ကုမ္ပဏီ၏ တရားဝင် ဘာသာစကားမှာ အင်္ဂလိပ်စာဖြစ်သည်။ ကုမ္ပဏီ၏ လှုပ်ရှားမှုအပေါ် အသေးစိတ်သိရှိရန် ဝက်ဘ်ဆိုဒ်၏ အင်္ဂလိပ်စာ ဗားရှင်းကို ကြည့်ရှုပါ။ အင်္ဂလိပ်စာမဟုတ်သော ဘာသာစကားများသို့ ဘာသာပြန်ဆိုထားသည့် သတင်းအချက်အလက်များသည် သတင်းအချက်အလက် ပေးရန်သာဖြစ်ပြီ မည်သည့် ဥပဒေသက်ရောက်မှုမှ မရှိပါ။ ကုမ္ပဏီသည် အခြား ဘာသာစကားများသို့ ဘာသာပြန်ဆိုထားသည့် သတင်းအချက်အလက်များ၏ တိကျမှုအပေါ်တွင် တာဝန်ခံခြင်းမရှိပါ။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ၏ လုံခြုံရေးကို LiteFinance Global LLC ရင်းနှီးမြှုပ်နှံမှုလီမိတက်က လေးစားပါသည်။ ကျွန်ုပ်တို့သည် သင်နှင့်ဆက်ဆံရေးကို အလေးထားပြီး သစ္စာတရားကို ဂုဏ်ယူကာ သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လုံခြုံရေး ဖြင့် ကာကွယ်ပေးထားပါသည်။ ယခုအသိပေးချက်ကို ယခင်သုံးစွဲသူများနှင့် ယခုသုံးစွဲသူများအတွက် အကျုံးဝင်ပါသည်။ သင့်အနေဖြင့်အောက်ပါ အချက်အလက်များကို ဖတ်ရှုစေလိုပါသည်။
1. အထွေထွေ ပြဋ္ဌာန်းချက်များ
1.1 ယခုပြဌာန်းထားသော ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒသည် ကုမ္ပဏီ၏ လူသိရှင်ကြား ထုတ်ပြန်ထားသည့် စာရွက်စာတမ်းများ စုစည်းမှု၏ အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ LiteFinance Global LLC (ယခုမှနောက်တွင် Company ဟု ရည်ညွှန်းသွားမည်)သည် ၎င်း၏ Clients များအား တရားဝင်ဝန်ဆောင်မှုများ ပေးအပ်ရာတွင် အဆိုပါစာရွက်စာတမ်းများတွင် ပါရှိသော ပြဌာန်းချက်များနှင့်အညီ လိုက်နာကျင့်သုံးပါသည်။
1.2. ကုမ္ပဏီ၏ဝန်ဆောင်မှုများကို အသုံးပြုရန် ရွေးချယ်ခြင်းအားဖြင့် အများသိရှိရန်ထုတ်ပြန်ထားသော စာရွက်စာတမ်းများမှ စည်းမျဉ်းစည်းကမ်းများကို သုံးစွဲသူအနေဖြင့် အပြည့်အ၀ သဘောတူညီထားပါသည်။ သုံးစွဲသူနှင့် ကုမ္ပဏီ အပြန်အလှန်ဆက်ဆံနေစဉ်အချိန်အတွင်းဖြစ်သည့် ကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်နေစဉ်အချိန်များ- အမျိုးမျိုးသော သတင်းအချက်အလက်ပေး ကိရိယာများကို အသုံးပြုခြင်း၊ ငွေပေးချေမှု၊ ငွေလွှဲပြောင်းမှုတို့ကို စီစဉ်ခြင်း အစရှိသည်တို့တွင်လည်း တူညီသော သက်ရောက်မှုရှိပါသည်။ သုံးစွဲသူအနေဖြင့် ကုမ္ပဏီ၏ အများပြည်သူသိရှိရန် ထုတ်ပြန်ထားသော စာရွက်စာတမ်းများကို သဘောတူညီခြင်းမရှိခဲ့သော ကုမ္ပဏီနှင့် အပြန်အလှန်ဆက်သွယ်ခြင်းအား ရပ်တန့်သင့်ပါသည်။ မည်သည့်အကြောင်းပြချက်ကြောင့်မဆို သုံးစွဲသူအနေဖြင့် လက်ရှိပေါ်လစီ၏ အခြေအနေများကို လက်ခံနိုင်ခြင်းမရှိခဲ့သော ၎င်းအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များအပါအဝင် ကုမ္ပဏီနှင့် အပြန်အလှန်ဆက်သွယ်ခြင်းအား ရပ်ဆိုင်သင့်ပါသည်။
1.3. လက်ရှိပုဂ္ဂိုလ်ရေး အချက်အလက် ပေါ်လစီသည် ကုမ္ပဏီအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကို ဝန်ဆောင်မှုပေးအပ်နေစဉ်တွင် ကုမ္ပဏီလိုက်နာသည့် အရေးအကြီးဆုံး အခြေခံမူများဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ၎င်း၏သုံးစွဲသူဖြစ်စေ၊ သုံးစွဲသူမဟုတ်သည်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ပုဂ္ဂိုလ်ရေးအရ လုံခြုံမှုများကို အလေးထားတန်ဖိုးထားပါသည်။ လက်ရှိ ပုဂ္ဂိုလ်ရေး လုံခြုံမှု ပေါ်လစီသည် ယခင်၊ ယခုနှင့် အနာဂတ်မှကုမ္ပဏီ၏ သုံးစွဲသူများအပေါ် တူညီစွာ သက်ရောက်မှုရှိပါသည်။ အရေးအကြီးဆုံး ဦးစားပေးအချက်မှာ ကုမ္ပဏီနှင့် ၎င်း၏ သုံးစွဲသူများ၏ ဆက်ဆံရေးဖြစ်ပါသည်။ ကုမ္ပဏီသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကို သစ္စာရှိပြီး လေးစားသမှုပြုကာ သုံးစွဲသူတိုင်းကို ပြီးပြည့်စုံသည့် လုံခြုံရေးနှင့် လျှို့ဝှက်ခြင်းကို ပေးစွမ်းထားပါသည်။
1.4. လက်ရှိ ပုဂ္ဂိုလ်ရေးလုံခြုံမှုပေါ်လစီအရ အောက်ပါ အချက်များနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အသုံးပြုသွားပါမည်-
1.4.1 ပုဂ္ဂိုလ်ရေးလုံခြုံမှု(လျှို့ဝှက်သတင်းအချက်အလက်များ)ဆိုသည်မှာ စီးပွားဖြစ်အသုံးပြုနိုင်သည့် သတင်းအချက်အလက်များ သို့မဟုတ် ပုဂ္ဂိုလ်ရေး အချက်အလက်များ(ဒေတာ)အပေါ် ထုတ်ဖော်ခြင်းမပြုရန် ဥပဒေအရ ရှိသည့် အခွင့်အရေးဖြစ်သည်။ ကုမ္ပဏီနှင့် သုံးစွဲသူအကြားတွင်ရှိသည့် ဆက်ဆံရေးအရ ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုသည်မှာ သုံးစွဲသူထံ ဝန်ဆောင်မှုပေးနေစဉ်အချိန်အတွင်း ကုမ္ပဏီမှ လက်ခံရရှိသည့် သုံးစွဲသူ၏ သတင်းအချက်အလက်များကို ထုတ်ဖော်ခြင်းမပြုရန် ကတိကို ဆိုလိုခြင်းဖြစ်သည်။
1.4.2 သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေး သတင်းအချက်လက်များ - သုံးစွဲသူ၏ ပုံစံ၊ မှတ်ပုံတင်၊ အတည်ပြုချက် သို့မဟုတ် ၎င်း၏ အပြုအမူ၊ ဘဏ္ဍာရေး အခြေအနေများနှင့် နှစ်သက်သည့်အရာများကို ဖော်ပြသည့် သတင်းအချက်အလက်များဖြစ်သည်။ လက်ရှိ ပုဂ္ဂိုလ်ရေးရာပေါ်လစီတွင် ပိုမိုတိကျသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိသည်။ ပုဂ္ဂိုလ်ရေးရာပေါ်လစီဆိုသည်မှာ သုံးစွဲသူနှင့် စပ်လျဉ်းသည့် ပြည့်၀သော၊ တိကျသော၊ အမှန်ဖြစ်သော သတင်းအချက်အလက်များအားစုဆောင်း၊ ထိန်းသိမ်း၊ လုံခြုံစေရန် လုပ်ဆောင်ရသည့် လှုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များပါဝင်သည်။ ထို့အပြင် အစိုးရ(ဥပဒေ) တာဝန်ရှိသူများထံ တည်ဆဲဥပဒေအရ နှင့် လက်ရှိပုဂ္ဂိုလ်ရေးပေါ်စလီ၏ အခြေအနေများအရ ယင်းအချက်အလက်များအား ပေးအပ်ခြင်းလည်း ပါဝင်သည်။
1.4.3 ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒတွင် Client ၏ သုံးစွဲသူဆိုင်ရာ သတင်းအချက်အလက်များ၏ ပြည့်စုံမှု၊ တိကျမှုနှင့် စစ်မှန်မှုတို့ကို သေချာစေရန် ဆောင်ရွက်ရသည့် ရှုပ်ထွေးသော အတိုင်းအတာများ၊ လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များ ပါဝင်ပြီး၊ အဆိုပါသတင်းအချက်အလက်များကို ကာကွယ်ထိန်းသိမ်းခြင်းလည်း ပါဝင်ပါသည်။ ထို့အပြင် ယင်းသတင်းအချက်အလက်များအား လက်ရှိပြဌာန်းထားသောဥပဒေ သို့မဟုတ် လက်ရှိ ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒ၏ သတ်မှတ်ချက်များနှင့်အညီ အစိုးရ(စည်းကမ်းထိန်းသိမ်းရေး)အဖွဲ့အစည်းများနှင့် မျှဝေဖလှယ်ရခြင်းများ ပါဝင်ပါသည်။
2. ပုဂ္ဂိုလ်ရေးအချက်အလက်များ
2.1. လိုက်ဖ် သို့မဟုတ် ဒီမို အကောင့်တစ်ခုဖန်တီးရန်အတွက် သုံးစွဲသူတစ်ဦးက လျှောက်ထားလာခဲ့သော် သုံးစွဲသူ၏ ဘဏ္ဍာရေးလိုအပ်ချက်များကို စိစစ်ခြင်း၊ သုံးစွဲသူ၏ တောင်းဆိုချက်များနှင့် စာချုပ်များကို လုပ်ဆောင်ခြင်း၊ သုံးစွဲသူအား ၎င်းစိတ်ဝင်စားမည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်း အသိပေးခြင်း၊ သုံးစွဲသူအား ထိရောက်မှုရှိပြီး အရည်အသွေးပြည့်၀သည့် ဝန်ဆောင်မှုကိုပေးစွမ်းခြင်း အစရှိသည့် စီးပွားဖြစ်ရည်ရွယ်ချက်အဖြစ် ကုမ္ပဏီသည် သုံးစွဲသူထံမှ အချက်အလက်များကို ရယူပါသည်။ ၎င်းအချက်အလက်များမှာ အောက်ပါအမျိုးအစားများတွင် ပါဝင်နိုင်ပါသည်။
2.1.1. မှတ်ပုံတင်စာရင်းပေးသွင်းခြင်း သတင်းအချက်အလက်များ - Client မှ အကောင့်ဖွင့်ရန်လျှောက်လွှာနှင့် (အီလက်ထရွန်းနစ်စာရွက်စာတမ်းများအပါအဝင်) အခြားစာရွက်စာတမ်းများပေါ်တွင် ဖြည့်စွက်ခဲ့သော သတင်းအချက်အလက်များ။ ၎င်းတို့တွင် - ပထမအမည်စာလုံး၊ နောက်ဆုံးအမည်စာလုံး၊ မျိုးရိုးအမည် သို့မဟုတ် အလယ်မှအမည်စာလုံး (အကယ်၍ ရှိပါက) ဆက်သွယ်ရန်အချက်အလက် (စာပို့ရန်လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ စသဖြင့်)၊ မွေးနေ့၊ အလုပ်အကိုင်၊ ပိုင်ဆိုင်မှုများနှင့် ဝင်ငွေများ ပါဝင်ပါသည်။
2.1.2. အရောင်းအဝယ်သတင်းအချက်အလက်များ – Client မှ ဆောင်ရွက်ခဲ့သော အရောင်းအဝယ်လုပ်ငန်းစဉ်များအပါအဝင် Client နှင့် Company ကြား သို့မဟုတ် Client နှင့် Company ၏ ပတ်သက်ဆက်နွယ်သည့် မိတ်ဖက်အဖွဲ့အစည်းများ (Interrelated Parties) များကြား (တဖက်သတ်ဖြစ်စေ၊ အပြန်အလှန်စေ) ဆက်သွယ်မှုများကို ဆိုလိုပါသည်။ ဥပမာများတွင် သုံးစွဲသူအကောင့်လက်ကျန်ငွေ၊ ကုန်သွယ်မှု(ရင်းနှီးမြှုပ်နှံမှု)ဆိုင်ရာ လုပ်ဆောင်ချက်များ၊ အီးမေးလ်စာသားများ သို့မဟုတ် စာပို့စနစ်တွင်အသုံးပြုသော မှတ်တမ်းဖိုင်များ အပါအဝင် Client မှ စတင်ပေးပို့သော တောင်းဆိုမှုများ၊ စုံစမ်းမေးမြန်းမှုများ၊ အော်ဒါများ၊ လိုလားချက်များနှင့် ၎င်းတို့အပေါ် Company ၏တုံ့ပြန်မှုများ ပါဝင်ပါသည်။
လက်ရှိလုံခြုံရေးမူဝါဒတွင် "Interrelated Parties" ဟူသော အသုံးအနှုန်းသည် Company နှင့်/သို့ မိတ်ဖက်ပါတနာများအတွက် Company နှင့် ၎င်း၏ကြား ကြိုတင်ပြုလုပ်ထားသည့် သဘောတူညီချက်နှင့်အညီ Company ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အကူအညီများ ပံ့ပိုးပေးသော လူပုဂ္ဂိုလ်တဦးစီနှင့် တရားဝင်အဖွဲ့အစည်းများကို ရည်ညွှန်းပါသည်။
2.1.3. အတည်ပြုခြင်း အချက်အလက်များ - နိုင်ငံကူးလက်မှတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် (သုံးစွဲသူသည် တရားဝင်သူတစ်ဦးဖြစ်ကြောင်းဖော်ပြသည့် စာရွက်စာတမ်းများ) အပါအဝင် သုံးစွဲသူ၏ မှတ်ပုံတင်အား အတည်ပြုရန် လိုအပ်သည့် အချက်အလက်များ။ ဥပမာအားဖြင့် အကြွေးရုံးများ၊ အချက်အလက် အေဂျင်စီများနှင့် ကုမ္ပဏီနှင့် ဆက်နွယ်မှုမရှိသော လိပ်စာဘရူရိုများအစရှိသည့် ပြည်သူ့မှတ်တမ်းများမှ ရရှိသည့် အချက်အလက်များ။ ငွေကြေးခဝါချထာခြင်းပေါ်လစီသည် ဥပဒေနှင့်မညီညွတ်သော လုပ်ရပ်များမှ ရရှိသည့် ငွေကြေးများကို ခဝါချရန် သို့မဟုတ် အသွင်ကူးပြောင်းခြင်းမှ တားမြစ်ရန် ကုမ္ပဏီမှ လိုအပ်သည့် လှုပ်ရှားမှုများကို ပြုလုပ်ရန် လိုအပ်ပါသည်။ အချို့သော ကိစ္စရပ်များတွင် ကုမ္ပဏီအနေဖြင့် ငွေကြေးအရင်းအမြစ်များကို ဖော်ပြရန် စာရွက်စာတမ်းများကို တောင်းခံနိုင်ပါသည်။
2.1.4. စာရင်းသွင်းခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များ - အချက်ပြမှုများ၊ အသိပေးချက်များ၊ သတင်းကဏ္ဍများနှင့် စျေးနှုန်း စာရင်းပေးသွင်းမှုများ။
2.2. အထက်ဖော်ပြပါတို့သည် အလုံးစုံပါဝင်ခြင်းမဟုတ်ပါ။ တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအရ ကုမ္ပဏီအနေဖြင့် သုံးစွဲသူထံမှ အခြား အချက်အလက်များ တောင်းခံရန် လိုအပ်နိုင်ပါသည်။
3. "cookies"များအကြောင်း
3.1. Cookies များသည် သေးငယ်သောဖိုင်များ ဖြစ်ကြသည်။ ဝက်ဘ်ဆာဗာ (ဆိုက်) သည် ၎င်းတို့ကို အသုံးပြု၍ ၎င်းသို့ဝင်ရောက်ကြည့်ရှုသူများကို ခြေရာခံပါသည်။ Company သည် Client ၏ ကွန်ပျူတာတွင် cookies များကို သတ်မှတ်ဖန်တီးထားပြီး၊ ထို cookies များကို ဝင်ရောက်ဖတ်ရှုခြင်းအားဖြင့် Client အား Company ၏ ဝက်ဘ်ဆာဗာ(ဆိုက်) ပေါ်သို့ အများဆုံး ဆွဲဆောင်နိုင်သည့် ကြော်ငြာနှင့် အကြောင်းအရာအရင်းအမြစ်များအကြောင်း သတင်းအချက်အလက်များကို စုဆောင်းနိုင်ပါသည်။ Company (သို့မဟုတ် ၎င်း၏ လုပ်ငန်းခွဲများသည်) Company ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် Client ၏ စိတ်ဝင်စားမှုကို အကဲဖြတ်ရန်နှင့် ဝက်ဘ်ဆာဗာ (ဆိုက်) ပေါ်တွင် Client ၏ လှုပ်ရှားမှုများကို ခြေရာခံရန် cookies များကို အသုံးပြုနိုင်ပါသည်။ Company မှ စုဆောင်း၍ ၎င်း၏ မိတ်ဖိတ်အဖွဲ့များ(Interrelated Parties) ထံ ပံ့ပိုးပေးသော သတင်းအချက်အလက်များသည် အမည်မဖော်ထားသော အချက်အလက်သီးသန့်သာဖြစ်ပြီး၊ မည်သည့် Client တဦးတယောက်ဖြင့်မဆို သီးခြားပတ်သတ်ဆက်နွယ်ခြင်း မရှိပါ။
4. လုံခြုံရေး နည်းပညာများ
4.1. ကုမ္ပဏီသည် Secure Socket Layer (SSL) encryption နည်းပညာကိအသုံးပြုကာ သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်ထားပါသည်။ ယင်းနည်းပညာသည် သုံးစွဲသူ၏ အချက်အလက်များကို တင်သွင်းနေစဉ်အချိန်အတွင်း ကုမ္ပဏီမှတစ်ပါး အခြားသူများ ကြားဖြတ်ဝင်ရောက်ရယူနိုင်ခြင်းမှ ကာကွယ်ထားပါသည်။ ကုမ္ပဏီသည် ၎င်း၏ ဝက်ဘ်ဆာဗာများ(ဆိုဒ်များ)ကို လုပ်ငန်း၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ကြိုးစားလုပ်ကိုင်လျက်ရှိပါသည်။ ကုမ္ပဏီသည် အခြား safeguards များဖြစ်သည့် firewalls, authentication systems (ဥပမာ - စကားဝှက်များ၊ ပုဂ္ဂိုလ်ရေးမှတ်ပုံတင်နံပါတ်များ)နှင့် ဝင်ရောက်ထိန်းချုပ်မှု နည်းပညာတို့ကို အသုံးပြုကာ အတည်ပြုထားခြင်းမရှိဘဲ စနစ်နှင့် အချက်အလက်များကို ဝင်ရောက် ရယူခြင်းကို ထိန်းချုပ်ကာကွယ်ထားပါသည်။
4.2. ကုမ္ပဏီတွင် မိမိစိတ်ကြိုက် အချက်အလက်ကာကွယ်ရန်အတွက် နည်းပညာနှင့်နည်းလမ်းများကို လွတ်လပ်စွာရွေးချယ် အသုံးပြုပိုင်ခွင့်ရှိသည်။ ထို့အပြင် ကုမ္ပဏီအတွက် ယုံကြည်စိတ်ချရသည့် စာချုပ်ချုပ်ဆိုသူများနှင့် ပူးပေါင်းလုပ်ဆောင်ပိုင်ခွင့်ရှိသည်။
4.3. (ငွေပေးချေမှုကဒ်ဆိုင်ရာလုံခြုမှုရေးစံနှုန်းများကောင်စီ) ၏ သတ်မှတ်ချက်အရ၊ Client ၏ ငွေပေးချေမှုအချက်အလက်များကို Transport Layer ကုဒ်ဝှက်စနစ် - TLS 1.2 နှင့် TLS 1.3 ကို အသုံးပြု၍ အကာအကွယ်ပေးထားပြီး၊ အယ်လ်ဂရစ်သမ် AES နှင့် key length 256 bit ဖြင့် application layer ကို အကာအကွယ်ပေးထားပါသည်။
5. Company ၏ မိတ်ဖက်အဖွဲ့များ (interrelated parties) နှင့် သတင်းအချက်အလက်မျှဝေခြင်း
5.1. Company သည် Client ၏အကောင့်များအတွက် ဝန်ဆောင်မှုပေးခြင်းနှင့် ထုတ်ကုန်သစ်၊ ဝန်ဆောင်မှုအသစ်များအကြောင်း သတင်းပေးပို့ခြင်း အစရှိသော ဥပဒေအရခွင့်ပြုထားသည့် စီးပွားရေးရည်ရွယ်ချက်များအတွက် အထက်ဖော်ပြပါ သုံးစွဲသူ၏ကိုယ်ရေးသတင်းအချက်အလက်များကို ၎င်း၏ မိတ်ဖက်အဖွဲ့အစည်း (Interrelated Parties) များနှင့် မျှဝေနိုင်ပါသည်။
5.2. မိုဘိုင်းအက်ပ်အသုံးပြုသူများအတွက် လုံခြုံရေးမူဝါဒအား ဤစာမျက်နှာ တွင် ဖော်ပြထားပါသည်။ မိုဘိုင်းအက်ပလီကေးရှင်းများအတွက် လုံခြုံရေးမူဝါဒသည် LiteFinance လုံခြုံရေးမူဝါဒ၏ ဖြည့်စွက်ချက်တခုဖြစ်ပြီး၊ ၎င်း၏ အရေးကြီးသော အစိတ်အပိုင်းတခုလည်း ဖြစ်ပါသည်။
6. တတိယ ပါတီများနှင့် အချက်အလက်များကို မျှဝေခြင်း
6.1. သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို တတိယပါတီများထံသို့ ဖော်ပြခြင်းမှာ သုံးစွဲသူ၏ ညွှန်ကြားချက်များသို့မဟုတ် သုံးစွဲသူ၏ သိရှိမှုဖြင့်သာ ဖော်ပြသွားပါမည်။ ကုမ္ပဏီအနေဖြင့် ၎င်း၏ သုံးစွဲသူများ၏ အချက်အလက်များကို ရောင်းချခြင်း၊ စီးပွားဖြစ် မျှဝေခြင်း၊ ဖော်ထုတ်ဖြန့်ဝေခြင်းကို မည်သည့်အခြေအနေများတွင်မျှ ပြုလုပ်သွားမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
7. စည်းမျဉ်းစည်းကမ်းများ ကြေညာချက်
7.1. သတ်မှတ်ထားသည့် အခြေအနေများတွင် သက်ဆိုင်ရာဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တတိယပါတီများထံသို့ ကုမ္ပဏီအနေဖြင့် သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဖော်ထုတ်သွားပါမည်။ ကုမ္ပဏီအနေဖြင့် အစိုးရအာဏာပိုင်များ၊ ဥပဒေစိုးမိုးရေး ကိုယ်စားလှယ်များနှင့် အခြား တရားဝင် တောင်းခံလာမှုများနှင့် ကုမ္ပဏီ၏ အခွင့်အရေးနှင့် ပိုင်ဆိုင်မှုများအား ကာကွယ်ရန် ကိစ္စရပ်များ ရှိခဲ့သော် ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဖော်ထုတ်သွားပါမည်။
7.2. Company သည် Client ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်ရှိလုံခြုံရေးမူဝါဒတွင်ပြဌာန်းထားသော ရည်ရွယ်ချက်များမှအပ အခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုမည် မဟုတ်ပါ။ အကယ်၍ မဖြစ်မနေအသုံးပြုရမည့် အခြေအနေများတွင် Company သည် Client မှ အချက်အလက်ကိုပံ့ပိုးစဉ်တွင် အသုံးပြုမည့် အချက်အလက်ပမာဏကို တိကျစွာဖော်ပြရပါမည်။ သို့မဟုတ် Client ၏ ဖွင့်ဟသဘောတူညီချက်ကို ကြိုတင်ရယူပါမည်။
8. Opt out
8.1. ကုမ္ပဏီမှ တောင်းခံလာသည့် အချက်အလက်များအား ပေးအပ်ရန် သုံးစွဲသူအနေဖြင့် ငြင်းဆန်ပိုင်ခွင့်ရှိပါသည်။ သို့သော်လည်း ငြင်းဆန်ခြင်းကြောင့် ကုမ္ပဏီဘက်မှ အကောင့်ကို ဖွင့်ခြင်း သို့မဟုတ် ထိန်းသိမ်းထားခြင်း သို့မဟုတ် အခြား ဝန်ဆောင်မှုများအား သုံးစွဲသူထံသို့ ပေးအပ်ခြင်းမှ ရပ်ဆိုင်းနိုင်ပါသည်။
ကုမ္ပဏီအနေဖြင့် အဆိုပါဝန်ဆောင်မှုများကို သေချာစေသော်လည်း ၎င်း၏ သုံးစွဲသူများသည် တိကျသော၊ ပြည့်စုံသော၊ နောက်ဆုံးဖြစ်သော ၎င်းတို့၏အချက်အလက်များအပေါ် မူတည်ပေးအပ်ခြင်းဖြစ်ရာ သုံးစွဲသူအနေဖြင့် ၎င်း၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ ပြောင်းလဲမှုရှိသည်နှင့် တစ်ပြိုင်နက် အသိပေးခြင်းဖြင့် ကူညီရာရောက်ပါသည်။
8.2. အကယ်၍ Client သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား လုံခြုံရေးမူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များဖြင့် ပြင်ပအဖွဲ့အစည်းများထံ မျှဝေခြင်းအပေါ် သဘောတူညီမှုမရှိပါက၊ ၎င်းတို့အနေဖြင့် [email protected] သို့ အီးမေးလ်ပေးပို့၍ Company ထံဆက်သွယ်နိုင်ပါသည်။
9. ပြင်ဆင်ချက်များ
9.1. ကုမ္ပဏီအနေဖြင့် လက်ရှိ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုပေါ်လစီကို ပြင်ဆင်ပြောင်းလဲပိုင်ခွင့်ရှိပါသည်။ လက်ရှိ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုပေါ်လစီတွင် တိုက်ရိုက် မဖော်ပြထားသော သို့မဟုတ် တိုက်ရိုက် ဖော်ပြထားခြင်းမရှိသောကိစ္စရပ်များ သို့မဟုတတ် စည်းမျဉ်းဥပဒေအရ အဆိုပါ ပြင်ဆင်ချက် သို့မဟုတ် ထပ်ဆောင်း ထည့်သွင်းမှုကို လိုအပ်သည့်အချိန်တွင် ဖြစ်နိုင်ပါသည်။
9.2. ပြင်ဆင်ရန် လုပ်ငန်းစဉ်
9.2.1 ပြင်ဆင်မှုများ နှင့်/သို့ ဖြည့်စွက်မှုများကို ပြုလုပ်သောအခါတွင်၊ Company သည် Company ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သက်ဆိုင်ရာသတိပေးချက်ကို ထုတ်ပြန်ခြင်း သို့မဟုတ် အီးမေးလ်မှတဆင့် သက်ဆိုင်ရာအကြောင်းကြားစာကို ပေးပို့ခြင်းအားဖြင့် Clients များထံ အသိပေးအကြောင်းကြားမည်ဖြစ်ပါသည်။
9.2.2 Company ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သက်ဆိုင်ရာသတိပေးချက်ကို ထုတ်ပြန်ခြင်းနှင့် အဆိုပါ သတိပေးချက်ကို အီးမေးလ်မှတဆင့်ပေးပို့ခြင်းသည် Client မှ သက်ဆိုင်ရာသတိပေးချက်အပေါ် သတိပြုမိသည်ဖြစ်စေ၊ လျစ်လျူရှုသည်ဖြစ်စေ Client အား ပြင်ဆင်/ဖြည့်စွက်မှုများအကြောင်း အသိပေးပြီးဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။
9.2.3 ပြင်ဆင်ထားသော နှင့်/သို့ ဖြည့်စွက်ထားသော စာရွက်စာတမ်းသည် Company ဝက်ဘ်ဆိုက်ပေါ်တွင် သတိပေးချက်ထုတ်ပြန်ပြီး ပြက္ခဒိန်ရက် ၅ (ငါး) ရက် ကုန်ဆုံးပြီးချိန်တွင် စတင်၍အသက်ဝင်ပါမည်။ ဤအချိန်သို့မရောက်ရှိမီတွင် သတိပေးချက်သည် သတင်းပေးပို့ချက်တခုအဖြစ်သာ တည်ရှိပါမည်။
9.2.4 လက်ရှိ ပုဂ္ဂိုလ်ရေးလုံခြုံမှုပေါ်လစီအား ပြင်ဆင်ရန် သို့မဟုတ် ထပ်မံဖြည့်သွင်းရန်လိုအပ်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းအသစ် ပေါ်ထွက်လာသည့်အခါ လိုအပ်သည့် ပြင်ဆင်ချက်များ ပြုလုပ်ထားသည်ဖြစ်စေ၊ မပြုလုပ်ထားသည်ဖြစ်စေ၊ အဆိုပါဥပဒေ စတင်သက်ရောက်မှုရှိသည့် အချိန်တွင် ချက်ခြင်း သက်ရောက်မှုရှိပါသည်။ လက်ရှိပုဂ္ဂိုလ်ရေး ပေါ်လစီ၏ စည်းမျဉ်းစည်းကမ်းများသည် အထက်ဖော်ပြပါ သက်ဆိုင်ရာ စာရွက်စာတမ်းများသက်ရောက်မှုမရှိခင်အချိန်မှာပင် အသစ်ထုတ်ပြန်ထားသည့် ဥပဒေသာလျင် အတည်ဖြစ်သည်။
10. သုံးစွဲသူမှ သတ်မှတ်ချက်များကို လက်ခံသဘောတူခြင်း
10.1. Company ၏ Client တဦးဖြစ်ခြင်းနှင့် (အကျိုးဆောင်နှင့် သတင်းအချက်အလက်ပံ့ပိုးရေး ဝန်ဆောင်မှုများအပါအဝင်) ၎င်း၏ဝန်ဆောင်မှုများကို ပုံမှန်အသုံးပြုခြင်း၊ ဘဏ္ဍာရေးဈေးကွက်များအတွင်း လုပ်ငန်းဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ရန်အတွက် ၎င်း၏ ဆော့ဖ်ဝဲလ် နှင့်/သို့ ဟာဒ်ဝဲလ်များကို အသုံးပြုခြင်းအားဖြင့် Client သည် လက်ရှိလုံခြုံရေးမူဝါဒကို လက်ခံပြီးဖြစ်သည်ဟု သတ်မှတ်ယူဆပါသည်။
10.2. Client အနေဖြင့် Company ဝန်ဆောင်မှုများကို အသုံးပြုနေသော ကာလတစ်ခုလုံးအတွက် Company ၏ တရားဝင်ထုတ်ပြန်ထားသော စာရွက်စာတမ်းများတွင် ဖော်ပြထားသည့် အခြေအနေများ (အပိုဒ်များ၊ အပိုဒ်ခွဲများ) အားလုံးကို လက်ခံသဘောတူပါသည်။ သဘောထားကွဲလွဲမှုများရှိပါက Client သည် ဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ရပ်စဲကြောင်း ကုမ္ပဏီထံ ချက်ချင်းအကြောင်းကြားရပါမည်။