ကုမ္ပဏီ၏ တရားဝင် ဘာသာစကားမှာ အင်္ဂလိပ်စာဖြစ်သည်။ ကုမ္ပဏီ၏ လှုပ်ရှားမှုအပေါ် အသေးစိတ်သိရှိရန် ဝက်ဘ်ဆိုဒ်၏ အင်္ဂလိပ်စာ ဗားရှင်းကို ကြည့်ရှုပါ။ အင်္ဂလိပ်စာမဟုတ်သော ဘာသာစကားများသို့ ဘာသာပြန်ဆိုထားသည့် သတင်းအချက်အလက်များသည် သတင်းအချက်အလက် ပေးရန်သာဖြစ်ပြီ မည်သည့် ဥပဒေသက်ရောက်မှုမှ မရှိပါ။ ကုမ္ပဏီသည် အခြား ဘာသာစကားများသို့ ဘာသာပြန်ဆိုထားသည့် သတင်းအချက်အလက်များ၏ တိကျမှုအပေါ်တွင် တာဝန်ခံခြင်းမရှိပါ။

နိုင်ငံတကာငွေကြေးများနှင့် derivativesများအားကုန်သွယ်ခြင်းနှင့် စပ်လျဥ်းသော ဆုံးရှုံးနိုင်ချေ ထုတ်ဖော်ချက်

ဤသတိပေးချက်သည် "Client Agreement" ၏ နိုင်ငံခြားငွေကြေးနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်မှုများ၏ အန္တရာယ်များနှင့် အခြားအရေးကြီးသောကဏ္ဍများကို ဖော်ပြရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ ဘေးအန္တရာယ်များကို ထည့်သွင်းစဉ်းစားပါက၊ သင်သည် သင်ထည့်သွင်းထားသော စာချုပ်များ၏ သဘောသဘာဝ၊ ထိုကဲ့သို့သော စာချုပ်များ၏ ဆက်စပ်အခြေအနေ၊ သို့မဟုတ် သင့်အန္တရာယ်နှင့် ထိတွေ့မှု အတိုင်းအတာကို မသိရှိပါက၊ သင်သည် အထက်ဖော်ပြပါ ကုန်သွယ်ရေးဆိုင်ရာအမျိုးအစားများ၏ အရောင်းအ၀ယ်များကို မလုပ်ဆောင်သင့်ပါ။ နိုင်ငံခြားငွေနှင့် ဆက်စပ်လည်ပတ်ဆောင်ရွက်မှုများသည် မြင့်မားသောအန္တရာယ်နှင့် ဆက်စပ်နေသောကြောင့် လူများစွာအတွက် မသင့်လျော်ပါ။ သင်၏ အတွေ့အကြုံ၊ ရည်မှန်းချက်များ၊ ငွေကြေးအရင်းအမြစ်များနှင့် အခြားအရေးကြီးသောအချက်များ ထည့်သွင်းစဉ်းစားပြီး ထိုကဲ့သို့သော လုပ်ဆောင်ချက်များသည် သင့်အတွက် မည်သည့်အတိုင်းအတာအထိ သင့်လျော်ကြောင်း သေချာစွာ သုံးသပ်ရပါမည်။

1. နိုင်ငံတကာငွေကြေးများနှင့် derivaties များဖြင့် အလုပ်လုပ်ခြင်း

1.1 Leverage ကုန်သွယ်ရေးဆိုသည်မှာ အကျိုးအမြတ်အလားအလာအား ချဲ့ထွင်ခြင်းပင်ဖြစ်သည်။ ထိုအခါ ဆုံးရှုံးမှုအလားအလာလည်း အလိုအလျောက် ချဲ့ထွင်ပြီးဖြစ်သည်။ မာဂျင်လိုအပ်ချက်နည်းပါးလေ စျေးကွက်အတွင်း ဆန့်ကျင်ဘက်လမ်းကြောင်းတွင် ဆုံးရှုံးနိုင်ခြေမြင့်မားလေ ဖြစ်သည်။ ဆုံးရှုံးမှုပမာဏမှာ သင်၏ကနဦးငွေပေးချေမှုထက်ကျော်လွန်သွားနိုင်ပြီး မူလရင်းနှီးမြှုပ်နှံမှုတန်ဖိုးထက် အဆများစွာပိုများသော ငွေကြေးများကို ဆုံးရှုံးရနိုင်ပါသည်။ နိုင်ငံတကာငွေကြေးစာချုပ်များ၊ derivatives များ၏ ပင်ကိုယ်တန်ဖိုးနှင့် နှိုင်းယှဥ်ပါက မာဂျင်တန်ဖိုးမှာ များစွာသေးငယ်သည်ဟု ထင်ရနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အား ကုန်သွယ်ရာတွင် "leverage"ဟုခေါ်သော "ချေးငွေအခွင့်အရေး"အား ခံစားခွင့်ရှိသောကြောင့် ဖြစ်သည်။ ကြိုတင်မှန်းဆမရသော နောက်ဆက်တွဲ စျေးကွက်ရွေ့လျားမှုများသည် မူလအပ်ငွေပမာဏ သို့မဟုတ် ထပ်မံဖြည့်သွင်းရမည့်အပ်ငွေပမာဏအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါသည်။ အခြေအနေမှာ သင့်အတွက် အကောင်း၊အဆိုး နှစ်မျိုးလုံး ဖြစ်နိုင်ပါသည်။ သင်၏ကုန်သွယ်မှုအားလုပ်ဆောင်နေစဥ် မူလမာဂျင်တန်ဖိုး၏ အတိုင်းအတာတခုထိ ဆုံးရှုံးမှုရှိနိုင်သလို ကုမ္ပဏီတွင်ပေးသွင်းထားသောငွေပမာဏမှ အပိုဆောင်းဖြတ်တောက်ခံရသော အရှုံးများလည်း ရှိနိုင်ပါသည်။ စျေးကွက်သည် သင်၏ကုန်သွယ်မှုနှင့် ဆန့်ကျင်ဘက်သို့ စျေးနှုန်းပြောင်းလဲပါက သို့မဟုတ် မာဂျင်လိုအပ်ချက်ပမာဏမြင့်တက်ခဲ့ပါက သို့မဟုတ် ၎င်းဖြစ်ရပ်နှစ်မျိုးစလုံးဖြစ်ခဲ့ပါက ကုန်သွယ်မှုအားဆက်လက်ထိန်းသိမ်းရန်အတွက် ကုမ္ပဏီမှ လူကြီးမင်းအား လိုအပ်သောငွေပမာဏကို အရေးပေါ်ဖြည့်သွင်းရန် ကောက်ခံနိုင်ပါသည်။ အကယ်၍ ထပ်မံဖြည့်သွင်းရမည့် ငွေအား မဖြည့်သွင်းခဲ့ပါက သင်၏ကုန်သွယ်မှု သို့မဟုတ် ကုန်သွယ်မှုများအား ကုမ္ပဏီမှ ပိတ်သိမ်းသွားမည်ဖြစ်ပြီ ၎င်းရလာဒ်၏ နောက်ဆက်တွဲ ဆုံးရှုံးမှုနှင့် အပ်ငွေကုန်ခမ်းမှု အားလုံးသည် လူကြီးမင်း၏ တာဝန်သာဖြစ်ပါသည်။

1.2 ဆုံးရှုံးနိုင်ချေအား လျှော့ချမည့်အော်ဒါများနှင့်နည်းဗျူဟာများ
အမြင့်ဆုံးဆုံးရှုံးမှုပမာဏကိုကန့်သတ်ရန်အတွက် အော်ဒါပြုလုပ်ရာတွင် (ဥပမာ စျေးကွက်ဥပဒေအရအရခွင့်ပြုသော "stop-loss" အော်ဒါများ၊ "stop-limit" များ) အချို့သောစျေးကွက်အခြေအနေ(ဥပမာ စျေးကွက် အလှုပ်အခတ်မရှိခြင်း)များတွင် အော်ဒါအားလိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်ပါ။ ကုန်သွယ်မှုအနေအထားများအားပေါင်းစပ်သော နည်းဗျူဟာများ ဥပမာ "spread" နှင့် "straddle" တို့သည်လည်း သမာရိုးကျ အဝယ်၊ အရောင်း ပြုလုပ်ခြင်းထက် ဆုံးရှုံးနိုင်ခြေနည်းပါးခြင်း မရှိပါ။

2. နိုင်ငံတကာငွေကြေးနှင့် derivatives များကို အလွှဲအပြောင်းပြုလုပ်ခြင်း၏ အခြားအန္တရာယ်များ

2.1 စာချုပ်ချုပ်ဆိုရမည့် အခြေအနေများ
သင်၏ အကျိုးဆောင်ကုမ္ပဏီထံမှ စာချုပ်ချုပ်ဆိုမှုစည်းကမ်းများနှင့်စပ်လျဥ်းသော အသေးစိတ်အချက်အလက်များနှင့် စာချုပ်နှင့်ဆက်စပ်နေသော ဝတ္တရားများကို ကြိုတင်တောင်းခံသင့်ပါသည်။ (ဥပမာ future စာချုပ်တခုတွင် ပိုင်ဆိုင်မှုအား တိကျသောအချိန်ဘောင်အတွင်း လက်ခံရယူရန် သို့မဟုတ် လွှဲပြောင်းပေးရန် ဝတ္တရား (သို့မဟုတ်) option စာချုပ်တခု၏ စာချုပ်သက်တမ်းကုန်ဆုံးရက်များနှင့် ရွေးချယ်ခွင့်ကာလကန့်သတ်ချက်များ)။ အချို့သော အခြေအနေများတွင် စတော့အိတ်ချိန်းတခု သို့မဟုတ် အကျိုးဆောင်ကုမ္ပဏီတခုသည် သက်ဆိုင်ရာကုန်သွယ်ရေးအမျိုးအစား၏ စျေးကွက်အတွင်း အပြောင်းအလဲများအပေါ် တုံ့ပြန်ရန် အတည်မပြုရသေးသော စာချုပ်များ၏ လိုအပ်ချက်များ(strike priceအပါအဝင်)ကို ပြင်ဆင်လေ့ရှိသည်။

2.2 ကုန်သွယ်မှုအား ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ကန့်သတ်ခြင်း။ စျေးနှုန်းဆက်နွယ်မှု
အချို့သောစျေးကွက်အခြေအနေများ (ဥပမာ-ငွေဖြစ်လွယ်မှုမရှိခြင်း) သို့မဟုတ် အချို့သောစျေးကွက်ကုန်သွယ်မှုစည်းမျဥ်းများ ပြောင်းလဲခြင်း(ဥပမာ-စျေးနှုန်းပြောင်းလဲမှုကန့်သတ်ချက်ထက်ကျော်လွန်သွားသောကြောင့် သက်ဆိုင်ရာစာချုပ်များ သို့မဟုတ် စာချုပ်၏လများအတွက် ကုန်သွယ်ခြင်းအား ယာယီရပ်ဆိုင်းခြင်း)များ စသောအခြေအနေများတွင် ကြိုတင်အော်ဒါများ၊ ခုနှိမ်ရမည့်ကုန်သွယ်မှုများ စသည်တို့အား လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပါသည်။ Option များကိုရောင်းချရာတွင် အရှုံးမှာပိုတိုးလာနိုင်သည်။ အခြေခံကုန်သွယ်ရေးပစ္စည်း၏ လက်တွေ့တန်ဖိုးနှင့် derivative တန်ဖိုးအကြား ခိုင်မာသေချာသော ဆက်နွယ်မှုမှာ အမြဲတမ်းရှိမနေတတ်ပါ။ စံသတ်မှတ်သောစျေးနှုန်းပျောက်ဆုံးသည့်အခါတွင် "သင့်တင့်သောစျေးနှုန်း" အားမှန်းဆခြင်းမှာ ခက်ခဲလေ့ရှိပါသည်။

2.3 ငွေပေးသွင်းထားသော ငွေစာရင်းများနှင့် ပိုင်ဆိုင်မှုများ
ကုန်သွယ်မှုလုပ်ငန်းအား နိုင်ငံတွင်း သို့မဟုတ် နိုင်ငံပြင်ပတွင် ဆောင်ရွက်ရာတွင် ငွေသားကိုဖြစ်စေ၊ အခြားရှယ်ယာပိုင်ဆိုင်မှုကိုဖြစ်စေ စပေါ်အဖြစ်ပေးသွင်းသောအခါ အကာကွယ်ပေးသော ဥပဒေလိုအပ်ချက်များအား ကိုယ်တိုင်သိရှိထားသင့်ပါသည်။ အထူးသဖြင့် မိမိရွေးချယ်သော အကျိုးဆောင်ကုမ္ပဏီဒေဝါလီခံခြင်းစသော ပြဿနာမျိုးကို ကြိုတင်စဥ်းစားသင့်ပါသည်။ မိမိ၏ငွေနှင့်ပိုင်ဆိုင်မှုအား ပြန်လည်ရရှိနိုင်သော အတိုင်းအတာအား အဆိုပါတဖက်အဖွဲ့အစည်း(အကျိုးဆောင်ကုမ္ပဏီ)မှ ထိုလုပ်ဆောင်ချက်အားဆောင်ရွက်ရာ အရပ်ဒေသ၏ အုပ်ချုပ်ရေးဥပဒေအပေါ်တွင် မူတည်ပါသည်။

2.4 ကော်မရှင်ကြေးနှင့်အခြားအဖိုးအခများ
မည်သည့်ကုန်သွယ်မှုကိုမဆို မပြုလုပ်မှီတွင် အလုံးစုံသော ကော်မရှင်ကြေးများ၊ လျော်ကြေးများနှင့် အခြားအဖိုးအခများ၏ အချက်အလက်များအား ရှင်းလင်းစွာ သိနားလည်ထားသင့်ပါသည်။ အဆိုပါကုန်ကျစားရိတ်များသည် သင်၏ အသားတင်ရလာဒ် (အရှုံး သို့မဟုတ် အမြတ်)ပေါ်တွင် အကျိုးသက်ရောက်မှု ရှိပါသည်။

2.5 ပြည်ပနိုင်ငံဥပဒေများဖြင့်လုပ်ငန်းဆောင်ရွက်ခြင်း
သင်၏ပြည်တွင်းအင်တာနက်စျေးကွက်ဖြင့်တရားဝင်ချိတ်ဆက်ထားသောစျေးကွက်များ အပါအဝင် မည်သည့်ပြည်ပဥပဒေတခုခုလွှမ်းမိုးသော စျေးကွက်များတွင်ဖြစ်စေ အလွှဲအပြောင်း လုပ်ငန်းဆောင်ရွက်သောအခါ စွန့်စားမှုအတိုင်းအတာပိုမိုမြင့်မားသည်ဟု ဆိုနိုင်ပါသည်။ အဆိုပါစျေးကွက်များ၏ ရင်းနှီးမြှုပ်နှံသူအကာအကွယ်ပေးရေးဆိုင်ရာ စည်းကမ်းတင်းကြပ်မှုမှာ သင်၏ပြည်တွင်းစည်းမျဥ်းဥပဒေများနှင့် ဒီဂရီအားဖြင့် ကွဲပြားနိုင်ပါသည်။ (ပို၍လျော့ရဲသော ဒီဂရီလည်းဖြစ်နိုင်ပါသည်။) သင်၏ပြည်တွင်းမှ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အစည်းမှာလည်း လူကြီးမင်းငွေလွှဲပြောင်းမှုလုပ်ဆောင်ခဲ့သော အခြားဥပဒေလွှမ်းမိုးသောစျေးကွက် သို့မဟုတ် အခြားအာဏာပိုင်အဖွဲ့အစည်းများ၏ စည်းမျဥ်းများအား အတိအကျလိုက်နာစေရန် အာမမခံနိုင်ပါ။

2.6 လူကြီးမင်း၏အကောင့်တွင်းရှိငွေကြေးယူနစ်နှင့်မတူညီသော အခြားသောငွေကြေးယူနစ်တခုဖြင့် ချုပ်ဆိုထားသောစာချုပ်များတွင် သက်ဆိုင်သောငွေအလွှဲအပြောင်းလုပ်ငန်းစဥ်၏ အမြတ်နှင့်အရှုံးများအပေါ်တွင် စာချုပ်ပါငွေကြေးယူနစ်မှ အကောင့်တွင်းရှိ ငွေကြေးယူနစ်သို့ ပြောင်းလဲသော ငွေလဲနှုန်း၏ အကျိုးသက်ရောက်မှုအား ခံစားရမည်ဖြစ်သည်။

2.7 ငွေဖြစ်လွယ်မှုအန္တရာယ်

ငွေဖြစ်လွယ်မှုအန္တရာယ်မှာ သင်၏ကုန်သွယ်မှုစွမ်းရည်အပေါ် အကျိုးသက်ရောက်နိုင်ပါသည်။ ထိုအန္တရာယ်မှာ သင်၏ရှယ်ယာ သို့မဟုတ် CFD တခုအား အလိုရှိသောအချိန်တွင် (အရှုံးတခုအားတားဆီးရန်/အမြတ်တခုအားရယူရန်) ကုန်သွယ်မှု မဆောင်ရွက်နိုင်ခြင်းပင်ဖြစ်သည်။ ထို့ထက်ပိုသောအချက်မှာ ထိန်းသိမ်းရန် လိုအပ်သော မာဂျင်ပမာဏအား CFDတွင်ပါဝင်သောအခြေခံကုန်သွယ်မှုပစ္စည်း၏ တန်ဖိုးအပြောင်းအလဲအပေါ်လိုက်၍ နေ့စဥ်ပြန်လည်တွက်ချက်ခြင်းဖြစ်သည်။ အကယ်၍ ပြန်လည်တွက်ချက်မှု(တန်ဖိုးအသစ်)သည် ယခင်နေ့ကတန်ဖိုးထက် လျော့နည်းခဲ့ပါက ထိုအရှုံးကိုကာမိစေရန် လူကြီးမင်းမှ အကျိုးဆောင်ကုမ္ပဏီထံ ငွေသားအမြန်ပေးသွင်း၍ မာဂျင်ရာခိုင်နှုန်းကို ထိန်းသိမ်းရပါမည်။ ငွေဖြည့်သွင်းရန်ပျက်ကွက်ခဲ့ပါက CFDဝန်ဆောင်သူဖြစ်သော အကျိုးဆောင်ကုမ္ပဏီမှ သင်၏သဘောတူညီချက်မပါဝင်ပဲ ကုန်သွယ်မှုအား ပိတ်သိမ်းနိုင်ပါသည်။ ထိုအခါ အကယ်၍ အခြေခံကုန်ပစ္စည်း၏ စျေးနှုန်းမှာ ဆက်တိုက်ပြန်လည်မြင့်တက်ခဲ့လျှင်ပင် လူကြီးမင်းမှာ အရှုံးရလာဒ်ကိုသာရရှိပါလိမ့်မည်။ အချို့သော CFD အကျိုးဆောင်ကုမ္ပဏီများသည် မာဂျင်ပမာဏမပြည့်မှီပါက အကျိုးအမြတ်ဖြစ်ပေါ်နေသော ကုန်သွယ်မှုအပါအဝင် လူကြီးမင်း၏ ကုန်သွယ်မှုအားလုံးကို ဖျက်သိမ်းလေ့ရှိပါသည်။ သင်၏ကုန်သွယ်မှုအား ထိန်းသိမ်းရန်အတွက် အပိုဆောင်းဖြည့်သွင်းရမည့် ပမာဏအား အကျိုးဆောင်ကုမ္ပဏီ၏တဦးတည်းဆုံးဖြတ်ပိုင်ခွင့်ဖြင့် လူကြီးမင်းထံမှ(ပုံမှန်အားဖြင့်လူကြီးမင်း၏ခရက်ဒစ်ကတ်အတွင်းမှ)ရယူမည်ဖြစ်ကြောင်း သဘောတူညီရပါလိမ့်မည်။ မြန်ဆန်၍ အလှုပ်အခတ်များသော စျေးကွက်မျိုးတွင် ဤနည်းအားဖြင့် သင်၏ ကတ်တွင် အကြွေးဘေလ်များစွာ မြင့်တက်သွားနိုင်ပါသည်။

2.8 "အရှုံးကန့်သတ်ချက်"

CFD ဝန်ဆောင်သူအများစုသည် ကုန်သည်အား အရှုံးများကိုကန့်သတ်ရန် "stop loss" ကို ရွေးချယ်ခွင့်ပေးလေ့ရှိကြသည်။ သင်ရွေးချယ်ထားသော စျေးနှုန်းကန့်သတ်ချက်သို့ ရောက်ရှိပါက ကုန်သွယ်မှုအား အလိုအလျောက်သိမ်းမည်ဖြစ်သည်။ အချို့သောအခြေအနေများ(ဥပမာ စျေးနှုန်းအလွန်လျင်မြန်စွာရွေ့လျားခြင်း၊ စျေးကွက်ပိတ်ခြင်း)များတွင် အရှုံးကန့်သက်ချက်ပြုလုပ်ထားသော်လည်း ထိရောက်မှုမရှိပါ။ ထို့ကြောင့် အရှုံးကန့်သတ်ချက်သည် သင့်အား ဆုံးရှုံးမှုမှ အမြဲတစေ ကာကွယ်ပေးနိုင်ခြင်း မရှိပါ။

2.9 ကုန်သွယ်မှုဖော်ဆောင်ခြင်းအန္တရာယ်

ကုန်သွယ်မှုဖော်ဆောင်ခြင်း အန္တရာယ် (execution risk) သည် ကုန်သွယ်မှုများ ချက်ချင်းအထမမြောက်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အော်ဒါတခုကိုပြုလုပ်ပြီးသောအချိန်နှင့် ၎င်း​အော်ဒါအထမြောက်ချိန်အကြားတွင် အနည်းငယ်နှောင့်နှေးသောအချိန်ကွာဟမှုရှိသည်။ ထိုနှောင့်နေးသောကာလအတွင်း စျေးကွက်သည် သင်နှင့်ဆန့်ကျင်ဘက်သို့ ရွေ့လျားသွားနိုင်သည်။ ထိုအခါ သင်၏အော်ဒါသည် သင်မျှော်မှန်းထားသောစျေးနှုန်းဖြင့် စတင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါ။ အချို့သော CFD ဝန်ဆောင်သူများသည် စျေးကွက်ပိတ်ပြီးချိန်မှာပင် ကုန်သွယ်ရန်ခွင့်ပြုလေ့ရှိကြသည်။ သတိပြုရမည်မှာ ထိုကဲ့သို့ကုန်သွယ်မှုများ၏ စျေးနှုန်းများသည် အခြေခံကုန်ပစ္စည်း၏ အပိတ်စျေးနှုန်းနှင့် များစွာကွာခြားနိုင်ပါသည်။ များသောအားဖြင့် စျေးကွက်ဖွင့်ချိန်ထက် Spread ပမာဏ ပိုမိုများပြားပါသည်။

2.10 ကတိဖောက်ဖျက်မှုအန္တရာယ်

အခြားတဖက်၏ ကတိဖောက်ဖျက်မှု အန္တရာယ်ဆိုသည်မှာ CFDအားထုတ်ပေးသော အကျိုးဆောင်ကုမ္ပဏီ(သင်နှင့်အတူစာချုပ်ပြုလုပ်သောတဖက်အဖွဲ့)မှ ကတိပျက်ခြင်းနှင့် ၎င်းလိုက်နာရမည့် ငွေကြေးဝတ္တရားများအား လိုက်နာရန်မတတ်နိုင်ခြင်းများ ဖြစ်သည်။ သင်၏ငွေများနှင့် CFDဝန်ဆောင်သူ၏ ငွေများအား ရှင်းလင်းစွာခွဲခြားထားခြင်း မရှိပါက၊ CFDဝန်ဆောင်သူမှ ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သင်၏ငွေများမှာ သင်၏ပေါ့ဆမှုကြောင့်ပင် တပြားတချပ်မှပြန်မရခြင်း ဖြစ်နိုင်ပါသည်။

2.11 ကုန်သွယ်ရေးနည်းလမ်းများ
"voice" နှင့် အီလက်ထရောနစ် ကုန်သွယ်ရေးစနစ် အများစုသည် ချိတ်ဆက်ညွှန်ကြားမှုများ၊ လက်ကျန်ငွေလုပ်ဆောင်ချက်များ၊ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ လွှဲပြောင်းမှုလုပ်ငန်းစဥ်များရှင်းလင်းခြင်း စသည်တို့အား ကွန်ပျူတာများမှတဆင့်လုပ်ဆောင်ကြသည်ဖြစ်ရာ အခြားသော အီလက်ထရောနစ်ပစ္စည်းများ၊ စနစ်များကဲ့သို့ပင် ယာယီပျက်စီးခြင်း၊ အမှားအယွင်းပေါ်ပေါက်ခြင်းများ ဖြစ်နိုင်ပါသည်။ အချို့သော ဆုံးရှုံးမှုများအတွက် ကုန်ကျစားရိတ်ပြန်လည်ရရှိရန်အခွင့်အရေးမှာ ကုန်သွယ်ရေးစနစ်များအားပံ့ပိုးသူ၊ စျေးကွက်များ၊ အကျိုးဆောင်ကုမ္ပဏီ နှင့် ရှယ်ယာရောင်းချသော ကုမ္ပဏီတို့၏ တာဝန်ခံမှုအတိုင်းအတာ အပေါ်တွင်သာ မူတည်ပါသည်။ ၎င်းတို့၏ တာဝန်ခံမှုအတိုင်းအတာမှာ ကုမ္ပဏီတခုနှင့်တခု ကွဲပြားနိုင်ပါသည်။ သင်၏အကျိုးဆောင်ကုမ္ပဏီထံမှ ဤသတင်းအချက်များကို အသေးစိတ်ရယူထားသင့်ပါသည်။

2.12 အီလက်ထရောနစ်စနစ်ကုန်သွယ်ခြင်း
လျှပ်စစ်ဆက်သွယ်ရေးကွန်ယက်အား အသုံးပြု၍ ကုန်သွယ်မှုကိုလုပ်ဆောင်ရာတွင် အခြားသော ပွင့်လင်းသည့်စျေးကွက်(open-outcry market)များအပြင် အခြားအီလက်တရောနစ်စနစ်တခုအား အသုံးပြု၍ ကုန်သွယ်ခြင်းများနှင့်ပါ ကွဲပြားမှုရှိနိုင်ပါသည်။ အီလက်ထရောနစ်စနစ်ဆက်သွယ်ရေးကွန်ယက်"တွင် ကုန်သွယ်မှုတခုအား စတင်ဆောင်ရွက်မည်ဆိုပါက software၊ hardware ယာယီပျက်စီးခြင်း၊ အမှားအယွင်းပေါ်ပေါက်ခြင်းပြဿနာများအပါအဝင် ၎င်းစနစ်နှင့် ဆက်စပ်နေသော ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ခြေများကိုပါ လက်သင့်ခံရမည်ဖြစ်သည်။ စနစ်မှားယွင်းမှုဖြစ်ပေါ်ပါက သင်၏အော်ဒါညွှန်ကြားချက်များအတိအကျမဖြစ်ခြင်း၊ အော်ဒါမအောင်မြင်ခြင်း၊ သင်၏ကုန်သွယ်မှုအနေအထား သို့မဟုတ် မာဂျင်လိုအပ်ချက်နှင့်ပတ်သတ်သော သတင်းအချက်အလက်များကို ဆက်လက်၍ မရရှိတော့ခြင်းများ ကြုံတွေ့ရနိုင်ပါသည်။

2.13 တိုက်ရိုက်ရောင်းဝယ်ခြင်းများ
အချို့သော အုပ်ချုပ်မှုဒေသများတွင် အကျိုးဆောင်ကုမ္ပဏီများအား အလွတ်ရောင်းဝယ်ခြင်းများလုပ်ငန်းများကို ဆောင်ရွက်ခွင့်ပေးထားလေ့ရှိသည်။ ထိုရောင်းဝယ်မှုလုပ်ငန်းအတွက် သင်၏အကျိုးဆောင်ကုမ္ပဏီမှ တဖက်ကိုယ်စားလှယ်အဖြစ် သင်၏ အဝယ်၊ရောင်းများကို လက်ခံပေးမည်ဖြစ်သည်။ ထိုအရောင်းအဝယ်လုပ်ငန်း၏ ထူးခြားသောအင်္ဂါရပ်မှာ ကုန်သွယ်မှုပိတ်သိမ်းခြင်း၊ စျေးနှုန်းခန့်မှန်းခြင်း၊ သင့်တော်သောစျေးနှုန်းဆုံးဖြတ်ခြင်း သို့မဟုတ် ဆုံးရှုံးနိုင်ခြေများကိုဖော်ထုတ်ခြင်းများ ပြုလုပ်ရန်ခက်ခဲခြင်း၊ မဖြစ်နိုင်ခြင်းများပင် ဖြစ်သည်။ ထိုအချက်များသည် ဤအရောင်းအဝယ်လုပ်ငန်းတွင် ဆုံးရှုံးမှုအန္တရာယ်အားတိုးတက်စေသော အကြောင်းရင်းပင်ဖြစ်သည်။ အလွတ်ရောင်းဝယ်ခြင်းလုပ်ငန်းများကို လွှမ်းမိုးထားသော ဥပဒေစည်းမျဥ်းများမှာ အားနည်းနိုင်သကဲ့သို့ ပုံမှန်လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်လည်း ရှိထားပြီး ဖြစ်နိုင်သည်။ ထို့ကြောင့် ဤလုပ်ငန်းအားစတင်ဆောင်ရွက်ခြင်းမပြုမှီတွင် သက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းနှင့် ဆုံးရှုံးမှုအလားအလာများအား ကြိုတင်၍နားလည်သိရှိထားသင့်ပါသည်။

3. တာဝန်ယူမှု ကန့်သတ်ချက်

ကုမ္ပဏီ၊ ၎င်း၏ဝန်ထမ်းများ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များသည် အမြတ်ငွေ သို့မဟုတ် ဆုံးရှုံးမှုအန္တရာယ်မရှိကြောင်း အာမခံနိုင်မည်မဟုတ်ပေ။ အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအောက် ဘဏ္ဍာရေးစျေးကွက်များတွင် မာဂျင်ဖြင့်ကုန်သွယ်မှုအတွက် အကောင့်တစ်ခုဖွင့်သောအခါတွင် သုံးစွဲသူသည် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ချေများကို အပြည့်အဝသိရှိထားရပါမည်။

လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat