလည်ပတ်မှုအဖြစ် တရားဝင်မိတ်ဆက်ခဲ့ပြီး၊ ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် ငွေစက္ကူများနှင့် အကြွေစေ့များကို ငွေသားစီးဆင်းမှုအတွင်း စတင်မိတ်ဆက်ခဲ့သည်။ နိုင်ငံတကာငွေပေးချေမှုများတွင် USD ပြီးလျှင်၊ ယူရိုငွေကို ဒုတိယအဓိကငွေကြေးအဖြစ် အသုံးပြုကြသည်။ ငှင်းသည် USD ပြီးလျှင် ဒုတိယရေပန်းအစားဆုံး ကမ္ဘာ့အရန်ငွေကြေးလည်းဖြစ်သည်။ တရားဝင်စတင်ကုန်သွယ်ခဲ့စဥ်က EURUSD ၏ နှုန်းထားမှာ 1.1800 ဝန်းကျင် ရှိခဲ့ပါသည်။

စတင်ကုန်သွယ်ခဲ့သော ၁၉၉၉ မှပင်စတင်၍ EURUSD အတွဲသည် ထင်ရှားသော အပြောင်းအလဲများနှင့် ကြုံတွေ့ခဲ့ပါသည်။ ပထမနှစ်နှစ်အတွင်း၊ ယူရို၏ အလားအလာမှာ မရေမရာသာ ရှိခဲ့ပြီး၊ နှုန်းထားသတ်မှတ်ချက်လည်း ကျဆင်းခဲ့ကာ အနည်းဆုံးဈေးနှုန်း 0.8200 ဝန်းကျင်အထိ ရောက်ရှိခဲ့သည်။ ထို့နောက် ၇ နှစ်အတွင်း၊ ဤအတွဲ၏နှုန်းထား တဖြေးဖြေးပြန်လည်မြင့်တက်လာပြီး၊ ၂၀၀၈ ခုနှစ်တွင် အမြင့်‌‌ဆုံးစံချိန် 1.6039 သို့ ရောက်ရှိခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ယူရိုဇုန်အတွင်း ဘဏ်လုပ်ငန်းအကြပ်အတည်းများနှင့် အမျိုးမျိူးသော ပြဿနာများဖြစ်ပေါ်ခဲ့ပြီး၊ ဤအတွဲသည် ၂၀၁၅ ဧပရယ်လအထိ ဆိုးဝါးသော အကျလမ်းကြောင်းပေါ် ရောက်ရှိခဲ့သည်။ ထိုကာလ၏ နောက်ပိုင်းတွင် အခြေအနေပြန်လည်တိုးတက်ကောင်းမွန်လာခဲ့ပါသည်။

ဈေးကွက်သဘောထားအကဲဖြတ်မှုအရ၊ ၂၀၂၀ သည် ဥပမာပြုအပ်သော နှစ်တနှစ်ပင်ဖြစ်ပါသည်။ မတ်လတွင် ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းဖြစ်ပေါ်ခဲ့ပြီး၊ စျေးကွက်သည် ကိုရိုနာကပ်ရောဂါ၏ ဆိုးဝါးပြင်းထန်သော အကျိုးသက်ရောက်မှုများကို စိတ်မချမ်းသာစွာဖြင့် ရုတ်တရက် ခံစားခဲ့ရသည်။ ထိုအခြေအနေအတွင်း ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာအား ဘေးကင်းသောပိုင်ဆိုင်မှုအဖြစ် အပြေးအလွှား ဝယ်ယူစုဆောင်းခဲ့ကြသည်။ ထို့နောက်တွင် ဆန့်ကျင်ဘက်ဦးတည်ရာသို့ တူညီသော ရွေ့လျားမှုတခု ဖြစ်ပေါ်ခဲ့ပြန်သည်။ နိုဝင်ဘာလအစောပိုင်းတွင် Pfizer ဆေးဝါးကုမ္ပဏီမှ ကာကွယ်ဆေးနှင့် ပတ်သတ်သော သတင်းကောင်းကို ကြေငြာခဲ့ပြီးနောက် ဘေးကင်းသော ပိုင်ဆိုင်မှုအတွက် လိုအပ်ချက်များ ပျောက်ကွယ်သွားပြီး၊  ဒေါ်လာတန်ဖိုးပြန်လည်ကျဆင်းသွားခဲ့ပါသည်။

ဖြစ်ရပ်နှစ်ခုစလုံးတွင် စျေးကွက်၏တုံ့ပြန်မှုမှာ ပေါ်လွင်ထင်ရှားသော်လည်း၊ အမြဲတမ်း ထိုသို့မဖြစ်နိုင်ပါ။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် ဥရောပဗဟိုဘဏ်(ECB)မှ ကြေငြာခဲ့သော ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်များကို ကြည့်ပါ။ လွန်ခဲ့ပြီးသော အတိတ်ကာလတွင် ယူရိုငွေကြေးအား အလွယ်တကူ ရရှိနိုင်ခြင်းသည် တခါတရံ၌ ယူရိုငွေကြေးအား တန်ဖိုးကျဆင်းစေသော ဖိအားများကို ပေါ်ပေါက်စေခဲ့သည်။ ယင်းအစီအစဉ်သည် ယူရိုစျေးနှုန်းအား အတက်လမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားသွားစေရန် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အလိုအရ ECB သည် ကုမ္ပဏီများ ခြွတ်ခြုံကျခြင်းကို တားဆီးရန်နှင့် ဝန်ထမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ကာကွယ်ပေးရန်  အစွမ်းရှိသမျှ ကြိုးစားခဲ့ကြောင်း ပြသခဲ့သည်ဟု သိမြင်နိုင်ပါသည်။ 

ကြိုတင်မမြင်နိုင်သော စျေးကွက်အခြေအနေများ ဖြစ်ပေါ်ခြင်းနှင့်၊ တခါတရံတွင် စျေးကွက်၏ ထင်မှတ်မထားသော တုံ့ပြန်မှုများကြောင့်၊ စျေးနှုန်း ခန့်မှန်းချက်များအား ဆန်တစေ့စာလောက်သာ ယုံကြည်အားထားသင့်သည်ဟု မှတ်သားထားရပါမည်။ ဥပမာအားဖြင့် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စျေးကွက်အသိုင်းအဝိုင်းတခုလုံးမှ ဒေါ်လာတန်ဖိုး အားနည်းလာမည်ဟု တညီတညွတ်တည်း မျှော်မှန်းခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဒေါ်လာသည် အားထားစရာအထောက်အကူတခုအဖြစ် တန်ဖိုးမြင့်တက်လာခဲ့သည်။ ယင်းအခြေအနေသည် မသေချာမှုများစွာကို ဖန်တီးခဲ့ပြီး၊ ကုန်သည်များ၏ အရင်းအနှီးငွေများအား ဒေါ်လာကဲ့သို့ ခိုင်မာသည့်ပိုင်ဆိုင်မှုများဆီသို့ စီးဆင်းသွားစေခဲ့သည်။ ထိုကဲ့သိုသော ဖြစ်ရပ်မျိုးကို ကြိုတင်မှန်းဆရန် ခက်ခဲပါသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသည် ဒေါ်နယ်လ်ထရန့်ကဲ့သို့ စိတ်အပြောင်းအလဲ မြန်ဆန်သော စရိုက်လက္ခဏာရှင်၏ ပဲ့ကိုင်မှုအတွင်းရှိခဲ့သော မကြာသေးမီကာလမျိုးတွင် ထိုအခြေအနေမျိုး ပို၍ပင်ဖြစ်နိုင်ပါသည်။

ဤအတွဲသည် ၂၀၂၁ ခုနှစ် ဧပြီလအထိ အတော်ပင် အားကောင်းခဲ့သည်။ ထို့နောက် အကျလမ်းကြောင်းတခုဖြစ်ပေါ်လာပြီး  အောက်တိုဘာ ၂၀၂၂အထိ ဆက်လက်ကျဆင်းခဲ့သည်။ စျေးနှုန်းရွေ့လျားမှု ရာဇဝင်အား ဆန်းစစ်ကြည့်ပါက ဤအတွဲသည် ဖြစ်ရိုးဖြစ်စဉ် လမ်းကြောင်းများနောက်သို့သာ လိုက်ပါလေ့ရှိကြောင်း သတိပြုမိပါလိမ့်မည်။

EURUSD သည် ယခုအချိန်ထိ ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

EUR/USD အတွဲသည် liquidity အထူးမြင့်မားပါသည်။ ထို့ကြောင့် ဈေးကွက်ပါဝင်သူများအနေဖြင့် ကုန်သွယ်ရေးအတွက် စဉ်းစားရန် သင့်လျော်ပါသည်။ ယာယီကျဆင်းမှုများပါဝင်သော အတက်လမ်းကြောင်း တခုအား မျှော်လင့်နိုင်ပါသည် - ခွဲခြမ်းစိတ်ဖြာသူများမှ EUR/USD ၏ နောက်ထပ်တိုးတက်မှုများကို ကြိုတင်ခန့်မှန်းထားကြပါသည်။

Long Forecast ၏ ၂၀၂၄ အတွက် EURUSD ခန့်မှန်းချက်သည် eur/usd အတွဲအပေါ် ကုန်သည်များ၏ စိတ်ပါဝင်စားမှုနှင့် ၎င်း၏ နောက်ထပ်တိုးတက်မှုများကို အတည်ပြုပါသည်။

အဖွင့် $အနိမ့်-အမြင့် $အပိတ်၊ $
၂၀၂၄
ဧပရယ်1.1091.091-1.1411.124
မေ1.1241.106-1.1401.123
ဇွန်1.1231.084-1.1231.10
ဇူလိုင်1.1011.099-1.1331.116
ဩဂုတ်1.1161.116-1.1661.149
စက်တင်ဘာ1.1491.133-1.1671.150
အောက်တိုဘာ1.1501.104-1.1501.12
နိုဝင်ဘာ1.1211.088-1.1221.105
ဒီဇင်ဘာ1.1051.097-1.1311.114

Source: Longforecast.com

သို့သော် အလှမ်းဝေးသော အနာဂါတ်အတွက် EURUSD ခန့်မှန်းချက်မှာ မည်သို့ရှိပါသနည်း။ EURUSD သို့မဟုတ် အခြားအဓိကအတွဲများအတွက်ပင်ဖြစ်စေ  ကာလရှည် ကြိုတင်ခန့်မှန်းချက်များကို ယုံကြည်စိတ်ချ၍ အားကိုးအားထားမပြုသင့်ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ ငွေကြေးအတွဲ၏ စျေးနှုန်းတိုးတက်မှုအပေါ် အကြောင်းအရာများစွာမှ လွှမ်းမိုးနိုင်သောကြောင့်  ကမ္ဘာ့နယ်ပယ်အသီးသီးတွင် ဖြစ်ပျက်သမျှ အသစ်၊အသစ်သော အကြောင်းအရာများကို မျက်ခြေမပြတ် စောင့်ကြည့်၍ လက်တွေ့ကျကာ၊ ယုံကြည်စိတ်ချနိုင်သော ခန့်မှန်းချက်များကို ပြုလုပ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။

ဤအတွဲ၏ အနာဂါတ်ကို ယုံကြည်၍၊ Euro vs. US Dollar အတွဲသည် သင့်အတွက် တစုံတရာ အကျိုးရှိစေမည်ဟု ဆုံးဖြတ်ပြီးပါက၊ ပထမဦးစွာ သင်နှင့် သင့်တော်သော ကုန်သွယ်ရေးနည်းလမ်းကို ဆုံးဖြတ်၍ ဒီမိုအကောင့်တခုတွင် ဦးစွာစမ်းသပ်ပြီးမှ လက်တွေ့အကောင့်သို့ ကူးပြောင်းသင့်ပါသည်။ ဤသည်မှာ LiteFinance တွင် ဒီမိုအကောင့်ဖွင့်ရန် ကောင်းမွန်သော အကြောင်းရင်းတခုပင် ဖြစ်ပါသည်။ LiteFinance တွင် မြန်ဆန်စွာစစ်ဆေးထားသော သတင်းအချက်များကို ရရှိနိုင်ပြီး၊ ကုန်သည်အသစ်များရော ဝါရင့်ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်ပါ အသုံးပြုရအဆင်ပြေလွယ်ကူသော ပလက်ဖောင်းတခုကို ဖန်တီးပေးထားပါသည်။

အရောင်းအဝယ်လုပ်ဆောင်သောအခါဝယ်၊ အောက်ပါနည်းလမ်းများဖြင့် ကုန်သွယ်နိုင်ပါသည်။

  • Intraday — ကုန်သွယ်မှုအား နောက်တရက်သို့ မကူးစေပဲ ကုန်သွယ်ခြင်း။ ၎င်းကို ကျဉ်းမြောင်းသော stop-loss နှင့် take-profit အော်ဒါများဖြင့် အသိအမှတ်ပြုကြပါသည်။ ထို့ကြောင့် ကုန်သည်အနေဖြင့် တင်းကြပ်သော စည်းမျဉ်းနှင့်အတူ ဖန်သားပြင်ရှေ့တွင် အချိန်များစွာပေး၍ စောင့်ကြည့်ရန်လိုအပ်ပါသည်။ ၎င်းကို သေးငယ်သော အပ်ငွေပမာဏဖြင့်ပင် ဆောင်ရွက်နိုင်ပါသည်။
  • ကာလအလယ်အလတ်(swing trading) — နာရီများစွာမှ နှစ်ရက်-သုံးရက်အထိ ကြာမြင့်နိုင်သော ကုန်သွယ်မှုများ။ ကာလအလယ်အလတ် ကုန်သွယ်ရေးတွင် ပိုမိုကျယ်ပြန့်လာသော stop-loss နှင့် take-profit အော်ဒါများ ပါဝင်ပါသည်။ အချိန်ပေးရမှုပိုနည်းပြီး၊ ပိုမိုကြီးမားသော အကောင့်အရွယ်အစား(အပ်ငွေပမာဏ)ကို လိုအပ်ပါသည်။
  • ကာလရှည် — ကုန်သွယ်မှုများအား ရက်သတ္တပတ်များစွာမှ လများစွာအထိ ထိန်းသိမ်းထားပါသည်။ ဤကုန်သွယ်ရေးအမျိုးအစားသည် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုသင့်လျော်ပါသည်။

EURUSD ခန့်မှန်းချက်အတွက် အမေးများသော မေးခွန်းများ။

ယူရို/ဒေါ်လာ ငွေလဲနှုန်းသည် မကြာမီအချိန်အတွင်း မြင့်တက်မည်ဟု မျှော်မှန်းရပါသည်။ မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံတကာငွေလဲလှယ်ရေးဈေးကွက်အပေါ် အကြောင်းအရာများစွာမှ လွှမ်းမိုးထားသောကြောင့် တိကျသော EURUSD ခန့်မှန်းချက်တခုကို ပြုလုပ်နိုင်ရန် ခဲယဉ်းပါသည်။

ယူရို/ဒေါ်လာငွေလဲနှုန်းသည် စီးပွားရေးညွှန်ပြချက်များ၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များ၊ ဗဟိုဘဏ် ဆုံးဖြတ်ချက် များနှင့် ငွေကြေးအတွက် ကမ္ဘာ့ဝယ်လိုအား/ရောင်းလိုအား အပြောင်းအလဲများ အပါအဝင် အကြောင်းအရာ များစွာအပေါ် မူတည်ပါသည်။

ယူရိုသည် အတက်လမ်းကြောင်းတခုဆီသို့ ဖြေးဖြေးမှန်မှန် ပြန်လည်ရွေ့လျားနေပါသည်။ နီးစပ်သော အနာဂါတ်တွင် ယူရိုငွေကြေးသည် အမြင့်ဆုံးတန်ဖိုးအသစ်တခုသို့ ရောက်ရှိလိမ့်မည်ဟု မျှော်မှန်းရပါသည်။

ကာလရှည်ခန့်မှန်းချက်များကို ယုံကြည်စိတ်ချ၍ မရနိုင်ပါ။ မည်သို့ပင်ဖြစ်စေ EURUSD အတွဲသည် တိကျသော ကာလရှည်လမ်းကြောင်းများနောက်သို့ လိုက်ပါလိမ့်မည်ဖြစ်သည်။ ကာလတို ကုန်သွယ်မှုများအတွက် EURUSD နှုန်းထားအပေါ် လွှမ်းမိုးလေ့ရှိသော အခြေခံအကြောင်းရင်းများကို ဆန်းစစ်သင့်ပါသည်။ လက်ရှိအချိန်တွင် ငွေကြေးအတွဲသည် တည်ငြိမ်သော အတက်လမ်းကြောင်း တခုပေါ်တွင် ရှိနေပါသည်။

များစွာသော ဈေးနှုန်းခန့်မှန်းချက်များအရ၊ ၂၀၂၄ တွင် ယူရိုသည် US ဒေါ်လာကို ကျော်လွန်မြင့်တက်နိုင်ပါသည်။

ကျွမ်ူကျင်သူများမှ တညီတညွတ်ထဲ လက်ခံထားသော EURUSD ခန့်မှန်းချက်အရ၊ ယူရို/ဒေါ်လာ နှုန်းထားသည် 1.15000 သို့ မြင့်တက်လိမ့်မည်ဖြစ်သည်။

EURUSD ငွေလဲနှုန်းသည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုဖြစ်သော ဥရောပနှင့် အမေရိကတို့၏ ငွေကြေးများကို အချိုးချထားခြင်းဖြစ်သည်။ ထို့ကြောင့် ဥရောပနှင့် အမေရိက၏ အရေးကြီးသော စီးပွားရေး၊ နိုင်ငံရေး သတင်းများသည် ယူရို-ဒေါ်လာငွေလဲနှုန်းအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပါသည်။ ထိုကဲ့သို့ လွှမ်းမိုးသော အကြောင်းအရာများကို အခြေခံအကြောင်းတရားများဟု ခေါ်ဆိုကြသည်။ ထိုအကြောင်းတရား များအပြင် နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာအချို့လည်း ရှိနေပါသေးသည်။

၂၀၂၄ တွင် EURUSD အတွဲ၏ တန်ဖိုး မြင့်တက်လိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာသူများမှ ယုံကြည်ကြပါသည်။ အဓိပ္ပါယ်မှာ ယူရိုနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ၏တန်ဖိုး ကျဆင်းလိမ့်မည် ဖြစ်ပါသည်။

လက်ရှိ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများအပေါ်အခြေခံ၍ သုံးသပ်ရလျှင် နီးစပ်သောအနာဂါတ်တွင် ယူရို၏တန်ဖိုး တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ အဓိပ္ပါယ်မှာ ဒေါ်လာ မှ ယူရို နှုန်းထား အားနည်းလာမည်ဖြစ်သည်။

ဒေါ်လာ၏ ငွေလဲနှုန်းသည် အမေရိကန်အစိုးရ ကြွေးမြီများ၊ ငွေသားအာမခံများနှင့် အတိုးနှုန်းများ မြှင့်တင်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဟန့်တားရန် အမေရိကန်ဗဟိုဘဏ်၏ ကြိးပမ်းမှုများ စသည့်အကြောင်းအရာများအပေါ် မှီခိုပါသည်။ USD နှုန်းထားသည် မကြာမီအချိန်အတွင်း ကျဆင်းလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ယနေ့ 02.09.2024 အတွက် EURUSD ငွေလဲနှုန်း၏ လက်ရှိပေါက်ဈေးမှာ 1.10525 ဖြစ်ပါသည

လက်တွေ့ဈေးကွက်အချိန်ရှိ EURUSD ၏စျေးနှုန်းဇယား

၂၀၂၄-၂၀၂၅ နှင့်နောက်ပိုင်းအတွက် ယူရိုမှ ဒေါ်လာ (EURUSD) ခန့်မှန်းချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ထင်ဟပ်ပြီး LiteFinance ၏ တရားဝင်အနေအထားကို ထင်ဟပ်ခြင်းမရှိပါ။ ဤစာမျက်နှာပေါ်ရှိ ထုတ်ဝေသည့်အကြောင်းအရာအား အချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ပံ့ပိုးထားပြီး ညွှန်ကြားချက် 2004/39/EC ၏ ရည်ညွှန်းချက်များအတွက် ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ် ပံ့ပိုးမှုအဖြစ် မယူဆသင့်ပါ။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စာရေးသူကို မေးခွန်းမေးလိုပါသလား ? ကျေးဇူးပြု၍ အောက်ပါ မှတ်ချက်ပေးသည့်ကဏ္ဍ ကို အသုံးပြုပါ။ .
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat