ကုမ္ပဏီ၏ တရားဝင် ဘာသာစကားမှာ အင်္ဂလိပ်စာဖြစ်သည်။ ကုမ္ပဏီ၏ လှုပ်ရှားမှုအပေါ် အသေးစိတ်သိရှိရန် ဝက်ဘ်ဆိုဒ်၏ အင်္ဂလိပ်စာ ဗားရှင်းကို ကြည့်ရှုပါ။ အင်္ဂလိပ်စာမဟုတ်သော ဘာသာစကားများသို့ ဘာသာပြန်ဆိုထားသည့် သတင်းအချက်အလက်များသည် သတင်းအချက်အလက် ပေးရန်သာဖြစ်ပြီ မည်သည့် ဥပဒေသက်ရောက်မှုမှ မရှိပါ။ ကုမ္ပဏီသည် အခြား ဘာသာစကားများသို့ ဘာသာပြန်ဆိုထားသည့် သတင်းအချက်အလက်များ၏ တိကျမှုအပေါ်တွင် တာဝန်ခံခြင်းမရှိပါ။
ဤစည်းကမ်းသတ်မှတ်ချက်များကို သေချာဖတ်ရှုပါ။ ဤ ကမ္ဘာလုံးဆိုင်ရာ ဝဘ်ဆိုက် ("Web Site") နှင့် ဤနေရာရှိ မည်သည့်စာမျက်နှာများကိုမဆို ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သင်သည် ဤစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုပြီးဖြစ်ကြောင်း အသိအမှတ်ပြုပြီး သဘောတူကြောင်း ညွှန်ပြနေပါသည်။ ဤအသုံးပြုမှုစည်းမျဉ်းစည်းကမ်းများကို သင်သဘောမတူပါက၊ ဤဝဘ်ဆိုက်ကို ဝင်ရောက်ခြင်းမပြုပါနှင့်။ ကုမ္ပဏီသည် ဤအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲရန် အခွင့်အရေးကို လက်ဝယ်ရှိသည့်အတွက် သင့်အနေဖြင့် ပုံမှန်ဖတ်ရှုနေပါက အမြဲမပြတ်ပြန်လည်သုံးသပ်ရန် တာဝန်ရှိပြီး ဤဝဘ်ဆိုက်ကို ဆက်လက်အသုံးပြုခြင်းသည် ထိုပြောင်းလဲမှုအားလုံးအတွက် သဘောတူညီချက်ဖြစ်သည်။
1. အထွေထွေ ပြဋ္ဌာန်းချက်များ
1.1. လက်ရှိလိုင်စင်သဘောတူညီချက်(ယခုအချိန်မှစတင်ပြီး သဘောတူညီချက်ဟု ရည်ညွှန်းမည်)ကို LiteFinance Global LLC ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်မှ ၎င်း၏ ဆက်စပ်မှုမိတ်ဆက်များ(ယခုအချိန်မှစတင်ပြီး ကုမ္ပဏီဟုရည်ညွှန်းမည်)နှင့် မည်သည့် လူပုဂ္ဂိုလ်(ယခုအချိန်မှစတင်ပြီး သုံးစွဲသူဟု ရည်ညွှန်းမည်)တို့အကြား ကိုယ်စားပြုရန် ဖြစ်ပါသည်။ ယခု သဘောတူညီချက်သည် အများပြည်သူထံဖြန့်ဝေထားသည့် စာရွက်စာတမ်းအစု၏ အရေးပါသော အပိုင်းအခြားဖြစ်ပြီး ကုမ္ပဏီမှ ဝန်ဆောင်မှုများကို (ဘဏ္ဍာရေးနှင့် သတင်းအချက်အလက် ပေးအပ်ရန်ဝန်ဆောင်မှုများ အပါအဝင်) ၎င်း၏ သုံးစွဲသူများထံသို့ ပေးအပ်ရာတွင် အသုံးချနိုင်သည်။
1.2. သုံးစွဲသူသည် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ရွေးချယ်ခြင်း သို့မဟုတ် ကုမ္ပဏီနှင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်သည့်အခါ ၎င်းအနေဖြင့် အများပြည်သူသိရှိရန် ထုတ်ပြန်ထားသော စည်းကမ်းနှင့် သတ်မှတ်ချက် စာရွက်စာတမ်းများအား အပြည့်အ၀ သဘောတူညီရာရောက်ပါသည်။ သုံးစွဲသူအနေဖြင့် ထုတ်ပြန်ထားသော မည်သည့် စာရွက်စာတမ်း၏ စာပိုဒ်(အပိုဒ်၊ အပိုင်း)တို့နှင့် သဘောတူညီခြင်းမရှိခဲ့ပါက (အထူးသဖြင့် သုံးစွဲသူက ကုမ္ပဏီ၏ သတင်းအချက်အလက် အသုံးချရန် သတ်မှတ်ချက်များနှင့် သဘောမတူညီပါက) ကုမ္ပဏီနှင့် အပြန်အလှန် ပြုမူခြင်းအား ရပ်တန့်နိုင်ပါသည်။
1.3. ပူးပေါင်း ပါဝင်သည့် ပါတီများဖြစ်သည့် (ကုမ္ပဏီ၊ သုံးစွဲသူများနှင့် တတိယပါတီများ)၏ အခွင့်အရေးနှင့် တာဝန်၀တ္တရားများသည် ၎င်းတို့၏ဖြစ်တည်မှုတွင် သတင်းအချက်အလက်ကိရိယာများသည် https://www.litefinance.com တွင် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်သော ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ပြဌာန်းထားခြင်းမှ အခြား နည်းလမ်းများဖြင့် ကူးပြောင်းခြင်း၊ ကြေညာခြင်း၊ ပြဌာန်းခြင်း (အများအားဖြင့် အခြားအင်တာနက်ဆိုဒ်များတွင် ထုတ်ပြန်ထားသည့် ကုမ္ပဏီပိုင် သို့မဟုတ် ဆက်စပ်မှု မိတ်ဖက်များမှ တစ်ဦး၏ သတင်းအချက်အလက်များ၊ သုံးစွဲသူ တာမင်နယ်များမှ တစ်ဆင့် ထုတ်လွှင့်ထားသည့် စီးပွားရေးသတင်းများအစရှိသည်)တို့ကို လက်ရှိ သဘောတူညီချက်က သတ်မှတ်ပေးထားပါသည်။
1.4. အထက်ဖော်ပြပါ လိပ်စာများမှ ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာ(ဆိုဒ်)သို့မဟုတ် ကုမ္ပဏီ၏ ကုန်သွယ်သူဆာဗာတို့မှ သတင်းအချက်အလက် လက်ခံရရှိသူ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အနေဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို သတင်းအချက်အလက်ကို အသုံးပြုသူကို သတင်းအချက်အလက် အသုံးပြုသူဟု မှတ်ယူပါမည်။
1.5. လက်ရှိ သဘောတူညီချက်သည် ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာ(ဆိုဒ်)၊ သို့မဟုတ် အခြားသတင်းအချက်အလက် ချန်နယ်များမှတစ်ဆင့် ထုတ်ပြန်ထားသော၊ ဖြန့်ဝေထားသော၊ ပြဌာန်းထားသော သို့မဟုတ် စာရွက်စာတမ်းမိတ္တူများအပါအဝင် အခြားသတင်းအချက်အလက် သယ်ဆောင်သူများထံတွင် ပြန်လည်ထုတ်ထားသော သတင်းအချက်အလက်များအပေါ်တွင် သက်ရောက်မှုရှိသည်။
1.6. အခြားစည်းမျဉ်းစည်းကမ်းများ၊ ဥပဒေနှင့် အများပြည်သူထံ ထုတ်ပြန်သော စာရွက်စာတမ်းများ တို့သည် သက်ဆိုင်ရာ သတင်းအချက်အလက် အမျိုးအစားများအတွင်း ကျရောက်ပါသည်။ အထူးသဖြင့်-
1.6.1 ကုမ္ပဏီ၏ အမှတ်တံဆိပ်သည် မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ အထူးသဖြင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ဥပဒေ ၏ စောင့်ရှောက်မှုအောက်တွင် ရှိပါသည်။
1.6.2 မက်ခရိုစီးပွားရေး သတင်းများ (news feeds) သည် ကုမ္ပဏီ၏ အထူးအခွင့်အရေးပေး ပိုင်ဆိုင်မှုပစ္စည်းမဟုတ်ပါ။ ၎င်းကို Dow Jones & Company Inc. (USA)သို့မဟုတ် ၎င်း၏ လိုင်စင်ရရှိသူများမှ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မူပိုင်ခွင့်ဥပဒေနှင့် အခြား ဉာဏ မူပိုင်ပစ္စည်းဥပဒေများ၏ စောင့်ရှောက်မှုအောက်တွင် ရှိပါသည်။
1.6.3 တတိယပါတီများမှ ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာပေါ်သို့ ထုတ်ပြန်ပြဌာန်းထားသည့် ကိရိယာများအတွက် မူပိုင်ခွင့်သည် စာရေးသူနိုင်ငံသားဖြစ်သည့်နိုင်ငံ၏ဥပဒေ နှင့် နိုင်ငံတကာဥပဒေများ၏ စောင့်ရှောက်မှုအောက်တွင် ရှိပါသည်။
1.6.4 ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာ (ဆိုဒ်) ပေါ်သို့ ကုမ္ပဏီကိုယ်တိုင်(၎င်း၏အမည်ဖြင့်) ထုတ်ပြန်ပြဌာန်းထားသည့် ကိရိယာများအတွက် မူပိုင်ခွင့်သည် နိုင်ငံတကာဥပဒေများ၏ စောင့်ရှောက်မှုအောက်တွင် ရှိပါသည်။
2. လက်ရှိ သဘောတူညီချက်တွင် အသုံးပြုထားသည် အခြေခံအဓိပ္ပါယ်ဖွင့်ဆိုချက်များ
2.1. လက်ရှိ သဘောတူညီချက်၏ အောက်ပါအသုံးအနှုန်းများတွင် အဆိုပါ သဘောတူညီချက်အတွင်း သတ်မှတ်ထားခြင်းမရှိပါက အောက်ဖော်ပြပါညွှန်းဆိုထားသော အဓိပ္ပါယ်ရှိပါသည်။
2.1.1 ကုမ္ပဏီ၏ဝက်ဘ်ဆာဗာ(ဆိုဒ်)သည် အင်တာနက်နှင့် ချိတ်ဆက်ထားသော ဆော့ဝဲနှင့် ဟတ်ဝဲစနစ် ဖြစ်ပြီး တောင်းဆိုခဲ့သော် အချက်အလက်များကို ပေးစွမ်းနိုင်စွမ်းရှိပါသည်။ သို့ဖြစ်ရာ ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာ(ဆိုဒ်)မှ အချက်အလက်များရယူရန် သုံးစွဲသူ(အချက်အလက်အသုံးပြုသူ)၏ ကနဦးအတည်ပြုချက် လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။ သို့သော် အတည်ပြုခြင်း အောင်မြင်ခဲ့ပါက ဖွင့်ထားသောချန်နယ်များမှ သတင်းအချက်အလက်များ ထုတ်ပေးခြင်း၊ အတည်ပြုချက်မပါဝင်ခြင်း၊ လုံခြုံသော ချန်နယ်များမှ တစ်ဆင့် ညီမျှစွာ လက်ရှိသဘောတူညီချက်က ပြဌာန်းထားပါသည်။
2.1.2 ကုမ္ပဏီ၏ဝက်ဘ်ဆာဗာ(ဆိုဒ်)သည် အင်တာနက်နှင့် ချိတ်ဆက်ထားသော ဆော့ဝဲနှင့် ဟတ်ဝဲစနစ် ဖြစ်ပြီး အတည်ပြုချက် အောင်မြင်ခဲ့ပါက တောင်းဆိုလာသော အချက်အလက်များကို ပေးစွမ်းနိုင်စွမ်းရှိပါသည်။ အများအားဖြင့် အချက်အလက်များတွင် ဘဏ္ဍာရေးကုန်ပစ္စည်းများ၏ ကိုးကားချက်များနှင့် စီးပွားရေး သတင်းများ ပါဝင်နိုင်ပါသည်။
2.1.3 သုံးစွဲသူမှ အချက်အလက်များလက်ခံရရှိခြင်း လုပ်ငန်းစဉ်ဆိုသည်မှာ ကုမ္ပဏီ၏ဆာဗာ(သို့မဟုတ် အခြားထုတ်လွှတ်နေသော ကိရိယာ သို့မဟုတ် စနစ်)မှ သုံးစွဲသူ၏ ကိရိယာ(အင်တာနက် သို့မဟုတ် အခြားဆက်သွယ်မှုချန်နယ်များနှင့် ချိတ်ဆက်ထားပါက) သို့ အချက်အလက်များ ပေးပို့ခြင်းကို ဆိုလိုသည်။ စာရွက်စာတမ်းများမှ ရရှိသည့် အချက်အလက်များအတွက် ယင်းလုပ်ငန်းစဉ်(များ)သည် ဝယ်ယူခြင်း၊ ဖတ်ရှုခြင်းနှင့် အချက်အလက်များကို နားလည်ခြင်းနှင့် ဆက်နွယ်သည်။
2.1.4 အီလက်ထရွန်နစ်သို့မဟုတ် အခြားပုံစံများဖြင့် ဖော်ပြထားသည့် အချက်အလက်များ - စာသားများ(encrypt ပြုလုပ်ထားသော စာသားများ၊ စာတန်းများ၊ စကားဝှက်များ အစရှိသည့် မည်ကဲ့သို့သော စာပုံစံကိုမဆိုပါဝင်သည်)၊ ပုံရိပ်များ၊ ဒီဇိုင်းပုံစံများနှင့် ဓာတ်ပုံများ၊ အသံဖိုင်နှင့် ဗီဒီယိုဖိုင်များ ပါဝင်သည်။
2.1.5 မည်သည့်အကြောင်းပြချက်အတွက်မဆို သုံးစွဲသူ၏ ကိရိယာ(သုံးစွဲသူ တာမင်နယ်၊ ဘရောင်ဆာအစရှိသည်တို့)တွင် သွင်းထားသည့် ဆော့ဝဲဖြင့် အချက်အလက်များကို ကြည့်ရှုခြင်း၊ အသွင်ပြောင်းခြင်း၊ ကူးယူခြင်း၊ ဆပွားခြင်း သို့မဟုတ် အခြားသို့ ကူးပြောင်းခြင်း(အများအားဖြင့် စာရွက်စာတမ်းများထုတ်ခြင်း)၊ အချက်အလက်များကို ဆပွားခြင်း သို့မဟုတ် ဖျက်ခြင်း အစရှိသည်တို့အားလုံးကို အချက်အလက်များအသုံးပြုခြင်းဟု ဆိုလိုသည်။ အချက်အလက်များကို မည်သည့် တတိယပါတီထံမဆို ကူးပြောင်းပေးပို့ခြင်းမှာ အချက်အလက် အသုံးပြုရာရောက်ပါသည်။
3. သုံးစွဲသူများ၏ အခွင့်အရေးနှင့် တာဝန်၀တ္တရားများ
3.1. ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာ(ဆိုဒ်)သို့မဟုတ် ထုတ်လွှင့်ခြင်း(ပုံနှိပ်ထုတ်ဝေခြင်း) အစရှိသည့် အချက်အလက်များကို အသုံးပြုနေစဉ် သုံးစွဲသူအနေဖြင့်
3.1.1. စာရင်းသွင်းနေစဉ်အချိန်အတွင်း တိကျသော၊ စစ်မှန်သော အချက်အလက်အပြည့်အစုံကို(စာရင်းသွင်းနေစဉ် လိုအပ်သမျှ)ကို ပေးပါ။ အဆိုပါ အချက်အလက်များ ပြောင်းလဲမှုရှိပါက (ဥပမာ၊ လိပ်စာအပြောင်းအလဲ၊ မျိုးရိုးအမည် အပြောင်းအလဲ(မည်သည့်အကြောင်းပြချက်ကြောင့်မဆို))၊ ဖုန်းနံပါတ်အပြောင်းအလဲ သို့မဟုတ် အခြား စာရင်းတင်သွင်းစဉ် ဖြည့်စွက်ခဲ့သည့်အချက်အလက်များ အပြောင်းအလဲ)တို့ပြောင်းလဲခဲ့သော် အချိန်နှင့်တပြေးညီ ပြင်ဆင်မှုများကို ပြုလုပ်ပေးပါ။ စာရင်းတင်သွင်းစဉ် ပေးအပ်ခဲ့သည့့် အချက်အလက်များကို ဆက်သွယ်ရန်ပုံစံမှတစ်ဆင့် သက်ဆိုင်ရာ ကုမ္ပဏီဝန်ထမ်းများကို ဆက်သွယ်ခြင်းအားဖြင့် ပြောင်းလဲနိုင်ပါသည်။
3.1.2 ဆိုဒ်ပေါ်တွင် တတိယပါတီအား ၎င်းတောင်းဆိုမှုပြုလုပ်ခဲ့လျင်တောင်မှ ကိုယ်စား စာရင်းပေးသွင်းမှု မပြုလုပ်ပါနှင့်။ စာရင်းပေးသွင်းလိုသူသည် အမှီအခိုကင်းမဲ့စွာ စာရင်းပေးသွင်းရပါမည်။
3.1.3 ကုမ္ပဏီမှ ပေးထားသည့် မည်သည့်စနစ်(ဝန်ဆောင်မှု)အတွင်းသို့ ဝင်ရောက်စေနိုင်သည့်( အတည်ပြုချက်)အချက်အလက်များ၏လုံခြုံမှုကို သေချာစေရန်အတွက် သင့်လျော်သော စီမံခန့်ခွဲမှုများကိုပြုလုပ်ပါ။ အဆိုပါစည်းမျဉ်းသတ်မှတ်ချက်ကို စကားဝှက်များ၊ ဝင်ရောက်ရန် အချက်အလက်များ၊ အတည်ပြုနံပါတ်များ အားလုံးအပေါ် အကြုံးဝင်သည်။
3.1.4 မူပိုင်ခွင့်နှင့် မူပိုင်ခွင့်ပစ္စည်းကာကွယ်စောင့်ရှောက်မှုနှင့် သက်ဆိုင်သည့် သုံးစွဲသူ၏နိုင်ငံမှ ဥပဒေများနှင့် နိုင်ငံတကာ ဥပဒေများကို စောင့်ကြည့်လေ့လာပါ။
3.1.5 ဆော့ဝဲအသုံးပြုကာ ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာ(ဆိုဒ်)အား နှောင့်နှေးစေခြင်း(သို့မဟုတ် ပျက်ဆီးစေခြင်း)၊ မည်သည့်နည်းလမ်းနှင့်မဆို ဆာဗာ၏ ပုံမှန်လုပ်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ဆာဗာအား လုပ်ဆောင်နိုင်စွမ်းမရှိအောင် ပြုလုပ်ခြင်း သို့မဟုတ် ဆာဗာ၏ တစ်ခုတည်းသော ဝန်ဆောင်မှုအား ဆောင်ရွက်မရနိုင်အောင်ပြုလုပ်ခြင်းတို့ကို မလုပ်ဆောင်ပါနှင့်။ တတိယပါတီများ၏ အချက်အလက်များ သို့မဟုတ် အများပြည်သူထံ ပေးအပ်ခြင်းမရှိသော အချက်အလက်များကို အလိုအလျောက် စုဆောင်းရယူရန် သုံးစွဲသူအနေဖြင့် မပြုလုပ်သင့်ပါ။ ထို့အပြင် သုံးစွဲသူအနေဖြင့် ဝက်ဘ်ဆာဗာ(ဆိုဒ်) သို့မဟုတ် ကုန်သွယ်မှု ဆာဗာပေါ်သို့ အသုံးမဝင်သည့် သတင်းအချက်အလက်များကို အခြား ကုန်သွယ်သူများ ပုံမှန်ဝင်ရောက်ရန် ခက်ခဲစေလိုခြင်း သို့မဟုတ် ပျက်စီးစေလိုခြင်းကြောင့် ကုန်သွယ်မှုဆာဗာပေါ်သို့ တင်သွင်းခြင်းမပြုလုပ်သင့်ပါ။
3.1.6 ကုမ္ပဏီအပေါ် တည်ဆဲဥပဒေ သက်ရောက်မှုနှင့် အများပြည်သူအတွက် စာရွက်စာတမ်းများအရ သုံးစွဲသူ၏အကောင့်ကိုအသုံးပြုကာ ဆောင်ရွက်ခဲ့သော ကုမ္ပဏီအား ပျက်စီးဆုံးရှုံးစေနိုင်သည့် လုပ်ရပ်များအားလုံး(အထူးသဖြင့်- သုံးစွဲသူအနေဖြင့် ၎င်း၏အကောင့်မှ တစ်ဆင့်ပြုလုပ်ဆောင်ရွက်ခဲ့သည့် (ကုမ္ပဏီ၏ အများပြည်သူအတွက်စာရွက်စာတမ်းများတွင်ဖော်ပြထားသည်နှင့်မညီညွတ်သော)ဥပဒေနှင့် မညီညွတ်သောလုပ်ရပ်များအတွက် တာဝန်ရှိသည်)အတွက် တစ်ဦးတည်းအပြည့်အ၀ တာဝန်ရှိပါသည်။
3.1.7 ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာ(ဆိုဒ်)အပေါ်တွင် ခြမ်းခြောက်မှုများ၊ တစ်ပါးသူ ဂုဏ်သိက္ခာအားကျဆင်းစေခြင်း သို့မဟုတ် ဂုဏ်သိက္ခာကို ထိပါးခြင်း၊ မဖွယ်မရာစကားလုံးများပါဝင်ခြင်း၊ လူမျိုးခွဲခြားခြင်း၊ ဘာသာရေး သို့မဟုတ် လူမျိုးစုအား ခွဲခြားဆက်ဆံခြင်း၊ ကာကွယ်ထားသည့် လူ့အခွင့်အရေးကို တိုက်ရိုက်ဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ချိုးဖောက်ခြင်း၊ နိုင်ငံသားအခွင့်အရေး သို့မဟုတ် ဥပဒေများကို ချိုးဖောက်ခြင်း(ဝင်ရောက်ရန် စကားဝှက်များ(အိမ်အမည်များ)၊ ဆွေးနွေးပွဲ ထုတ်ပြန်ချက်များ အစရှိသည်တို့ကို မည်သည့်ပုံစံနှင့်မဆို ထုတ်ဝေခြင်း)အစရှိသည့် စာသားများ အခြား (တရားမဝင်သည့်)အချက်အလက်များကို ထုတ်ဖော်သည့် မည်သည့် ဝန်ဆောင်မှုကိုမျှ အသုံးမပြုပါနှင့်။
3.2. Dow Jones & Company Inc. (USA) နှင့် ၎င်း၏ လိုင်စင်ရရှိသူများထံမှ စီးပွားရေးသတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး သုံးစွဲသူအနေဖြင့်-
3.2.1 သက်ရောက်မှုရှိသော မူပိုင်ခွင့်နှင့် မူပိုင်ခွင့်ပစ္စည်းဥစ္စာဥပဒေများကို စောင့်ကြည့်လေ့လာပါ။.
3.2.2 သတင်းများကို သိမ်းဆည်းခြင်း၊ ကူးယူခြင်း၊ တစ်ဆင့်ဖော်ပြခြင်း၊ ဆက်သွယ်ရေးလိုင်းများမှ တစ်ဆင့် ကူးပြောင်းခြင်း၊ ပြဌာန်းခြင်း၊ သတင်းများ၏ ကနဦးတည်နေရာအဖြစ် မိမိကိုယ်ပိုင်အချက်အလက်များ ဖော်ပြခြင်း၊ လေလှိုင်းမှတစ်ဆင့် ထုတ်ပြန်ခြင်း၊ ဆပွားခြင်းတို့မပြုလုပ်ရပါ။
3.2.3 စီးပွားရေးအခြေအနေကို စိစစ်သုံးသပ်ရပ်အတွက် အခြေခံမူအဖြစ်သာ မိမိကိုယ်တိုင် ပုဂ္ဂိုလ်ရေးအရသာ သတင်းအချက်အလက်များ၏အရင်းအမြစ်များကို အသုံးချပါ။
3.2.4 စီးပွားဖြစ်အသုံးမပြုရ။ ၎င်းအား ကော်မရှင်ရရှိရန် ရောင်းချခြင်း သို့မဟုတ် ရယူပိုင်ခွင့်ပေးခြင်းတို့အား မပြုလုပ်ရ
3.3.ကုမ္ပဏီ၏ အချက်အလက်များကို အသုံးပြုနေစဉ်အချိန်အတွင်း သုံးစွဲသူ၏ အခွင့်အရေးများမှာ-
3.3.1 ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာ(ဆိုဒ်)ပေါ်တွင် ဖော်ပြထားသည့် မည်သည့် သတင်းအချက်အလက်များကိုမဆို ပုဂ္ဂိုလ်ရေးအရ အသုံးပြုရန် သုံးစွဲသူ၏တာမင်နယ်သို့မဟုတ် အခြားရုပ်သံလှိုင်းများမှ တစ်ဆင့် ထုတ်ပြန်မှုများကို ပြုလုပ်ရန် အမှီအခိုကင်းမဲ့စွာ ရွေးချယ်နိုင်သည်။
3.3.2 လက်ရှိလိုင်စင်သဘောတူညီချက်နှင့် သွေဖီကာ ပုဂ္ဂိုလ်ရေးအရ မည်သည့်သတင်း အချက်အလက်များကိုမဆို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
4. ကုမ္ပဏီ၏ အခွင့်အရေးနှင့် တာဝန်၀တ္တရားများ
4.1. သုံးစွဲသူများကို သတင်းအချက်အလက်များပေးအပ်နေစဉ်(မည်သည့်ရုပ်သံလှိုင်းများမှမဆို) သို့မဟုတ် မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်သည့် သတင်းအချက်အလက်များကို ထုတ်ဖော်ချိန်တွင် ကုမ္ပဏီအနေဖြင့်
4.1.1 သတင်းအချက်အလက်များ၏ တိကျမှု၊ စစ်မှန်မှု၊ ပြည့်၀မှု၊ အချိန်နှင့်တပြေးညီမှု၊ အသုံးဝင်မှုတို့ဖြစ်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်
4.1.2 သုံးစွဲသူများ၏ လိုအပ်ချက်ကို ပထမဦးစွာ စဉ်းစားပြီး လုံခြုံသည့် ဆက်သွယ်ရေးချန်နယ်များမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည့် အများပြည်သူထံဖော်ပြထားသည့် သတင်းအချက်အလက်(များ)၏ ပမာဏ၊ ပါဝင်မှုနှင့် အရည်အသွေးတို့ကို အမြဲတစေ ချိန်ညှိသွားခြင်း။
4.2. သုံးစွဲသူများကို သတင်းအချက်အလက်များ(မည်သည့်ပုံစံ၊ မည်သည့်ရုပ်သံလှိုင်းများမှတစ်ဆင့်) သို့မဟုတ် အများပြည်သူတို့ရရှိနိုင်သည့် သတင်းအချက်အလက်များအားထုတ်ပြန်ခြင်းပြုလုပ်ရာတွင် ကုမ္ပဏီသည် အောက်ပါတို့ကို ပြုလုပ်ပိုင်ခွင့်ရှိသည်-
4.2.1 တင်းအချက်အလက်များဖွဲ့စည်းပုံနှင့် အရည်အသွေးတို့ကို မိမိစိတ်ကြိုက်ချိန်ညှိခြင်း၊ ပေါင်းထည့်ခြင်း၊ ဖယ်ထုတ်ခြင်းနှင့် စနစ်တစ်ခုလုံးကို ပြောင်းလဲခြင်း၊
4.2.2. ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာပေါ်ရှိ ဝန်ဆောင်မှုများကို ဖန်တီးခြင်း သို့မဟုတ် ဖယ်ရှားခြင်းနှင့် ဝင်ရောက်ခွင့် ကန့်သတ်ခြင်း တို့ကို စိတ်ကြိုက်ပြုလုပ်နိုင်ခြင်း။
4.2.3. အများပြည်သူထံ(ပြည်သူပိုင်ရုပ်သံလှိုင်းများမှတစ်ဆင့်) ထုတ်ဝေထားသော သတင်းအချက်အလက်များနှင့် စပ်လျဉ်းပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း သို့မဟုတ် လျှို့ဝှက်သည့်ပုံစံ(လုံခြုံသည့်ချန်နယ်များ၊ အောင်မြင်သည့် အတည်ပြုချက်များရရှိခဲ့သော်) တို့ကို စိတ်ကြိုက်ပြုလုပ်နိုင်ခြင်း။
4.2.4 ပေးအပ်ထားသည့် သတင်းအချက်အလက်များ၏ တန်ဖိုးကို သတ်မှတ်ဆုံးဖြတ်ခြင်း၊ ကုမ္ပဏီ၏ ဝက်ဘ်ဆာဗာပေါ်တွင် ဝင်ရောက်ခွင့်ပြုထားသော ဝန်ဆောင်မှု(စာရင်းပေးအပ်မှု)များအပေါ် မိမိစိတ်ကြိုက် ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း။ အများအားဖြင့် ကုမ္ပဏီအနေဖြင့် အဆိုပါ သတင်းအချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကုမ္ပဏီအနေဖြင့် အခကြေးငွေပိုမိုကောက်ခံပိုင်ခွင့် ရှိသည်။
5. ပါတီများ၏ တာဝန်၀တ္တရားများ
5.1. ကုမ္ပဏီ၏တရားဝင် ဝက်ဘ်ဆာဗာ(ဆိုဒ်)-၎င်းတွင်ပါဝင်လုပ်ဆောင်နေသည့် ဆော့ဝဲများ၊ ရုပ်ပုံများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များနှင့် စာသားများကို အရှိကိုအရှိအတိုင်း ဝင်ရောက်အသုံးပြုနိုင်သည်။ ကုမ္ပဏီအနေဖြင့် သုံးစွဲသူစိတ်တိုင်းကျစေမည့် တိကျသော ရည်ရွယ်ချက်အတွက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ လူအုပ်စုတစ်စုကသော်လည်းကောင်း မျှော်မှန်းထားသည့် အကြံဉာဏ်များနှင့် မျှော်မှန်းချက်များနှင့် တစ်ထပ်တည်းကျကိုက်ညီသည့် ဝန်ဆောင်မှုဖြစ်မည်ဟု အာမခံထားခြင်းမရှိပါ။ ကုမ္ပဏီအနေဖြင့် ဝက်ဘ်ဆာဗာ(ဆိုဒ်)နှင့် အခြားမတူညီသော ဝန်ဆောင်မှုများမှ ရရှိရန် (မျှော်လင့်ခြင်း၊ ဖြစ်သင့်သော၊ ဖြစ်နိုင်သော)ရလာဒ်များရရှိမည်ဟု အာမခံထားခြင်းမရှိပါ။
5.2. Dow Jones & Company Inc. (USA) နှင့် ၎င်း၏လိုင်စင်ရရှိသူများ၏ စီးပွားရေးသတင်းများထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး သတင်းအချက်အလက်များသည် ပြည့်၀ခြင်း၊ တိကျခြင်း၊ ပုံမှန်(အချိန်မှန်)ခြင်းတို့အားလည်းကောင်း၊ အထက်ပါ သတင်းအချက်အလက်များကို အသုံးပြုခြင်းကြောင့် သို့မဟုတ် သင့်လျော်စွာအသုံးမပြုခြင်းကြောင့် သို့မဟုတ် အသုံးမပြုခဲ့ခြင်းကြောင့် ဆုံးရှုံးမှုများရရှိရန် မျှော်မှန်းထားခဲ့လျင်တောင်မှ ရရှိလာသည့် ဆုံးရှုံးနစ်နာမှုများ အပေါ် ကုမ္ပဏီနှင့် တရားဝင်လိုင်စင်ကိုင်ဆောင်ထားသူမှ အာမခံထားခြင်းမရှိပါ။
5.3. ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သော သို့မဟုတ် ဆက်သွယ်မှုချန်နယ်များမှတစ်ဆင့် ထုတ်ပြန်ခဲ့သော စိစစ်မှု၊ ဂျာနယ်များ သို့မဟုတ် ပညာပေးသော အများပြည်သူထံထုတ်ပြန်ထားသည့် သတင်းအချက်အလက်များနှင့် စပ်လျဉ်းပြီး ကုမ္ပဏီအနေဖြင့် မည်သည့်အာမခံချက်များ(တိုက်ရိုက်နှင့် တိုက်ရိုက်မဟုတ်သော/ဖြစ်နိုင်သော) သတင်အချက်အလက်၏ မူပိုင်ခွင့်ပိုင်ရှင်(စာရေးသူအခွင့်အရေးများ)ကို အသိအမှတ်ပြုထားခြင်းမရှိပါ။
5.4. လက်ရှိသဘောတူညီချက်နှင့် စပ်လျဉ်းပြီး ဆက်ဆံရေးတည်ဆောက်သည့် ပါတီများသည် တည်ဆဲဥပဒေနှင့် ညီညွတ်ရမည်
6. ပြင်ဆင်ချက်များ
6.1. ကုမ္ပဏီအနေဖြင့် လက်ရှိ သဘောတူညီချက်အပေါ် ကုမ္ပဏီအနေဖြင့် ပြင်ဆင်ချက်များနှင့် ထပ်ဆောင်းထည့်သွင်းချက်များကို ပြုလုပ်ပိုင်ခွင့်ရှိသည်။ တိုက်ရိုက်ဖော်ပြထားခြင်းမရှိသော သို့မဟုတ် တိုက်ရိုက်ဖော်ပြထားသော လက်ရှိသဘောတူညီချက်ပုံစံသည် ပြင်ဆင်ချက်များနှင့် ထပ်ဆောင်းထည့်သွင်းရန် လိုအပ်လာသည့် ဥပဒေပြောင်းလဲမှုသို့မဟုတ် စည်းမျဉ်းပြောင်းလဲမှုများအပေါ်မူတည်သည်။
6.2. ပြင်ဆင်ရန် လုပ်ငန်းစဉ်
6.2.1 ပြင်ဆင်ချက်များသို့မဟုတ် ထပ်ဆောင်းထည့်သွင်းချက်များ ပြုလုပ်ခဲ့သော် ကုမ္ပဏီအနေဖြင့် သုံးစွဲသူများအား ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုဒ်ပေါ်တွင် သတင်းပေးခြင်း နှင့် စာပို့ခြင်းစနစ်ဖြင့် အသိပေးခြင်းတို့ဖြင့် အဆိုပါအချက်အလက်များကို အကြောင်းကြားပေးပါမည်။
6.2.2 ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်ပေါ်တွင် သက်ဆိုင်ရာအသိပေးခြင်းကို တင်ပြခြင်းနှင့် စာပို့စနစ်ဖြင့် စာများပေးပို့ခြင်းတို့သည် သုံးစွဲသူအနေဖြင့် ဖတ်ရှုသည်ဖြစ်စေ၊ မဖတ်ရှုသည်ဖြစ်စေ ၎င်းတို့အား ပြင်ဆင်ခြင်းနှင့် ထပ်ဆောင်းတိုးမြှင့်ခြင်းတို့အတွက် သုံးစွဲသူအသိပေးခြင်းအဖြစ် သတ်မှတ်သည်။
6.2.3 ပြင်ဆင်ထားသော စာရွက်စာတမ်းသည် ၅ရက်(၁၂၀နာရီ)နောက်ပိုင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင် ပြဌာန်း အတည်ပြုပြီးနောက် တရားဝင်ဖြစ်ပြီး ၎င်းအချိန်မတိုင်ခင်တွင် သတင်းပေးသည့်သဘောဖြင့် အသိပေးခြင်းများ ပြုလုပ်ခြင်းဖြစ်သည်။
6.2.4 ပြင်ဆင်ထားသော စာရွက်စာတမ်းသည် ၎င်းအားထုတ်ပြန်ပြီးနောက်ပိုင်းတွင် စာရင်းသွင်းသည့် အကောင်းများအားလုံးအပေါ် သက်ရောက်မှုရှိသည်။ (အစောပိုင်းက စာရင်းသွင်းထားသည့် အကောင့်များတွင် ပိုင်ရှင်ရှိပြီးဖြစ်ရာ အကျုံးမဝင်ပါ)။ ပြင်ဆင်သည့် စာရွက်စာတမ်းများသည် သက်ရောက်မှုရှိသည့် နေ့စွဲမတိုင်ခင်က ကုန်သွယ်မှုအကောင့်များအပေါ် သက်ရောက်မှုရှိပါသည်။
6.2.5 လက်ရှိသဘောတူညီချက်အပေါ်တွင် ပြင်ဆင်ချက်များပါဝင်သည့် စည်းမျဉ်းစည်းကမ်းသို့မဟုတ် ဥပဒေတစ်ရပ်ကို စတင်မိတ်ဆက်ခဲ့သော် အဆိုပါ စည်းမျဉ်းစည်းကမ်းသို့မဟုတ် ဥပဒေသည် အက်ဥပဒေပြဌာန်းသည့်အချိန်မှစတင်ပြီး သက်ရောက်မှုရှိပါသည်။ အသစ်ထပ်မံထွက်ပေါ်လာသည့် စည်းမျဉ်းသို့မဟုတ် ဥပဒေကြောင့် လက်ရှိသဘောတူညီချက်၏ စည်းမျဉ်းစည်းကမ်းများသည် ပြင်ဆင်ချက်များပြုလုပ်ပြီးခဲ့သော်အဆိုပါ စာရွက်စာတမ်းသည် သက်ရောက်မှုရှိပါသည်။
7. နောက်ဆုံးပြဋ္ဌာန်းချက်များ
7.1. ကုမ္ပဏီအနေဖြင့် အချိန်နှင့်တပြေးညီပြီး ဆက်တိုက်ဖြစ်သော မှန်ကန်သည့် သတင်းအချက်အလက်များ ပံ့ပိုးမှုကို သုံးစွဲသူများ၏ ဂုဏ်ကိုလေးစားသောအားဖြင့် အဆိုပါသတင်းအချက်အလက်များကို ဝင်ရောက်ခွင့်ပေးသည်။ သို့သော် ကုမ္ပဏီ၏ထိန်းချုပ်မှုအောက်တွင်မပါဝင်သည့် အခြေအနေများအရ အထက်ဖော်ပြပါ အချက်များသည် ပြဿနာဖြစ်နိုင်ခြေသို့မဟုတ် မဖြစ်နိုင်ခြေများ ရှိပါသည်။
7.2. ကုမ္ပဏီ၏ အများပြည်သူထံထုတ်ပြန်ထားသော စာရွက်စာတမ်းများနှင့် တည်ဆဲဥပဒေအရ အငြင်းပွားမှုများကို ဖြေရှင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ညှိနှိုင်းဆွေးနွေးမှုများ သို့မဟုတ် ရယူခြင်းတို့ဖြင့် ဖြေရှင်းသွားပါမည်။
8. သုံးစွဲသူမှ လက်ခံခြင်း
8.1. ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် ကုမ္ပဏီ၏ အများပြည်သူထံထုတ်ပြန်ထားသော စာရွက်စာတမ်းများအားလုံးကို သဘောတူညီပါသည်။ သဘောမတူညီခဲ့သော် ကုမ္ပဏီ၏ ဝန်ဆောင်မှုများအား အသုံးပြုခြင်းမှ ရပ်ဆိုင်းသွားပါမည်။